လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Wednesday, October 15, 2014

မေတ္တာအရိပ်


**********
သစ်ပင်ပေါက်ကလေးတွေဟာ သစ်ပင်ကြီးတွေ အောက်ရောက်နေတဲ့အခါ အရိပ်မိပြီး ရှင်သန်ဖွံ့ ဖြိုးမှု အားနည်းသွားကြပါတယ်။ လောင်းရိပ်မိတဲ့ အရာ တော်တော်များများဟာ ရှင်သန်မှုထက် ကျရှုံးမှု များသွားတာ တွေ့ ရပါလိမ့်မယ်။ ဒီ့အတွက်လည်း လောင်းရိပ်လို့ 
ဆိုရင် လူတွေဟာ ကြောက်ရွံ့ တတ်ကြပါတယ်။


သို့ သော် မေတ္တာနဲ့ မိုးထားတဲ့ အရိပ်ကတော့ သိပ်ကို အေးမြပါတယ်။ ခွန်အားတွေလည်း မျှဝေပေးပါသေးတယ်။ မေတ္တာခြုံရင် လုံတယ်ဆိုသလိုပေါ့၊ မေတ္တာအရိပ်ဟာ အရာရာတိုင်းကိုလည်း လုံခြုံမှုပေးပါသေးတယ်။ စစ်မှန်တဲ့ချစ်ခြင်းတရားတွေရှိတဲ့နေရာတိုင်းမှာအရိပ်ဆိုတာ ဖြစ်ပေါ်တတ်ပါတယ်။
မေတ္တာအရိပ်ကို မိဘတွေနဲ့ သားသမီးတွေကြားမှာ ဖြစ်ပေါ်ပါတယ်။


ဆရာသမားတွေနဲ့ တပည့်သားသမီးတွေကြားမှာလည်း ဖြစ်ပေါ် ပါသေးတယ်။ စစ်မှန်တဲ့ မေတ္တာ အရိပ်အောက်မှာ နေထိုင်ရခြင်းဟာ ငြိမ်းအေးသော ဘ၀ပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။
အခြားသော လောင်းရိပ်တွေနဲ့  ဆန့် ကျင့်ဘက်ဖြစ်တဲ့ မေတ္တာအရိပ်အောက်မှာ နေထိုင် ရှင်သန်ဖို့ သာ ကြိုးစားကြပါ။

 မည့်သည့်အခါ မှ စွန့် ပစ်သွားဖို့ လည်း မကြိုးစားပါနဲ့ ။ မေတ္တာအရိပ်အောက်မှာ နေထိုင်ရတဲ့ အချိန်တွေဆိုတာ အကန့် အသတ်နဲ့ ရှိတယ်ဆိုတာလည်း သိထားစေချင်ပါတယ်။အောင်မြင်ကျော်ကြားတဲ့ လူတွေဟာ မေတ္တာအရိပ်အောက်မှာ အေးချမ်းစွာ နေထိုင်သွားခဲ့ဖူးသူများ ဖြစ်ပြီး မေတ္တာအရိပ်ရဲ့ တန်
ဖိုးကိုလည်း အမြဲနားလည်းခဲ့တဲ့သူတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် မေတ္တာအရိပ်တန်ဖိုးကို နားလည်နိုင်ကြပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...