လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Wednesday, October 15, 2014

အနာဂတ်ရဲ့ အသီးပုတ်လေးတွေ

။ အနာဂတ်ရဲ့ အသီးပုတ်လေးတွေ ။

ရည်မှန်းချက်က မရှိ
ဘာ ဝါသနာပါမှန်း မသိ
ဟိုစပ်စပ် ဒီစပ်စပ် အကုန်လုံးတတ်သည့်
ဟန် မာန်အပြည့်တွေနဲ့ 

ကိုယ်ပိုင် ဦးတည်ချက်
လမ်းကြောင်း အိမ်ရှေ့မှာလား
အိမ်နောက်မှာလား 


ရင်လေးတယ် သားတို့
ရင်လေးတယ် သမီးတို့

ငယ်ရွယ်ချိန် အား
ဇွဲ လုံ့လ ဝီရိယ ထားလို့ လမ်းကြောင်းတည်ပါစေ


14/10/14 (NTwe)

AVD Download Video Downloader v3.3.

AVD Download Video Downloader v3.3. လေးအသစ်ထပ်တက်လာလို့ အားလုံးအတွက် မျှလိုက်ပါတယ်။ ဒီကောင်လေးကတော့ နောက်ဆုံးထွက် အင်္ဂလိပ်ဇာတ်ကား သီချင်း နာမည်ကြီး အဆိုတော်တွေရဲ့ Videos ပေါင်းများစွာကို One click တစ်ချက်ကလေးနဲ့တင် ဒေါင်းလော့လုပ်နိုင်တဲ့ Downloader လေးပါ။ ဖိုင်းဆိုဒ်လေးကတော့ 5.1 MB ဖြစ်ပြီး။ ဖုန်းအားလုံးမှာ အသုံးပြုနိုင်ပါတယ်။

အောက်ခြေ

 အောက်ခြေ
 အောက်ခြေက ဆိုပြီး
လက်ညိုးတွေ ထိုး
အဆင့်တန်းတွေ ခွဲနေတာ 

ေ  ရေရှည် တည်မြဲဖို့ကျတော့
အောက်ခြေကောင်းတွေရှိမှာ ဖြစ်မှာကို
မေ့ထားချင်ကြတယ် 


ေ ကျော် ကွ တက်
တနပ်စားဥာဏ်လောက်က
ရေရှည်မပြောနဲ့ ရေတိုမှာတောင်
ဆေးပေးလဲ မပြောင်းတဲ့ ဘဝနဲ့


အချိန်ဆိုတဲ့ အနောက်မှာပဲ ကွယ်ပျောက်သွား
ရမယ် ..။

(တေဇဗလ)

သဘာဝကျပါ့မလား

သဘာဝကျပါ့မလား
-----------------
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့် ဟာ တနေ့ ကို တစ်နာရီ ဝိပဿနာ
တရားအားထုတ်တယ်

ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းဟာ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူပြီးတဲ့နောက်ကစပြီး
တစ်နေ့ ကိုတစ်နာရီ ဝိပဿနာ တရားအားထုတ်တယ်

နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုတို့  ငွေစာရင်းမင်းကြီး ဦးဘခင်တို့ တရားရေးဝန်ကြီး ဦးသိမ်းမောင်တို့ ဟာ
တစ်နေ့ ကို အနည်းဆုံး တစ်နာရီ ဝိပဿနာတရား အားထုတ်နိုင်ကြတယ်

 ဒါဆိုရင်ကမ္ဘာပေါ်မှာအလုပ်အရှုပ်ဆုံးလူးသားတွေတောင်
တစ်နေ့ ကို တစ်နာရီ တရားထိုင်ဖြစ်တယ်ဆိုရင်

ကျွန်တော်တို့ တစ်တွေဟာ အလုပ်ရှုပ်လို့ 
တရားမထိုင်ဖြစ်သေးဘူး ဆိုတာ

share ကြစေလို
သဘာဝကျပါ့မလား

သိစေဖို့

အမြန်ရောက်ဖို့ မလိုပါဘူး၊ အမှန်ရောက်ဖို့ သာလိုပါတယ်။ လူ့ သဘာဝဟာ အမြန်လိုချင်ရင် မမှန်တဲ့နည်းလမ်းတွေ တွေးလာတတ်ပါတယ်။ ကိုယ့်ရဲ့စွမ်းအားကို တဖြည်းဖြည်းနဲ့ မြှင့်တင်ပြီး ယူသွားပါ။ 

ကလေးဘ၀ လမ်းလျှောက်နိုင်ဖို့ အတွက် အရင်ဆုံးမတ်မတ်ရပ်နိုင်အောင်ကျင့်ယူ
ရပါတယ်။ ပြေးသွားနိုင်ဖို့ အတွက် ခြေတစ်လှမ်းကနေ အဆင့်ဆင့်မြှင့်တင်သွားရပါတယ်။

ဘ၀လေ့ကျင့်ရေးကွင်းထဲမှာ မိမိကိုယ်ကို ထိန်းနိုင်ဖို့ လိုတယ်။ ဘယ်တစ်ဦးတစ်ယောက်မှ လာထိန်းပေးမမှာ မဟုတ်ပါဘူး။

တွန်းထိုးလှဲသွား မယ့်သူတွေသာ တန်းစီနေတယ်ဆိုတာကို သိထားပါ။ ကိုယ့်ရဲ့နေ့ စဉ်ဖြတ်သန်းမှုတိုင်းကို သုံးသပ်မှု၊ ဝေဖန်မှု၊ ဆန်းစစ်မှုတွေနဲ့  တည်တည်ငြိမ် ငြိမ် ခရီးဆက်နေဖို့ လိုပါတယ်။ လိပ်တို့ မည်သည် ပန်းတိုင်သို့ တရွေ့ ရွေ့ နဲ့ ချီတက်အောင်ပွဲခံကြပါတယ်။

ပြင်လိုက်ပါ

မေတ္တာအရိပ်


**********
သစ်ပင်ပေါက်ကလေးတွေဟာ သစ်ပင်ကြီးတွေ အောက်ရောက်နေတဲ့အခါ အရိပ်မိပြီး ရှင်သန်ဖွံ့ ဖြိုးမှု အားနည်းသွားကြပါတယ်။ လောင်းရိပ်မိတဲ့ အရာ တော်တော်များများဟာ ရှင်သန်မှုထက် ကျရှုံးမှု များသွားတာ တွေ့ ရပါလိမ့်မယ်။ ဒီ့အတွက်လည်း လောင်းရိပ်လို့ 
ဆိုရင် လူတွေဟာ ကြောက်ရွံ့ တတ်ကြပါတယ်။


သို့ သော် မေတ္တာနဲ့ မိုးထားတဲ့ အရိပ်ကတော့ သိပ်ကို အေးမြပါတယ်။ ခွန်အားတွေလည်း မျှဝေပေးပါသေးတယ်။ မေတ္တာခြုံရင် လုံတယ်ဆိုသလိုပေါ့၊ မေတ္တာအရိပ်ဟာ အရာရာတိုင်းကိုလည်း လုံခြုံမှုပေးပါသေးတယ်။ စစ်မှန်တဲ့ချစ်ခြင်းတရားတွေရှိတဲ့နေရာတိုင်းမှာအရိပ်ဆိုတာ ဖြစ်ပေါ်တတ်ပါတယ်။
မေတ္တာအရိပ်ကို မိဘတွေနဲ့ သားသမီးတွေကြားမှာ ဖြစ်ပေါ်ပါတယ်။

သံဝေဂ

သံဝေဂ
------
သူ့ ကိုလည်း ငါမပိုင်
ငါ့ကိုလည်း သူမပိုင်
ဘယ်သူ့ ကိုမှ ဘယ်သူမပိုင်
ငါ့ကိုယ်သော်မှ ငါမပိုင်
အချိန်တိုင်က
သူဖြစ်ချင်သလို ဖြစ်
ငါဖြစ်ချင်သလို မဖြစ်
လူကသော်လည်း ဥစ္စာကိုပစ်
ဥစ္စာကသော်လည်း လူကိုပစ်

စင်စစ်မုချ
အမြဲအရှိ အနိစ္စ
ကြောက်စရာ ဒုက္ခ
အစိုးမရ အနတ္တ ပါတကား
ဒီပဲယင်း ဆရာတော်

အစစ်ဟာ အစစ်ပါပဲ

အတုတွေက
အစစ်တွေထက်
ပိုပြီး ပြောင်မြောက်နေပါကိုး

ဒါပေမဲ့ အစစ်ကတော့
အစစ်တွေပါပဲ
အတု ဘယ်လိုမှ မဖြစ်နိုင်ပါဘူး


လူ့ သီလ


ေ လောကကြီးထဲမှာ ဘယ်သူမဆို
ချမ်းသာချင် ကြတာဘဲ
သူများဆင်းရဲဒုက္ခ ရောက်မှ
ကိုယ်ချမ်းသာရတာမျိုးတော့မဖြစ်စေနဲ့
မလို အပ်ဘူး
သူများဆင်းရဲ အောင် ကိုယ်ရော
စိတ် ရော မလုပ်ကြနဲ့
အနစ်နာခံစရာ ရှိရင် ကိုယ်သာခံ
ဒါလူ့သီလဘဲ #


Credit-အရှင် ဇာနကာဘိဝံသ

ဆင်းရဲမှာပေါ့ နားမှမထောင်တာ

ဆင်းရဲမှာပေါ့ နားမှမထောင်တာ
--------=-----------------------------------

ဗုဒ္ဓက ငါဆိုတာမရှိပါဘူးလို့ 
ဟောထားတာတောင်

ငါ့ဥစ္စာ  ငါ့သားသမီး ငါ့ရွှေ  ငါ့မြေ
ငါ့အိမ် ငါ့ကား  လုပ်နေကြတာ

ဘယ်လိုလုပ်ပြီး ချမ်းသာမှာလဲ

ဘုရားစကားကိုမှ မယုံကြည်ကြတာ
ဘုရားစကားကိုမှ နားမထောင်ကြတာ

မယုံကြည်သ၍
နားမထောင်သ၍ တော့
ဆင်းရဲနေကြဦးမှာပါ ပဲ
ပူလောင်နေကြဦးမှာ ပါပဲ
ဆင်းရဲမှာပေါ့ နားမှမထောင်တာ
--------=-----------------------------------
ဗုဒ္ဓက ငါဆိုတာမရှိပါဘူးလို့ 
ဟောထားတာတောင်
ငါ့ဥစ္စာ ငါ့သားသမီး ငါ့ရွှေ ငါ့မြေ
ငါ့အိမ် ငါ့ကား လုပ်နေကြတာ
ဘယ်လိုလုပ်ပြီး ချမ်းသာမှာလဲ
ဘုရားစကားကိုမှ မယုံကြည်ကြတာ
ဘုရားစကားကိုမှ နားမထောင်ကြတာ
မယုံကြည်သ၍
နားမထောင်သ၍ တော့
ဆင်းရဲနေကြဦးမှာပါ ပဲ
ပူလောင်နေကြဦးမှာ ပါပဲ

သင် ပျင်းတဲ့အခါ လုပ်စရာ (၁၀)ခု

သင် ပျင်းတဲ့အခါ လုပ်စရာ (၁၀)ခု
======================

သင်ပျင်းနေပါသလား။ အကယ်၍ သင် ပျင်းလည်းပျင်းနေတယ်၊ ဘာလုပ်ရ မယ်မှန်းလည်းမသိဘူးဆိုရင်တော့ ဒီ Top 10 List က သင့်အတွက်ပါပဲ။ ဟောဒီမှာ အချိန်တွေကို ကုန်လွန်သွားစေဖို့ အားလပ်ချိန်မှာ သင်လုပ်နိုင် တဲ့အရာတစ်ချို့။

၁။ အပြင်ထွက်ပါ- သင့်မှာ တခြားဘာမှလုပ်စရာမရှိဘူးဆိုရင်တော့ ပြင်ပ လုပ်စရာလေးတစ်ခုခု လုပ်တာလောက်ကောင်းတဲ့အရာ မရှိပါဘူး။ ဒါကြောင့် လမ်းလျှောက်ပါ။ ပြေးပါ။ သင် အနှစ်သက်ဆုံး ကော်ဖီဆိုင်ကို သွားးပါ။ မိတ်ဆွေတစ်ချို့နဲ့ တွေ့ဆုံပါ ၊ ဒါမှမဟုတ် သင့်စိတ်ထဲက အမှန်တကယ် ဆန္ဒရှိတဲ့ ဘယ်အရာကိုမဆို လုပ်ပါ။

၂။ ဂိမ်းကစားပါ။ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ chess ကစားတာပဲ ဖြစ်ဖြစ် အွန်လိုင်းဂိမ်းတစ်ခုခုကို ကစားတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်သင်ကြိုက် တဲ့ ဂိမ်းအခွေတစ်ခွေကို ကစားတာပဲဖြစ်ဖြစ်ပေါ့၊ ဂိမ်းကစားခြင်း ဟာ သင့် ကိုယ်သင် ခဏတာ ပျော်ရွှင်မှုရစေဖို့နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

ဟာသ

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...