လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Sunday, May 13, 2012

ရဲလေး နဲ့ မိုးဟေကို လုပ်ချလိုက်ပြန်ပြီ

Myanmar Hip Hop Singer Ye Lay and Model Moe Hay Ko's Couple Fashion

ပြည်ပရောက်မြန်မာများကို ဦးသိန်းစိန် ဖိတ်ခေါ်

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အမိနိုင်ငံ တိုးတက်ရေး အတွက် ပြည်ပရောက် တတ်သိ ပညာရှင်တွေ စီးပွားရေး လုပ်ငန်းရှင်တွေ ပြန်လာကြဖို့  သမ္မတ ဦးသိန်းစိန် က ဒီကနေ့  ဖိတ်ခေါ်လိုက်ပါတယ်။


AFP
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသော မဟာမဲခေါင်ညီလာခံကို တက်ရောက်နေသည့် သမ္မတ ဦးသိန်းစိန်ကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် တွေ့ရစဉ်။
အခုအခြေအနေမှာ ငွေကြေး အရင်းအနှီး အပြင် လူ့ စွမ်းအား အရင်းအမြစ် ဖွံ့ ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေ ရှိနေပြီဖြစ်လို့  နိုင်ငံခြားတိုင်းပြည် အသီးသီးမှာ အကြောင်း အမျိုးမျိုးကြောင့် ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လာရေးကို သူ ဖိတ်ခေါ်နေပါတယ် လို့  ဆိုပါတယ်။ တိုင်းပြည် ပြောင်းလဲ တိုးတက်ရေး အတွက် ပြည်ပရောက် မြန်မာပညာရှင်တွေ ဘာသာရပ် ကျွမ်းကျင်သူတွေ စီးပွားရေး လုပ်ငန်းရှင်တွေ သာမက အလုပ်မျိုးစုံနဲ့  သွားရောက် လုပ်ကိုင်နေကြသူတွေကို ပြန်လာကြဖို့  ထပ်မံ ဖိတ်ခေါ်ကြောင်း ၊ စီးပွားရေး အလုပ်အကိုင်တွေ အတွက် အခက်အခဲများ တင်ပြလာရင် နိုင်ငံတော်က စီစဉ် ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။ သမ္မတဦးသိန်းစိန် ရဲ့ ပြောကြားချက်အပေါ် ပြည်သူ့ ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ သတင်းစာဆရာ မောင်ဝံသက ကြိုဆိုလိုက်ပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အိမ်ပြန်ရေး အတားအဆီးတွေ ရှိနေဆဲ

ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံ တိုးတက်ရေး အတွက် ပြန်လာကြဖို့ သမ္မတဦးသိန်းစိန်က ထပ်ပြီး ဖိတ်ခေါ်လိုက်ပေမဲ့ ပြန်လာချင်သူတွေရော  ပြည်တွင်းကနေ နိုင်ငံရပ်ခြား အတွေ့အကြုံ ယူချင်သူတွေ အတွက်ပါ အခက်အခဲတွေ အမျိုးမျိုး ရှိနေတယ်လို့  တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ မေလ ၁၁ ရက်နေ့တုန်းက နေပြည်တော်မှာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေကို ပိုပြီး ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲ ကြိုးပမ်း ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးမှာ သမ္မတဦးသိန်းစိန်က ထပ်မံဖိတ်ခေါ်လိုက်တာပါ။ သမ္မတဦးသိန်းစိန်က ပြီးခဲ့တဲ့နှစ် ၂၀၁၁ ခုနှစ်ကလည်း ပထမအကြိမ် ဖိတ်ခေါ်ခဲ့သလို  အခု ဒုတိယအကြိမ် ဖိတ်ခေါ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အမြင်ကို ဦးရော်နီညိမ်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မန္တလေးတိုင်းအတွင်း အခမဲ့ဆေးခန်း NLD ဖွင့်မည်

(ဓာတ်ပုံ-RFA- ဧပြီလ ၁ ရက်နေ့က နေပြည်တော် လွှတ်တော်ခန်းမတွင်
NLD လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ်။)
မန္တလေးတိုင်း အတွင်းက ဆင်းရဲနွမ်းပါးတဲ့ ဒေသခံပြည်သူတွေ အတွက် NLD ပါတီက အခမဲ့ဆေးခန်းတွေ ဖွင့်လှစ်သွားဖို့ ရှိကြောင်း သိရပါတယ်။

လောလောဆယ် မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်က ရပ်ကွက် (၃) ခုအတွက် ဒီရက်ပိုင်းအတွင်း အခမဲ့ဆေးခန်း တစ်ခု စတင်ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ NLD ပါတီရဲ့ မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ်-ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။
"မဟာအောင်မြေ မဲဆန္ဒနယ်မှာ ရပ်ကွက်ကြီး ၁၈ ရပ်ကွက်လောက် ရှိပါတယ်။ အဲဒီမှာ ရပ်ကွက် ၃-၄ ရပ်ကွက်က ချို့ချို့ငဲ့ငဲ့ ရှိတဲ့သူတွေအတွက် ဒီကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းအတွက် အခမဲ့ ဆေးခန်းတစ်ခုဖွင့်ဖို့ သူတို့နဲ့ နက်ဖြန်ခါ ညှိမှာ ဖြစ်ပါတယ်။ နေရာလည်း ကြိုတင်ကြည့်ထားပြီးပါပြီ။"

မြန်မာဟိုတယ် ဝန်ထမ်း အမျိုးသမီးနှင့် ဂျပန် ပါးရိုက်တဲ့ အမှု တရားရုံး ပြောင်းစစ်

ရန်ကုန်၊ မေ ၁၂

ရန်ကုန်မြို့ Orchid Hotel တွင် ဂျပန် စီးပွားရေး လုပ်ငန်းရှင်က မြန်မာ ဟိုတယ်ဝန်ထမ်း အမျိုးသမီးကို ပါးရိုက်သည် ဆိုကာ အပြန်အလှန် အမှုဖွင့်၍ ပုဇွန်တောင် မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင် နေသည့် အမှုကို ခရိုင် တရားရုံး၏ ခွင့်ပြုချက်ဖြင့် မင်္ဂလာတောင်ညွန့် တရားရုံးတွင် ပထမဆုံး ရုံးပြောင်း စစ်ဆေးခဲ့ကြောင်း ယင်းအမှုနှင့် ပတ်သက်သူများ၏ အဆိုအရ သိရသည်။

"ဒီနေ့ အမှု ရင်ဆိုင်ဖို့ စခေါ်တယ်။ အာမခံလုပ်ဖို့နဲ့ သက်သေတင်ဖို့'' ဟု ဟိုတယ်ဝန်ထမ်း အမျိုးသမီး၏ ရှေ့နေ ဦးဝင်းနိုင်က ဆိုသည်။

ယင်းအမှုနှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့် တရားရုံး၌ ပြစ်မှုကြီး အမှတ် ၃၄၉ /၁၂၊ ပြစ်မှုပုဒ်မ ၃၅၄/၃၂၃ ဖြင့် မြန်မာ ဟိုတယ်ဝန်ထမ်း အမျိုးသမီး ဒေါ်အေးအေးကြည်က လည်းကောင်း၊ ပြစ်မှုကြီး အမှတ် ၃၅၀/၁၂ ပြစ်မှုပုဒ်မ ၃၄၁/၅၀၆ ဖြင့် ဂျပန် စီးပွားရေး လုပ်ငန်းရှင် မစ္စတာ အိုကာဟာ ရှိဒါကာရှိက လည်းကောင်း အပြန်အလှန် တရားရင်ဆိုင် ခဲ့ကြသည်။

ဒေါ်လာ တစ်ရာရှိလျှင် ကားဝယ်ရန် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင်

ရန်ကုန်၊ မေ ၁၂

နိုင်ငံခြားငွေစာရင်း ဖွင့်နိုင်သည့် ဘဏ်များတွင် မေလ ၁၄ ရက်နေ့မှ စတင်ကာ ဒေါ်လာတစ်ရာ ထည့်သွင်းပြီး ကားတင်သွင်းရန် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းဆုံးဖြတ်ချက်ကို မေလ ၁၁ ရက်နေ့ ညနေပိုင်းက ၎င်းတို့ဘဏ်သို့ အကြောင်းကြား ထားသဖြင့် လာမည့် မေလ ၁၄ ရက်နေ့ (တနင်္လာနေ့) တွင် စတင် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

HTML မိတ်ဆက် ၀ါသနာရှင်များအတွက် သိကောင်းစရာ..

ကိုးကားသမျှ ရိုးရိုးသားသား ပြန်လည် တင်ပြလိုက်ပါသည်...
လေးစားလျက် (လမင်း)
ဝက်စ် ပေ့ တစ်ခု ပြုလုပ်မယ်ဆို အခြေခံကျတဲ့.. HTML လင့်အကြောင်းလေးတွေကို
အခြေခံလောက် တည်ဆောက်နိုင်ရင် အကောင်းဆုံး ထင်ပါတယ်... မသိသော သူငယ်ချင်းများအတွက်. .
တင်ပြလိုက်ပါသည်..။
လေးစားစွာ ဒီနေရာမှာ သွားရောက်ဖတ်ရှု့ပါ.. .ဒီနေရာကို နှိပ်ပါ..
Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...