လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Monday, February 20, 2012

တိုင်ရီဖိနပ်စက်ရုံ လစာ၊ စည်းကမ်းချက် ပြင်ဆင်မှုများနှင့်ပတ်သက်၍ အလုပ်သမားများဘက်မှ ၀ါဏိဇ္ဇပဋိပက္ခကော်မတီခုံရုံးသို့ တင်ပြသွားမည်


လှိုင်သာယာမြို့နယ် စက်မှုဇုံ (၃)ရှိ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများဘက်မှ လစာတိုးမြှင့်တောင်းခံမှုနှင့် စည်းကမ်းချက် ပြင်ဆင်သတ်မှတ်ပေးပါရန်ကိစ္စများနှင့်ပတ်သက်၍ အလုပ်သမားများဘက်မှ အလုပ်သမားရေးရာ ဖြေရှင်းပေးသည့် ၀ါဏိဇ္ဇပဋိပက္ခ ကော်မတီခုံရုံးသို့ တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


တရုတ်ထိုင်ဝမ် တိုင်ရီဖိနပ်စက်ရုံမှ လုပ်သား ၁၈၆၃ ဦးသည် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စက်ရုံမှပေးအပ်သည့် အခြေခံလစာ၊ အလုပ်သမားအခွင့်အရေးများနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြပြီးနောက် အခြားသော ဖိနပ်စက်ရုံအချို့သည်လည်း အလုပ်ရှင်နှင့် အလုပ်သမား ပဋိပက္ခ ဖြစ်ပေါ်လာကြောင်း လက်ရှိအချိန်တွင် ကျန်စက်ရုံများမှ ပြေလည်အောင် ညှိနှိုင်းပြီးဖြစ်သော်လည်း တိုင်ရီစက်ရုံအနေဖြင့်မူ အလုပ်ရှင်နှင့်အလုပ်သမား ညှိနှိုင်းမှုပြေလည်ခြင်းမရှိသေးကြောင်း သိရသည်။

''တချို့ဂျာနယ်တွေမှာတော့ ပြေလည်သွားပြီလို့ ဖော်ပြကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ အလုပ်သမားတွေဘက်က စက်ရုံကပေးတဲ့အချက်ကို သဘောတူပါတယ်လို့ လက်မှတ်မထိုးရသေးပါဘူး''ဟု စက်ရုံ အလုပ်သမား များ၏ကိုယ်စား လုပ်သက်ရှစ်နှစ်ရှိ မမိုးဝေက ပြောပြခဲ့သည်။  ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ အလုပ်သမားများ၊ အလုပ်ရှင်နှင့် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ပြီး လစာ တစ်နာရီ ၇၅ကျပ်မှ ၁၀၀ကျပ်သို့ လည်းကောင်း၊ အချိန်ပိုကြေး တစ်နာရီ ၁၀၄ ကျပ်မှ ၂၁၈ ကျပ်သို့ လည်းကောင်း တိုးမြှင့် ပေးခဲ့ကြောင်းနှင့် ယင်းနှုန်းထားအား သဘောတူညီသူများ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်နိုင်ကြောင်း၊ သဘောမတူသူများ အလုပ်ထွက်လိုက ထွက်နိုင်ကြောင်း တရုတ်ထိုင်ဝမ် တိုင်ရီစက်ရုံမှ တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။

'' ကျွန်မတို့ လိုချင်တာက အခြေခံလစာ တိုးမြှင့်ပေးဖို့ပါ။ အခုသူတို့ တိုးပေးတာက အခြားကြေးတွေမှာ ဖြစ်ပါတယ်။ အိုတီကြေးကလည်း အိုတီရှိမှ ရပါတယ်။ ကျန်တဲ့ တာဝန်ကျေကြေး၊ ရက်မှန်ကြေးနဲ့ ဆုကြေးတွေက ပုံမှန်တွက်ချက်ထားလို့ မရပါဘူး။ ဒီပုံမှန်တွက်လို့မရတဲ့ ကြေးတွေအားလုံးပေါင်းပြီးမှ လစာက တစ်သောင်းတိုးပေးတယ်လို့ ပြောနိုင်တာပါ။ ဒီကြေးတွေဆိုတာကလည်း သူဌေးနဲ့ မန်နေဂျာပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်မတို့ လိုချင်တာက အခြေခံလစာ တိုးမြှင့်ပေးဖို့ပါ''ဟု မမိုးဝေက ပြောကြားခဲ့သည်။ 

စက်ရုံအား ဆက်သွယ်မေးမြန်းခဲ့ရာ''ဒီဘက်က တိုးပေးနိုင်တာ အကုန်ပါပဲ။ သူဌေးက ဒီထက်ပိုပြီးမတိုးပေးနိုင်ဘူးလို့ ပြောပါ တယ်''ဟု စက်ရုံမန်နေဂျာဆိုသူက ဖြေကြားခဲ့ပါသည်။  တရုတ်ထိုင်ဝမ် တိုင်ရီဖိနပ်စက်ရုံသည် လုပ်သားအင်အား ၂၀၀၀ ၀န်းကျင်ဖြင့် ဆောင်ရွက်နေသည့် စက်ရုံဖြစ်ပြီး လုပ်ခလစာအဆင်မပြေမှုနှင့် အခြားသော ဖိအားများကြောင့် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ်၊ ၂၀၁၁ ခုနှစ် မတ်လတွင် တစ်ကြိမ် အလုပ်သမားများနှင့်  ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

တိုင်ရီစက်ရုံမှပေးအပ်သည့် အခြေခံလစာသည် အခြားသောစက်ရုံများမှ ပေးအပ်သည့် လစာများထက် နည်းပါးနေပြီး လုပ်သားတစ်ဦးချင်း၏ စွမ်းဆောင်ရည်ပိုင်းတွင်လည်း အလုပ်မြန်မြန်ပြီးစေရန်၊ အရေအတွက် ပိုမိုပြီးစေရန် ဖိအားပေးစေခိုင်းမှုများ အခြား စက်ရုံများနှင့် နှိုင်းယှဉ်ပါက များပြားနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် အလုပ်သမားအများစု လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခြင်းမရှိသေးဘဲ ၎င်းတို့ဘက်မှ တောင်းဆိုသည့်အချက်များ ညှိနှိုင်းမှုမရရှိပါက မြို့နယ်ဝါဏိဇ္ဇပဋိပက္ခ ကော်မတီခုံရုံးသို့ တင်ပြပြီး ရရှိလာသည့် ညွှန်ကြားချက်အရ ဗဟိုဝါဏိဇ္ဇပဋိပက္ခကော်မတီခုံရုံးသို့ တင်ပြမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားများဘက်မှ ဆောင်ရွက်ပေးမည့် ရှေ့နေကိုဖိုးဖြူ၏ ပြောကြားချက်အရ သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...