လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Sunday, February 19, 2012

ပုဂံဒေသ Historical Park သို့မဟုတ် Archaeological Park တည်ဆောက်ရေး ဆွေးနွေး

ပုဂံဒေသ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးနှင့် အနာဂတ်တွင် Historical Park သို့မဟုတ် Archaeological Park တည် ဆောက်ရေး အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးတိုင်း ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း သုတေသနပြတိုက်၌ ဖေဖော်ဝါရီ ၁၅ ရက် က ကျင်းပသည်။ ယဉ်ကျေးမှု ၀န်ကြီးဌာန ၊ ရှေးဟောင်းသုတသေန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း နှင့် မြန်မာနိုင်ငံ ဗိသုကာ ပညာရှင် အသင်းတို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

မူရင်းလင့်လေးပါ..
http://burma.irrawaddy.org/archives/6286

အခွင့်အရေးသမားတွေဖြစ်နေတာ ရှက်တတ်စမ်းပါ

အခွင့်အရေးသမားတွေဖြစ်နေတာ ရှက်တတ်စမ်းပါ




‘ပြည်ထောင်စုအရေးနှင့် အတွေးအမြင်များ’ အမည်ရှိစာအုပ် ထုတ်ဝေတယ်ဆိုတော့ စိတ်ဝင်စားပြီး သွားကြည့်လိုက်တယ်။ ထုံးဆန်အတိုင်းပဲ သူတို့ပြည်နယ် သူတို့လူမျိုးစုအတွက် အခွင့်အရေးတောင်းထားတာကြီး ဖြစ်နေတယ်။ ငါတို့က မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေဖြစ်တယ်။ ဒါ့ကြောင့် ဟိုအခွင့်အရေး ရသင့်တယ်။ ဒီအခွင့်အရေးရမှ ဖြစ်မယ် (ဗမာလဲ တိုင်းရင်းသားပဲဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ တိုင်းရင်းသားလူများစုဖြစ်တာနဲ့ တိုင်းရင်းသားလူနည်းစုဖြစ်တာပဲ ကွာခြားတာပါ) စသဖြင့် ၊ စသဖြင့် အခွင့်အရေးတောင်းထားတဲ့ စာအုပ်ကြီးဗျ။ တကယ့် အတ္တကြီးတဲ့ သူတွေပဲဗျာ။ ခင်ဗျားတို့ ကရင်၊ ကချင်၊ ရှမ်း၊ ရခိုင်၊ မွန်၊ ကယား၊ ချင်း တွေက ယောကျားတွေဖြစ်ပြီး. . . ဘာလို့ အခွင့်အရေးတွေပဲ ထိုင်တောင်းနေကြတာလဲ? အမြဲဆိုသလို ခင်ဗျားတို့ ပြည်နယ်နဲ့ လူမျိုးစု အခွင့်အရေးပဲ တောင်းနေကြတယ်။ မင်းတို့ မိဘတွေက လူ့ဘ၀ဆိုတာ အခွင့်အရေးပဲ တောင်းနေရမယ်လို့ သင်ပေးထားတယ် ထင်တယ်။ အမိနိုင်ငံကို ချစ်ရကောင်းမှန်း … .. မသိ.. . အမိနိုင်ငံအပေါ်မှာ တာဝန်ကျေရမှန်း . . . မသိကြဘူးနော်။ ခင်ဗျားတို့ကို အခြေခံ လူကျင့်ဝတ်လေး တစ်ခုကို ပြောပြမယ်ဗျ။ နိုင်ငံသားရဲ့ အခွင့်အရေးကို လိုချင်ရင် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကိုသိရမယ်.. ထိုတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့လဲ ကြိုးစားရမယ်ကွ။ လူပီသချင်ရင် မင်းတို့တွေ နေ့စဉ်နဲ့အမျှ အခွင့်အရေးပဲ တောင်းနေတာကိုရပ်ပြီး

မဟုတ်ရပါဘူး ဒကာမလေးရယ် နဲ့ မှားပါတယ် ဦးပဉ္ဇင်း ရယ်

၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွေဝါရောင်တော်လှန်ရေးကြီးအပြီးမှာ ထိုင်းမြန်မာနယ်စပ်ကို လူအတော်များများနဲ့ ဘုန်းကြီး အတော် များများ ရောက်ရှိလာခဲ့ကြတယ်။ တကယ်တော်လှန်ရေးထဲမှာ ပါခဲ့တဲ့သူတွေရော၊ တကယ်ကံဆောင် ဘုန်းကြီးတွေရော၊ တကယ် ကံဆောင်တဲ့ အထဲမှာ မပါဘဲ နယ်စပ်ကနေတဆင့်
နိုင်ငံခြားသွားချင်တဲ့ ဘုန်းကြီးတွေရော အမျိုးစုံရောက်ရှိလာကြတယ်။ အဲဒီ အထဲက ဘုန်းကြီးတွေနဲ့ ပတ်သက်တဲ့ အမှတ်တရ ရှိမိတာလေးတွေ တချို့ကို ပြန်ပြောပြချင်ပါတယ်။
အဲဒီမှာ တကယ်ကံဆောင်ဘုန်းကြီးလား၊ ကံမဆောင်ဘုန်းကြီးလား မသိတဲ့ ကိုယ်တော်တပါးရဲ့ အကြောင်းကိုပါ။ ဒီဘုန်းကြီးက စက်ရုံတခုမှာ အလုပ်လုပ်တဲ့ မြန်မာမလေးတယောက်နဲ့ တယ်လီဖုန်းထဲကနေ ချစ်သူတွေဖြစ်နေကြတယ်။ လူချင်းတော့ မတွေ့ ဖူးကြဘူးပေါ့။
အဲဒီလိုနဲ့ ၂ လ လောက်အကြာမှာ စက်ရုံထဲကလူတွေက ကောင်မလေးကိုပြောကြတယ်။
“ကြည့်လည်းလုပ်ဦး နင့် ကိုကို ဆိုတဲ့ သူက ဘုန်းကြီးလို့ သူများတွေ ပြောနေကြတယ်”ပေါ့။
အဲဒါနဲ့ ကောင်မလေးကလည်း ဇဝေဇ၀ါဖြစ်သွားပြီး ည ရောက်တဲ့အခါ ထုံးစံအတိုင်း သူ့ကိုကို ဆီကို ဖုန်းဆက်ပြီးမေးတော့တာပဲ။

ဦးလေး အမြည်းနော်

ရန်ကုန် ဆင်ခြေဖုံး ရပ်ကွက်တခုမှာ နေတဲ့ အသက် ၅၀ ကျော်အရွယ် ဦးလေးကြည်လို့ ခေါ်တဲ့ ဦးကြည်နဲ့ အသက် ၃၀ လောက် ရှိတဲ့ သက်နိုင် ဆိုတဲ့ တူအရီး နှစ်ယောက် ရှိတယ်။
ဦးလေးဖြစ်သူက စက်ချုပ်တဲ့ အလုပ်လုပ်ပြီးတော့ တူဖြစ်သူကတော့ ကျပန်း အလုပ်လုပ်ပါတယ်။
သူတို့ နှစ်ယောက်က အတူနေကြပေမယ့် သဘောထား အမြင်တွေတော့ မတူကြပါဘူး။ မကြာခဏ ငြင်းခုန် စကားများကြ ပါ တယ်။
အခုလည်း တူအရီး နှစ်ယောက် အရက်ဝိုင်းလေး ဖွဲ့မိနေကြပြန်ပါပြီ။

သက်နိုင်က သူ့အလုပ်က အပိုကြေးလေး ရလာလို့ ဦးလေး ဖြစ်သူကို အရက်ဖြူလေး နဲ့ ပြုစုမယ်စိတ်ကူးနဲ့ ဒီဝိုင်းလေးဖွဲ့တာပါ။


အရက်နဲ့ မြည်းဖို့လည်း နည်းနည်းနဲ့ ကျဲကျဲဝိုင်းဆိုသလို လက်ဖက်သုပ်(အဘိုးကြီးသုပ်)၊ ကန်စွန်းပလိန်း နဲ့ ကြက်ဥ ဟတ်ဖ်ရိုက် ကြော်လည်း စီစဉ်ထားပါသေးတယ်။

အစိုးရက အများပြည်သူသို့ ရွှေများထုတ်ရောင်း

ရန်ကုန်၊ ဒီဇင်ဘာ-၁၂
 
 
နိုင်ငံတော်အစိုးရမှ ပြည်တွင်းရွှေဈေးကွက်အတွင်းသို့ ရွှေများထုတ်ရောင်းနေပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးလျက်ရှိကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်ရေးနှင့်အသုံးပြုသူများ အရည်အသွေးမြင့်ရွှေသုံးနိုင်ရန်အတွက်  ရည်ရွယ်ရောင်းချခြင်းဖြစ်ကြာင်းသိရသည်။

ရန်ကုန်နှင့် နေပြည်တော်ကျောက်မျက်ရတနာပြခန်းတွင် ရောင်းချပေးလျက်ရှိပြီး မန္တလေး၌ အစိုးရဘဏ်တစ်ခုနှင့် သတ္တုတွင်းဝန်ကြီးဌာနတို့တွင် ရောင်းချပေးနေကြောင်း သက်ဆိုင်ရာဌာနများမှသိရှိရသည်။
    ရောင်းချမှုပုံစံမှာ သာမန်ပြည်သူများအပြင် ရွှေလုပ်ငန်းရှင် များကိုပါ ရောင်းချပေးပြီး ရောင်းချမှုပမာဏကန့်သတ်ထားခြင်း မရှိဘဲ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)ဖြစ်၍ စာရင်းပေးဝယ် ယူနိုင်သည်ဟုသိရသည်။

အမည်မသိသောသူ

အမည်မသိသောသူ


ငါဟာ အရင်တုန်းကနဲ့မတူ .. ပြောင်းလဲနေခဲ့သူ
ငါဟာ ဖြတ်လို့ ငါမနိုင် .. ငါပြန်ခေါ်ရတဲ့သူ
အတွေးကြကြ ပြတ်ပြတ်သားစကား .. ငါထက်လုပ်လို့မှား...
သီချင်းတစ်ပုဒ်လို သူ့စာသား... ငါဟာ သံဇဉ်လေးပါလား..

အများကြီးမလိုအပ်သောငွေနှင့် အများကြီးလိုအပ်သော မိတ်ဆွေ

အများကြီးမလိုအပ်သောငွေနှင့် အများကြီးလိုအပ်သော မိတ်ဆွေ



ကျွန်တော်ဟာ ၂၁ ရာစုထဲမှာ လမ်းလျှောက်နေရတဲ့ လူငယ်တစ်ယောက်ပါ
ကျွန်တော်တို့ ခေတ်မှာတော့ အရမ်းကို တိုးတက်လာပါပီ .. နည်းပညာ၊ အတတ်ပညာ
ပိုင်းဆိုင်ရာ ဗဟုသုတ၊ ပညာများနှင့်အတူ တိုးတက်ခေတ်မှီလာသည့် ခေတ်ကြီး တစ်ရက်လည်း
ဖြစ်ပေသည်..။

ကျွန်တော်သိခဲ့တဲ့ ခေတ်ကြီးမှာ ငွေဟာလည်း ဒုတိယ ဘုရားသခင် အဖြစ် သတ်မှတ်နေရာယူ
ဝင်ရောက်လာပါတယ်.. ဘယ်လောက်တောင်လဲဆိုတော့ ပျက်စီးမှုအားလုံးအတွက် ငွေအဖြစ်အစားထိုး
လဲလှယ်ခြင်းဟာ လူတွေရဲ့ စိတ်ထဲမှာ ၇၅ / ၈၀ % လောက် ဒီလိုတွေပါဘဲ.. ကျွန်တော့် ပတ်ဝန်းကျင်မှာ
မြင်နေထင်နေရပါတယ်.. ။

နွားကလေးနို့ နွားကြီးစို့

*********************************************************************
နွားကလေးနို့ နွားကြီးစို့






လူငယ်တွေပြုသမျှကို အကောင်းမမြင် အကြောင်းထင်တတ်တဲ့ လူကြီးအချို့
အဖြစ်မရှိ အတတ်ဆန်းတယ်ဆိုကျသော လူကြီးအချို့
သူတို့တတ်သူတို့သိအစုံသိသောလည်း သူတို့မသိတာတစ်ခုတော့ ရှိပါတယ်..။


လူကြီးတွေကများသောအားဖြင့် သူတို့လုပ်သမျှကို ကောင်းတယ်ထင်ကျသူတွေပါ..
လူကြီးတွေရဲ့ အတွေးအခေါ်တွေက တခါတလေ လူငယ်တွေနာခံစရာကောင်းပေမဲ့
နည်းလမ်းကျသောလဲ.. တခါတလေ အတွေးခေါ် ဟောင်းကြီးတွေ ဖြစ်နေပါတယ်

တစ်ချို့ လူကြီးတွေကလည်း လူငယ်တွေအပေါ် နားလည်ပေးတတ်ကျတယ် စကားလုံး လှလှလေးတွေနဲ့
ပညာတွေပေးတတ်ကျပါတယ် .. အဲ့ဒီအခါကျရင်တော့ လူငယ်တွေ သဘောကျလေ့ ရှိတတ်တာပေါ့...
Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...