လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, February 23, 2012

အဖေ့မိုးက ရေပါမိုး


အဖေ့မိုးက ရေပါမိုး


Print Friendly and PDF


မိုးဆိုရင် ရေပါမှ မိုးလို့ အဖေကပြောတယ်..။ ဖက်ဆွတ်မိုးလောက်ကို အဖေက
မိုးလို့ထင်တာမဟုတ်ဘူး...။ ကျွန်တော်ငယ်ငယ်က အဖေက ဆုံးမဖူးတယ်..။
ဘာလုပ်လုပ်သူများနောက်ကတော့မလိုက်နဲ့တဲ့..။ (ရေ) ပါရမယ်ဆိုပါတော့..။

အဖေ့ခံယူချက်က မရွာချင်မရွာနဲ့..၊ ခြိမ်းနေတာလောက်နဲ့ သဘောမကျဘူး..၊
ဖွဲဖွဲလောက်နဲ့လည်းမကျေနပ်ဘူး..၊ လျှံချင်လျှံပလေ့စေ၊ သဲသဲမဲမဲရွာမှ မိုးလို့ခံယူတာ..။
ထက်မြတ်သူတွေနဲ့.. စွမ်း  သူတွေရဲ့ ၀ိသေသကိုး..။

အဖေ့ဆုံးမစကားတွေက အဖေခိုင်းနှိုင်းခဲ့တဲ့ရေထဲ ပါသွားတယ်.
ကျွန်တော့်ဘ၀က ဘာမှဖြစ်မလာဘူး..၊ ဖက်ဆွတ်မိုးလို ဆွတ်ရုံမည်ကာ.
ကျွန်တော့်ဘ၀ အဖေ့အတွက် ဘာမှမပေးလိုက်ရသေးဘူး..။

အနာဂတ်ရှိတဲ့ ကျွန်တော်မဖြစ်လာသေးဘူး..၊ အဖေက ကျွန်တော်တို့
မောင်နှမတွေအပေါ် တာဝန်ကျေပါတယ်.. ကျွေးရုံ၊ ပညာသင်ပေးရုံ..မဟုတ်ဘူး..။
အတွေးအခေါ် အသိတွေကို တ၀ကြီးပေးခဲ့တာ..။
အဖေ့မိုးဟာ ရေသိပ်ပါတဲ့ မိုး..။

ကျွန်တော်အရွယ်မရောက်တရောက်မှာ လမ်းချော်ထွက်မှာစိုးလို့ အရိပ်တကြည့်ကြည့်နဲ့
ဆုံးမလိုက်တာများလေ..၊ ရေပါတဲ့ အဖေ့စေတနာတွေ ၊ ပြန်တွေးကြည့်ရင်
ကျွန်တော့် ရင်ထဲ ဆို့တက်လာတယ်.။ ကျွန်တော်ဟာ ယောက်ျားလေးထဲမှာ
သားအကြီးဆုံးဆိုတော့ သူမျှော်လင့်ထားသလို့ အဖေက သိပ်ဖြစ်စေချင်တာ..။
ဒါပင်မဲ့ အဖေ့ရေတွေကို ကျွန်တော် မြောင်းထဲ သွန်မိခဲ့တယ်..။

မတတ်တခေါက်နဲ့ ကိုယ်ထင်ရာကိုယ်လုပ်မိလိုက်တာ အခုတော့ အသိက
ရေမပါတော့ ကျွန်တော့် ဘ၀က စုတ်ချက်ကြမ်းခဲ့ရတယ်ပေါ့..။
တခါတခါ အဆင်မပြေဘူးချိန် အဖေ့အိမ်ရောက်တိုင်း အဖေကတော့ ပေးပါတယ်..။

အဖေ့အသက်က ထောက်လာပြီ ၊ မီုးနှောင်းတာတောင် အဖေ့မိုးကရေပါတုန်းပဲ..။
မရှက်သုံးပါးမှာ ( ကြိုက်မရှက်) လို့ ထင်ရာလုပ်ပြီးတိုင်း မဖြေရှင်းနိုင်သည့်အခါ
မကြာခဏ အဖေ့ဆီ ပြေးရဖူးတယ်..။
( ငတ်မရှက် ) တဲ့  ကျွန်တော်လေ ၊ ( ငိုက် ) တဲ့အခါ ရှက်တတ်အောင်တော့ ကျွန်တော်
ကြိုးစားကြည့်ချင်စမ်းတယ်..။

တစ်ပိုင်းတစ်စ ပညာက ဒီခေတ်ကြီးထဲမှာ ကျွန်တော့ကို လူစဉ်မိအောင်
မလုပ်နိုင်ခဲ့ဘူး..။ အဖေ့ဆီမှာနေတုန်းက ပေါ်ကြော့ အတွေးအခေါ်တွေ ၊
ကိုယ်ခြေ ကိုယ်ရပ်တော့ တန်းမ၀င်တော့ဘူး..။ သိသလိုတက်သလို
မတောက်တခေါက်က ကျွန်တော်ကို ဒီလက်လုပ်လက်စား ဘ၀က
ကျွတ်အောင် မချွတ်နိုင်ဘူး..၊
ဟိုဟောင်ဟောင် ဒီဟောင်ဟောင်နဲ့ ဒီဘ၀မှာပဲ တ၀ဲလည်လည်နေတယ်..။

ကျွန်တော်နှင့် ငယ်ပေါင်းကြီးဖော်တွေ ကျွန်တော့ထက်ပိုပီး အဆမတန် သားနားနေတာကို
တွေ့လိုက်ရတော့ .. ကာလတစ်ခုကို ဖြတ်သန်းပီးတဲ့အခါမှာ ရေပါမိုးကို ခံတတ်တဲ့သူနဲ့
မခံတတ်တဲ့သူ ကွာခြားချက်ကို တန်ဖိုးရှိရှိ သိလိုက်ရတယ်..။

ဘ၀ဆိုတဲ့ ကြိုးဝိုင်းအပေါ် ကျွန်တော် ပြန်တက်ရပါတော့မယ်..၊ လူသစ် စိတ်သစ်နဲ့ပေါ့
အဖေ့စကား ပြန်ကြားယောင်ပါတယ် ..၊ မိုးဆိုတာ ရေပါမှ မိုး တဲ့..။

လူ့လောကထဲ အပြစ်မဲ့စွာ ရောက်လာတဲ့ ကလေးတွေ ၊ အတောင်မစုံသေးတဲ့ ကလေးတွေ၊
အသိမကြွယ်သေးတဲ့ကလေးတွေ ကျွန်တော် ဘ၀နဲ့ ပေးဆပ်ခဲ့ရတဲ့ သင်ခန်းစာမျိုး
သည်ကလေးတွေ ဘယ်တော့မှ မရစေရဘူး..။

ကျွန်တော်ရဲ့ ဒီတစ်ခါ မိုးက (ရေပါမိုး) ပါ.။ လျှံချင်တိုင်းလျှံပလေ့စေ..၊ သဲသဲမဲမဲ ရွာချင်တိုင်း
၇ွာပစ်မယ်..။ (ရေပါမိုးပါ..)

လေးစားလျက် (လမင်း)
********************************************************

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...