လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Monday, February 20, 2012

တိုင်ရီဖိနပ်စက်ရုံ လစာ၊ စည်းကမ်းချက် ပြင်ဆင်မှုများနှင့်ပတ်သက်၍ အလုပ်သမားများဘက်မှ ၀ါဏိဇ္ဇပဋိပက္ခကော်မတီခုံရုံးသို့ တင်ပြသွားမည်


လှိုင်သာယာမြို့နယ် စက်မှုဇုံ (၃)ရှိ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများဘက်မှ လစာတိုးမြှင့်တောင်းခံမှုနှင့် စည်းကမ်းချက် ပြင်ဆင်သတ်မှတ်ပေးပါရန်ကိစ္စများနှင့်ပတ်သက်၍ အလုပ်သမားများဘက်မှ အလုပ်သမားရေးရာ ဖြေရှင်းပေးသည့် ၀ါဏိဇ္ဇပဋိပက္ခ ကော်မတီခုံရုံးသို့ တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သရုပ်ဆောင်မင်းအုပ်စိုးအား မူးယစ်ရမ်းကားသောကြောင့် ဗဟန်းမြို့နယ်ရဲစခန်းမှ အမှုဖွင့်ထား


သရုပ်ဆောင်ဒါရိုက်တာတစ်ဦးဖြစ်သူ မင်းအုပ်စိုးမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဗဟန်းမြို့နယ် ဖိုးစိန်လမ်းပေါ်တွင် မူးယစ်ရမ်းကားသောကြောင့် ဗဟန်းရဲစခန်းမှ သက်ဆိုင် ရာပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ဗဟန်းမြို့နယ် ဗိုလ်ချို ၂ ရပ်ကွက် ဖိုးစိန်လမ်း ဟောလီးဒေးစားသောက်ဆိုင်ထောင့်၌ ပုံထားသော သစ်ကိုင်း ခြောက်များကို မီးရှို့သဖြင့် လာရောက် မီးငြှိမ်းသတ်သောမီးသတ်များကို အော်ဟစ်ဆဲဆိုခြင်း၊ တုတ်ဖြင့် ရမ်းခြင်းအပါအ၀င် လမ်းသွားလမ်းလာများကို လိုက်လံထိုးနှက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

လူ့ဘ၀ဆိုတာ

ပေဖူးလွှာမှ ကိုးကားထားခြင်းပါ .. လေးစားလျက် ..။ လမင်း

အဖြစ်လုပ်ခြင်း အလုပ်ဖြစ်ခြင်း

အဖြစ်လုပ်ခြင်း အလုပ်ဖြစ်ခြင်း



လောကတွင် အဖြစ်လုပ် ကြသူများနှင့် အလုပ်ဖြစ် ကြသူများကို
နေရာတိုင်းမှာ တွေ့နိုင်မည် ဖြစ်သည်...။ အလုပ်လုပ်ကြသည် ချင်းတူသော်လည်း
အနှစ်သာရအားဖြင့် ကွဲပြားခြားနားသည်..။ တစ်ချို့ မိမိ ကိုယ်ကို  အဖြစ်လုပ် သူလား
အလုပ်ဖြစ် ကြသူလားကိုပင် ကိုယ်တိုင်မသိရှိကြချေ..။ 

အမေဟာအမေပါ။

အမေဟာအမေပါ။
တုနှိုင်းမရတဲ့အမေလည်းဖြစ်ပါတယ်။
အမေ့ဆုံးမသံတွေက အလင်္ကာမမြောက်ပေမယ့် သဒ္ဒါပေါက်တယ်..။

မွေးကတည်းက (အူဝဲ) ဆိုတဲ့အသံနဲ့အတူ ခြေစုံကန်ပြီး
အတောင်စုံလို ကျောခိုင်းကြတဲ့အထိ ခွင့်လွှတ်ခြင်းပေါင်းများစွာနဲ့
အကြင်နာပေးနိုင်ကြသော အမေများရဲ့ မဟာကရုဏတွေပါ...။
Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...