လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, February 22, 2013

(ဘ၀စာမျက်နှာတစ်ခုရဲ့ မွန်မြတ်ချင်း) မှတ်တရ ဓာတ်ပုံများ


(ဘ၀စာမျက်နှာတစ်ခုရဲ့ မွန်မြတ်ချင်း) မှတ်တရ ဓာတ်ပုံများ

ပြောသလောက်မလွယ်..
လွယ်သလောက် မလုပ်နိုင်..
အများတကာကြား .. ပြောကာနေပင်မဲ့ ..
အများအကျိုးတို့ ထမ်းပိုးလို့ .. ။

ပရဟိတလုပ်ငန်းမှာ ..
တစ်ထောင့်တစ်နေရာကဖြင့် အားဖြည့်ပါဝင်ခွင့်ရလို့.
ဘ၀ရဲ့ စာမျက်နှာမှာ အမှတ်တရတစ်ခု ပမာ.. ။

မမှန်မကန်တဲ့ ... လေလိုင်းကနေ...
မမြင်ဘူး မတွေ့ဘူးပဲ ...
စိတ်တူ ကိုယ်တူ ၀ါသနာ မတူရင်တော့..
ပရဟိတဆိုတာလည်း ဝေးပြီပေါ့ .... ။


အင်တာနက်ပေါ်ကနေပဲ ...
တို့ အနာဂတ်မောင်နှမတွေဖို့ ...
ထည်ဝါမှုကြီးမဖြစ်ရင်တောင်....
ဘ၀ရဲ စိတ်ထား .. အမှန်တကယ်.. မွန်မြတ်ထားလို့ ..
ဝမ်းလည်သာမိ ဧကန်ပင်..။

အခုတော့ တစ်နယ်စီခြား ရေမြေခြားမှာ..
ကိုယ်စီ အလုပ်လုပ်နေပင်မဲ့ ..
လူခြင်းမတွေ့ရသော်လည်း..
စိတ်ချင်း ၀ါသနာချင်း နီးစပ်နေသမျှ...
အင်တာနက်ပေါ်မှာ မင်းနေကောင်းလား အဆင်ပြေလား ..
စကားတွေမြည်းရင်... ပရဟိတလုပ်နေကြသော ..
အနာဂတ်မောင်နှမ လူငယ်တွေအတွက်.. ဂုဏ်ယူစရာ ..။

မန်ပါများလည်း အားတတ်သဖွယ်..
ဝိုင်းပါ ၀န်းပါ ကူညီပါဆိုတဲ့ စိတ်နဲ့ ..
အသွေးအသား အရောင် မခွဲခြားပဲ..
စိတ်တူ ကိုယ်တူ .အရင်းပြုလို့ ...

ထာဝရလူငယ် အားမာန်အပြည့်နဲ့ ..
ကိုယ်ကျိုး အများကျိုး .. အားကြိုးမာန်တက်..
ရွှေလက်မြဲကာ .. အနာဂတ်ဆီသို့ ခိုင်ခိုင်မာမာ ..ရှေ့ဆက်ရင်း..

တွေ့ဆုံပေးသမျှ ဒီလေလိုင်းအား .. ကျေးဇူးတင်လျက်... ကျေးဇူးတင်လျက်.. ။

မှတ်ချက် .. ။ ။ မမြင်ဘူး မတွေ့ဘူးပဲ ..မောင်နှမအရင်းတွေလို အတူတကွ.. ပရဟိတ လုပ်ငန်းကို တစ်ထောင့်တစ်နေရာက .. ဖြည့်စည်းပေးခဲ့ရလို့. .. အခုချိန်တိုင်ထိ အမှတ်ရနေဆဲပါ.. ။

လေးစားလျက် (လမင်း)
http://www.nllamin.blogspot.com/

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...