လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Sunday, February 19, 2012

နွားကလေးနို့ နွားကြီးစို့

*********************************************************************
နွားကလေးနို့ နွားကြီးစို့






လူငယ်တွေပြုသမျှကို အကောင်းမမြင် အကြောင်းထင်တတ်တဲ့ လူကြီးအချို့
အဖြစ်မရှိ အတတ်ဆန်းတယ်ဆိုကျသော လူကြီးအချို့
သူတို့တတ်သူတို့သိအစုံသိသောလည်း သူတို့မသိတာတစ်ခုတော့ ရှိပါတယ်..။


လူကြီးတွေကများသောအားဖြင့် သူတို့လုပ်သမျှကို ကောင်းတယ်ထင်ကျသူတွေပါ..
လူကြီးတွေရဲ့ အတွေးအခေါ်တွေက တခါတလေ လူငယ်တွေနာခံစရာကောင်းပေမဲ့
နည်းလမ်းကျသောလဲ.. တခါတလေ အတွေးခေါ် ဟောင်းကြီးတွေ ဖြစ်နေပါတယ်

တစ်ချို့ လူကြီးတွေကလည်း လူငယ်တွေအပေါ် နားလည်ပေးတတ်ကျတယ် စကားလုံး လှလှလေးတွေနဲ့
ပညာတွေပေးတတ်ကျပါတယ် .. အဲ့ဒီအခါကျရင်တော့ လူငယ်တွေ သဘောကျလေ့ ရှိတတ်တာပေါ့...

အသက်ကြီးလို့ လူကြီးလို့သာခေါ်လိုက်ရတယ် လူဂျာကြီးတွေလည်း တစ်ချို့ရှိပါတယ်..
တကယ်တော့ လူကြီးတွေဟာ လူငယ်တွေအတွက် ဘ၀ရဲ့ အချိုးအကွေ့တွေမှာ
အတွေ့အကြုံအားကောင်းတဲ့ မှီခိုစရာ တိုင်ပင်ဖော်တွေပါ.. ။

တရက်ကြီးလျှင် တစ်ရက်ပိုသိပါတယ် .. အကြောင်းတစ်ခုပြုလုပ်ဖို့ အတွက် လူငယ်တွေ
တိုင်ပင်လိုက်တိုင်း အဖြစ်မရှိ အတတ်ဆန်းတယ်လို့ ပထမဆုံးမထင်ပဲ..
လူငယ်တွေ လျှောက်လှမ်းမဲ့ အခွင့်အလမ်းကို အားပေးစွာ နည်းလမ်းအမှန်များဖြင့်
ပြောပြ ရှင်းပြ ဆုံးမသင့်ပါတယ်.. ။

တခါတလေးအဟောင်းဆုံးနည်းလမ်းတွေက အကောင်းဆုံးဖြစ်သွားနိုင်ပါတယ်
အနာဂတ်ဟာ လူငယ်တွေလက်ထဲမှာ ရှိသောလည်း ...
အနာဂတ်ကို တောက်ပဖို့ လျှောက်လှမ်းမဲ့ လူငယ်တွေရဲ့ လမ်းဘေးမှာ လူကြီးတွေ ရှိနေဖို့လည်း
လိုအပ်ပါတယ်.. ။

ဒီကောင်တွေ လုပ်ပါစေဆိုပြီး ငါတို့မလိုက်လည်းဖြစ်ပါတယ် ဆိုတဲ့ အတွေးအခေါ်မျိုးတွေ
မလုပ်သင့်ပါဘူး...။
နွားနှစ်ကောင်ညီညာရုန်းမှ တစ်ပြည်လုံးကျွတ်မှာပါ..။
အဲ့သလိုမှ မဟုတ်ရင် အနာဂတ်ဟာ မတောက်ပလာနိုင်ပါဘူး..။

လူငယ်တွေ တာဝန်မကျေတာထက် လူကြီးတွေတာဝန်မဲ့တာက ပိုပီးရှက်စရာကောင်းပါတယ်..

တစ်ချို့သော မိသားစုတစ်ခုမှာတောင် လူငယ်တွေလုပ်မဲ့ အလုပ်တောင်မလုပ်ရသေးဘူး
တိုက်ပင်ကြည့်ရုံလေးနဲ့ အဖေ နှင့် အမေ ရဲ့ ယုံကြည်မှုလေး တစ်ခုတောင်မရကျဘူး..။

သူတို့ရဲ့ သား သမီးတွေမှား မှာကို စိုးရိမ် တတ်တဲ့စိတ်တွေကို ကျွန်တော်တို့ သိပင်မဲ့
ကျွန်တော်တို့ရဲ့ လိုချင်ဆုံး ဆန္ဒကတော့ သူတို့ရဲ့ အားပေးမှုတွေပါ..။

အဲ့သလို မျိုးချိန်မှာ လူငယ်တွေအပေါ် အားပေး အားထား တတ်သောသူ
ယုံကြည်တတ်သော်သူတွေကို ကျွန်တော်တို့ လူငယ်တွေက ရိုသေလေးစား အားကိုး ထားတတ်ကျပါတယ်...။

လူငယ်တွေရဲ့စိတ်မှာ အသစ်အဆန်းလေးတွေကို တီထွင်ကြံစတတ်ခြင်း
ပျော်တာပါးတာလူငယ်တွေရဲ့ ၀ါသနာဖြစ်ပင်မဲ့ လူကြီးတွေလည်း ပျော်နိုင်ပါးနိုင်ပါတယ်..။
လူကြီးတွေက သူတို့အရက်သောက်စားတာကျတော့ ငါတို့ကလူကြီးတွေလေကွာလို့ ပြောပြတတ်ကျပီး..
လူငယ်တွေသောက်စားတာမြင်ရင်တော့ ပျက်စီးနေတယ်လိုပ တင်ကောင်းထင်မြင်ကြပါတယ်.။
(အဲ့ဒါတွေက ဥပမာ အနေနှင့် ပြောတာပါ.)

တခါတလေ လူကြီးတွေမှားတာတွေလည်း ရှိပါတယ် အဲ့ဒါတွေကို လူငယ်တွေလည်း
ပြောခွင့်မရှိဘူးလား... လူကြီးတွေရဲ့ ပြောစကားတွေ မှားသည်ဖြစ်စေ ၊ မှန်သည်ဖြစ်စေ
ခေါင်းညိတ်၍ နားထောင်ပေးရမှာ ကျွန်တော်တို့ သိသောလည်း .
သိနေသော လူငယ်တွေအတွက် ခေါင်းညိတ်၍ နားမထောင်နိုင်ပေ.။

နွားကလေးနို့ နွားကြီးစို့ဟု ပြောင်းလဲလာသည့် ခေတ်ဖြစ်လာသည်ကို သတိချပ်သင့်၏။

(လေးစားလျက် ၊ လမင်း)
**************************************************************

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...