လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Wednesday, October 15, 2014

သင် ပျင်းတဲ့အခါ လုပ်စရာ (၁၀)ခု

သင် ပျင်းတဲ့အခါ လုပ်စရာ (၁၀)ခု
======================

သင်ပျင်းနေပါသလား။ အကယ်၍ သင် ပျင်းလည်းပျင်းနေတယ်၊ ဘာလုပ်ရ မယ်မှန်းလည်းမသိဘူးဆိုရင်တော့ ဒီ Top 10 List က သင့်အတွက်ပါပဲ။ ဟောဒီမှာ အချိန်တွေကို ကုန်လွန်သွားစေဖို့ အားလပ်ချိန်မှာ သင်လုပ်နိုင် တဲ့အရာတစ်ချို့။

၁။ အပြင်ထွက်ပါ- သင့်မှာ တခြားဘာမှလုပ်စရာမရှိဘူးဆိုရင်တော့ ပြင်ပ လုပ်စရာလေးတစ်ခုခု လုပ်တာလောက်ကောင်းတဲ့အရာ မရှိပါဘူး။ ဒါကြောင့် လမ်းလျှောက်ပါ။ ပြေးပါ။ သင် အနှစ်သက်ဆုံး ကော်ဖီဆိုင်ကို သွားးပါ။ မိတ်ဆွေတစ်ချို့နဲ့ တွေ့ဆုံပါ ၊ ဒါမှမဟုတ် သင့်စိတ်ထဲက အမှန်တကယ် ဆန္ဒရှိတဲ့ ဘယ်အရာကိုမဆို လုပ်ပါ။

၂။ ဂိမ်းကစားပါ။ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ chess ကစားတာပဲ ဖြစ်ဖြစ် အွန်လိုင်းဂိမ်းတစ်ခုခုကို ကစားတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်သင်ကြိုက် တဲ့ ဂိမ်းအခွေတစ်ခွေကို ကစားတာပဲဖြစ်ဖြစ်ပေါ့၊ ဂိမ်းကစားခြင်း ဟာ သင့် ကိုယ်သင် ခဏတာ ပျော်ရွှင်မှုရစေဖို့နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။


၃။ အကြိုက်ဆုံး သီချင်းတွေကို ဖွင့်ပြီး လိုက်ဆိုပါ။ ကခုန်ပါ။ သီချင်းသံနဲ့ အတူစီးမျောရင်း သင့်ရဲ့အချိန်ကို ပျော်ရွှင်စွာခံစားပါ။

၎။ သူငယ်ချင်းတစ်ယောက်ယောက်ဆီကို ဖုန်းဆက်ပြီး သူတို့မှာ လုပ်စရာ ဘာအစီအစဉ်တွေရှိလဲလို့မေးကြည့်ပါ။

၅။ ရုပ်ရှင်တစ်ကားလောက် ကြည့်ပါ။ ဘယ်ဇာတ်လမ်းကို ကြည့်ရမယ်ဆို
တာ မသိဘူးဆိုရင်တော့ခွေငှားဆိုင်ကိုသွားပါ၊ ပြီးတော့ ဘာခွေတွေအသစ် ထွက်သလဲဆိုတာ မေးကြည့်ပါ။

၆။ တီထွင်ဖန်တီးမှု တစ်ခုခု လုပ်ပါ- ပုံဆွဲပါ။ ဆေးခြယ်ပါ။ လက်မှုပစ္စည်း တစ်ခုခု လုပ်ပါ။ ဒါမှမဟုတ် အဲဒီသုံးမျိုးစလုံးလုပ်ပါ။ သင့်ရဲ့တီထွင်ဖန်တီးနိုင် စွမ်းကို တံခါးဖွင့်ပေးလိုက်ပါ။

၇။ ကဗျာတစ်ပုဒ် ၊ သီချင်းတစ်ပုဒ် ၊ ဒါမှမဟုတ် ဇာတ်လမ်းတစ်ပုဒ် ရေးပါ။ အဲဒီ သင့်ရဲ့ အနုပညာတွေကို သိမ်းထားဖို့ နေရာမရှိဘူးဆိုရင်တော့ အခြား သူတွေနဲ့ မျှဝေပါ။ blog တစ်ခု ရေးပါ။ ဒါမှမဟုတ် Deviant Art စာမျက်နှာ တစ်ခု ပြုလုပ်ပါ။

၈။ စာအုပ်ဖတ်ပါ။ ဖတ်စရာ စာအုပ်တစ်အုပ်မရှိဘူးလား။ ဒါဆိုစာကြည့်တိုက် ကိုသွားပြီး စာအုပ်တစ်အုပ် ငှားပါ။ သင် ဘယ်လိုစာအုပ်မျိုးကို ကြိုက်တတ် တယ်ဆိုတာ မသေချာဘူးဆိုရင် စာကြည့်တိုက်မှူးကို ဘာစာအုပ်ဖတ်ရမလဲ ဆိုတာ လမ်းညွှန်ခိုင်းပါ။ စာကြည့်တိုက်မှူးက သင့်ကို လိုလိုလားလား ကူညီ မှာပါ။

၉။ လုပ်ချင်ရဲ့သားနဲ့ အချိန်မရလို့ မလုပ်ဖြစ်တဲ့အရာတစ်ခုခုကို လုပ်ပါ။ သင့်ရဲ့ အခန်းကို သန့်ရှင်းပါ။ စာအုပ်စင်ပေါ်က စာအုပ်တွေကို ပြန်စဉ်ပါ။ အ၀တ်လျှော်ပါ။ အမှိုက်တွေ ရှင်းချင်ရှင်းပါ။ ဒါမှမဟုတ် လုပ်စရာရှိတဲ့ အိမ်စာကို စောစောစီးစီးလုပ်ထားလိုက်ပါ။ ဒီလိုမှမဟုတ်ရင်တော့ သင့်ရဲ့
လုပ်စရာစာရင်းထဲက တခြားတစ်ခုခုကို လုပ်ပါ။

၁၀။ လုပ်အားပေးပါ။ သင့်မှာ အားလပ်ချိန်တွေလည်း တော်တော်များများ ရှိနေတယ် ပြီးတော့ ပျင်းလည်းပျင်းနေတယ်ဆိုရင် သင့်ပတ်ဝန်းကျင်မှာ သင်ပါဝင်လုပ်အားပေးနိုင်တဲ့ ကိစ္စတစ်ခုခု ရှိသလားဆိုတာကြည့်ပါ။ သူတစ် ပါးကို ကူညီဖို့အတွက်ဆိုရင် အချိန်တိုင်းဟာ အချိန်ကောင်းတွေပါပဲ။
ပျော်ရွှင်ဖွယ် နေ့တစ်နေ့ဖြစ်ပါစေ။ ပျော်စရာကောင်းတဲ့ လုပ်စရာတစ်ခုခု အမြဲတမ်း ရှိနေတယ်ဆိုတာ သတိရပါ။

KZ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...