လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, February 22, 2013

အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုးဘာသာ ကန့်သတ်မှုမရှိဘူး။

(၅)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
ခေါင်းကိုငဲ့ မျက်လုံးဝိုင်းလေးကိုပုတ်ခတ်ရင်း အဲဒါ ဘာအဓိပ္ပာယ်လဲလို့ ငါ့ကို နင်မေးခဲ့တယ်။

(၁၅)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
အင်္ကျီအနားစကို အဓိပ္ပာယ်မဲ့ လုံးချေကစားရင်း ခေါင်းလေးကိုငုံ့ ရှက်သွေးတွေဖြာပြီး နင်ပြုံးနေခဲ့တယ်။

(၂ဝ)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
ငါ့ပုခုံးထက်မှာ ခေါင်းလေးကိုမှီပြီး ငါပျောက်ကွယ်သွားမှာစိုးတဲ့အလား ငါ့လက်မောင်းကို နင်တင်းတင်းလေး ဖက်ထားတယ်။

(၂၅)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
မနက်စာကိုပြင်ဆင်ရင်း ငါ့နဖူးကိုတစ်ချက်နမ်းပြီး “သိပါတယ်...ထပါတော့ လူပျင်းလေးရယ်”လို့ ချစ်စနိုးနဲ့နင်ပြောခဲ့တယ်။

(၃ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
“တကယ်ချစ်ရင် ရုံးဆင်းချိန်လျှောက်မလည်နဲ့၊ မှာတဲ့ပစ္စည်းတွေလည်း ဝယ်ခဲ့ဖို့ မမေ့နဲ့” လို့ နင်ရယ်ပြီးပြောခဲ့တယ်။

(၄ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
ပန်းကန်တွေသိမ်းရင်း “ကောင်းပါပြီ...ကောင်းပါပြီ ကလေးတွေကို စာပြလိုက်ပါဦး” လို့ နင်စိတ်မရှည်စွာပြောခဲ့တယ်။

(၅ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
သိုးမွှေးကိုထိုးရင်း “တကယ်လား...နင့်စိတ်ထဲမှာ ငါ့ကိုစောစောသေစေချင်နေတယ် မဟုတ်လား”လို့ ပြောပြီး တခစ်ခစ်နဲ့ နင်ရယ်ခဲ့တယ်။

(၆ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
ငါ့လက်မောင်းကို တစ်ချက်ထုရင်း “အဘိုးကြီး..မြေးတွေတောင်ကြီးနေပြီ အပြောကမက်တုန်း” လို့ နင်ပြောခဲ့တယ်။

(၇ဝ) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ခုန်ပေါ်မှာတူတူထိုင်ပြီး လွန်ခဲ့တဲ့ အနှစ်၅ဝက ဓာတ်ပုံတွေကို ငါတို့ကြည့်နေကြခဲ့တယ်။ နင့်ရဲ့တွန့်ကြေနေတဲ့ လက်ကိုဆုတ်ကိုင်ရင်း ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။ အကြင်နာတွေပြည့်နေတဲ့မျက်လုံးနဲ့ ငါ့ကိုနင်ကြည့်နေခဲ့တယ်။ အရစ်ကြောင်းတွေနဲ့ တွန့်ကြေနေပေမဲ့ နင်ရဲ့မျက်နှာက လှနေဆဲပါ။

(၈ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
နင်လဲလျောင်းနေတယ်...ငါငိုနေတယ်။ နောက်ဆုံးတစ်ခွန်းနင်ပြောခဲ့တယ် “ငါ.....နင့်....ကို...ချစ်...တယ်”တဲ့။ ငါ့ဘဝမှာ အပျော်ဆုံးနဲ့ ဝမ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ။

အချစ်စစ်က အချိန်ကိုကျော်ဖြတ်တယ်။
အချစ်စစ်က အကွာအဝေးကိုကျော်ဖြတ်တယ်။
အချစ်စစ်က နေရာဒေသကိုကျော်ဖြတ်တယ်။
အချစ်ကို တန်ဖိုးထား မြတ်နိုးတတ်ဖို့နဲ့ နားလည်တတ်ဖို့ပဲလိုတယ်။

မူရင်းလင့်-- http://blog.yam.com/awwwvvvv/article/35051504

နိုင်းနိုင်းစနေ(Wednesday, October 11, 2006)
.
အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုးဘာသာ ကန့်သတ်မှုမရှိဘူး။

(၅)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
ခေါင်းကိုငဲ့ မျက်လုံးဝိုင်းလေးကိုပုတ်ခတ်ရင်
အဲဒါ ဘာအဓိပ္ပာယ်လဲလို့ ငါ့ကို နင်မေးခဲ့တယ်။

(၁၅)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
အင်္ကျီအနားစကို အဓိပ္ပာယ်မဲ့ လုံးချေကစားရင်း ခေါင်းလေးကိုငုံ့ ရှက်သွေးတွေဖြာပြီး နင်ပြုံးနေခဲ့တယ်။

(၂ဝ)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
ငါ့ပုခုံးထက်မှာ ခေါင်းလေးကိုမှီပြီး ငါပျောက်ကွယ်သွားမှာစိုးတဲ့အလား ငါ့လက်မောင်းကို နင်တင်းတင်းလေး ဖက်ထားတယ်။

(၂၅)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
မနက်စာကိုပြင်ဆင်ရင်း ငါ့နဖူးကိုတစ်ချက်နမ်းပြီး “သိပါတယ်...ထပါတော့ လူပျင်းလေးရယ်”လို့ ချစ်စနိုးနဲ့နင်ပြောခဲ့တယ်။

(၃ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
“တကယ်ချစ်ရင် ရုံးဆင်းချိန်လျှောက်မလည်နဲ့၊ မှာတဲ့ပစ္စည်းတွေလည်း ဝယ်ခဲ့ဖို့ မမေ့နဲ့” လို့ နင်ရယ်ပြီးပြောခဲ့တယ်။

(၄ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
ပန်းကန်တွေသိမ်းရင်း “ကောင်းပါပြီ...ကောင်းပါပြီ ကလေးတွေကို စာပြလိုက်ပါဦး” လို့ နင်စိတ်မရှည်စွာပြောခဲ့တယ်။

(၅ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
သိုးမွှေးကိုထိုးရင်း “တကယ်လား...နင့်စိတ်ထဲမှာ ငါ့ကိုစောစောသေစေချင်နေတယ် မဟုတ်လား”လို့ ပြောပြီး တခစ်ခစ်နဲ့ နင်ရယ်ခဲ့တယ်။

(၆ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
ငါ့လက်မောင်းကို တစ်ချက်ထုရင်း “အဘိုးကြီး..မြေးတွေတောင်ကြီးနေပြီ အပြောကမက်တုန်း” လို့ နင်ပြောခဲ့တယ်။

(၇ဝ) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ခုန်ပေါ်မှာတူတူထိုင်ပြီး လွန်ခဲ့တဲ့ အနှစ်၅ဝက ဓာတ်ပုံတွေကို ငါတို့ကြည့်နေကြခဲ့တယ်။ နင့်ရဲ့တွန့်ကြေနေတဲ့ လက်ကိုဆုတ်ကိုင်ရင်း ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။ အကြင်နာတွေပြည့်နေတဲ့မျက်လုံးနဲ့ ငါ့ကိုနင်ကြည့်နေခဲ့တယ်။ အရစ်ကြောင်းတွေနဲ့ တွန့်ကြေနေပေမဲ့ နင်ရဲ့မျက်နှာက လှနေဆဲပါ။

(၈ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
နင်လဲလျောင်းနေတယ်...ငါငိုနေတယ်။ နောက်ဆုံးတစ်ခွန်းနင်ပြောခဲ့တယ် “ငါ.....နင့်....ကို...ချစ်...တယ်”တဲ့။ ငါ့ဘဝမှာ အပျော်ဆုံးနဲ့ ဝမ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ။

အချစ်စစ်က အချိန်ကိုကျော်ဖြတ်တယ်။
အချစ်စစ်က အကွာအဝေးကိုကျော်ဖြတ်တယ်။
အချစ်စစ်က နေရာဒေသကိုကျော်ဖြတ်တယ်။
အချစ်ကို တန်ဖိုးထား မြတ်နိုးတတ်ဖို့နဲ့ နားလည်တတ်ဖို့ပဲလိုတယ်။

မူရင်းလင့်-- http://blog.yam.com/awwwvvvv/article/35051504

နိုင်းနိုင်းစနေ(Wednesday, October 11, 2006)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...