လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, October 9, 2014

သိစေဖို့ - ၁၀

 

ကိုးကားဖတ်ရှူသမျှ ပြန်လည်မျှဝေခြင်းသာ
 
လူတစ်ယောက်ဟာ ဗီဇကောင်းပြီး မကောင်းတဲ့ ပတ်ဝန်းကျင်မှာ ပျော်မွေ့  မိတဲ့အခါ ပျက်စီးသွားတတ်တယ်။ ဗီဇမကောင်းပေမယ့် ကောင်းတဲ့ ပတ်ဝန်းကျင်နဲ့ တွေ့ ထိလိုက်မိတဲ့ လူမျိုးကြတော့လည်း လောကမှာ သုံးစားလို့ ရသွားပြန်ရော။

ဒီဆိုလိုချက် နှစ်ခုမှာ ပူးပေါင်းဆောင်ရွက်ရတဲ့ အနှစ်သာရနှစ်မျိုးကို အားလုံးတွေ့ ရလိမ့်မယ်။ ပူးပေါင်းဆောင်ရွက်မှု မှန်ကန်ခြင်းနဲ့ မှားယွင်းခြင်းဆိုတာပါ။ မှားယွင်းတဲ့အပေါင်းသင်းမျိုးကို ရှောင်လိုက်ရင်ကို သူ့ အလိုလို ကောင်းတဲ့ အပေါင်းသင်း ရလာတာပါပဲ။
ဘယ်နေရာမှာပဲ နေနေ၊ ဘာလူမျိုးပဲ ဖြစ်ဖြစ် ကောင်းတဲ့ အလုပ်၊ ကောင်းတဲ့ အကျင့်ကို လုပ်ဆောင်နေရင် လူကောင်းပဲ။


မကောင်း တာတွေလုပ်၊ မကောင်းတဲ့ အကျင့်ကို ကျင့်ကြံနေရင် လူဆိုးပဲ။ လုပ်ရပ်နဲ့  ကောင်းတယ်၊ ဆိုးတယ် ခွဲခြားရပါတယ်။အဲ့ဒီတော့ ကောင်းတာကိုလုပ်နေတဲ့ သူတွေနဲ့  ကိုယ်ဟာ စုပေါင်းလုပ်ကိုင်တတ်ရမယ်။ ကောင်းတဲ့ လူတွေရဲ့ အကျင့်ကို လိုက်ပါ ကျင့် သုံးရမယ်။

ဒီလို စုပေါင်းမိရင် အားမာန်ပြည့်တဲ့ လူ့ အသိုင်းအ၀ိုင်း တစ်ခုကို ဖန်တီးလိုက်နိုင်ပါပြီ။ ပင်ကိုယ်ဗီဇကောင်းဖို့ မကောင်းဖို့ ထက် ကိုယ်ကျင်လည်နေတဲ့ပတ်ဝန်းကျင်လေးဟာကောင်းနေဖို့ လိုပါတယ်။

1 comment:

  1. Harrah's New Orleans Hotel & Casino - MapyRO
    › harrahs-neworleans-casino › harrahs-neworleans-casino This casino hotel and hotel 화성 출장샵 is located in the heart of the New Orleans metro area. 인천광역 출장마사지 It features 4 restaurants, a full-service spa, and an 동두천 출장안마 outdoor pool. There are 11  What is there to do at Harrah's New Orleans Hotel & Casino? What are the check-in and 광명 출장샵 check-out times at Harrah's New Orleans Hotel & Casino? 충주 출장마사지

    ReplyDelete

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...