လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, September 20, 2012

♥*- ပေးဆပ်တတ်သော နှလုံးသားပိုင်ရှင် -*♥


မေတ္တာထားခဲ့သောလည်း
တစ်ခါတစ်ရံ မင်းက အမြင်စောင်းသေးတယ်.
တကယ်ဆိုအရာအားလုံးအတွက်
တစ်ခါတစ်လေ အမှားလေးတွေပါခဲ့တာ
မင်းပေါ်မှာထားတဲ့ ငါ့ရဲ့ စေတနာအမှားလေးတွေ
ဖြစ်သွားတာပါ.... ။

မင်းနဲ့အတူ တစ်မိုးအောက်မှာ
အနာဂတ်ကို ရှေ့ဆက်..
ဘ၀အတွက် လက်တွေ အတူမြဲပြီး..
ပြေးလွှာဆော့ကစားခြင်တဲ့ . ဘ၀မျိုးလေးအတွက်
ငါ ပေးဆပ်သမျှတွေ မင်းအတွက်
မလုံလောက်သေးဘူးလို့ထင်ရင်လဲ...

မင်း.. ပြောသာ... ပြောပါ.. ကြင်နာသူရာ

♥--% အချစ် = ငှက်ငယ် %--♥

အရွယ်မရောက်သေးတဲ့
နှလုံးသားတစ်စုံကို
အတောင်ပံလာတတ်ပေးသွားတဲ့ (သခင်မ)


ပျံသင်ခါစမှာ
အကြိမ်တစ်ရာမက
ပြုတ်ကြလို့ (သခင်မ) မသိအောင်
ဒဏ်ရာတွေကို မနာကျင်အောင် ဟန်ဆောင်ကာ
မြိုသိပ်ခဲ့ရတယ်...


အရှင် ထာဝရ ကိုးကွယ်ထားခြင်လို့
ဒဏ်ရာများစွာနဲ့ဘဲ လေဟုန်မှာ
ပြန်နိုင်အောင် ကြိုးစားခဲ့ရတယ်....


ပြန်တတ်ခါစမှာဘဲ (သခင်မ) စကားသံက
သင်လိုရာကို သွားလို့ရပြီ...

"ဒီလို ဘလော့ဂါတစ်စုရှိတယ်"

ဒီလို ဘလော့ဂါတစ်စုရှိတယ်
တစ်ခါတလေ ငြင်းကြ၊ ခုန်ကြမယ်
တစ်ခါတလေ စကားများကြမယ်
ဒါပေမယ့် ငြိုးမယ်မဖွဲ့ဘူး၊ အမုန်းမပွားကြဘူး။

ဒီလို ဘလော့ဂါတစ်စုရှိတယ်
သူ့စာကို ကိုယ်ဖတ်ချင်မှဖတ်မယ်
ကိုယ့်စာကို သူကြိုက်ချင်မှကြိုက်မယ်
ဒါပေမယ့် နောက်ကွယ်မှာ အတင်းမပြောဘူး၊ အပုပ်မချဘူး။

ဒီလို ဘလော့ဂါတစ်စုရှိတယ်
လူချင်း အမြဲတွေ့ချင်မှ တွေ့ကြမယ်
လူတွေရဲ့အကြည့်မှာ မရင်းနှီးတဲ့သူစိမ်းတွေဖြစ်ချင်ဖြစ်နေမယ်
ဒါပေမယ့် လိုအပ်တဲ့အချိန် ဝန်းရံကြတယ်၊ ကုသိုလ်ပြုကြတယ်။

မြန်မာပြည်မှမြန်မာလူမျိုး



ထိမ်းမြားခြင်း (၁၀)မျိုး
Category: Books
Genre: Literature & Fiction
Author: လူနေ
၁။ “ပုဆိုးတန်းတင် ထိမ်းမြားခြင်း” သတို့သား ၊ သတို့သမီးနှစ်ဦးသည် ပ၇ိတ်သတ်အလယ်သို့ မထွက်ဘဲ မိမိတို့၏အိမ်မှာသာ လွတ်လပ်စွာနေကြပြီး ပ၇ိတ်သတ်များ စားသောက်ပြီး ပြန်သွာသောအခါမှ သတို့သမီး၏ အိပ်ခန်းအတွင်းရှိ ကြိုးတန်း၌ သတို့သားပုဆိုးကို လှမ်းတင်ခြင်းကို ခေါ်သည်။

၂။“လက်ဆုံစား ထိမ်းမြားခြင်း” သတို့သား ၊ သတို့သမီးတို့သည် ထမင်း (သို့) မုန့်ပဲသရေစာများကို လူကြိးမိဘများ ရှေ့မှောက်၌ လက်ဆုံစားခြင်း ဖြစ်သည်။

၃။“လက်စွပ်လဲလှယ်ပြီး ထိမ်းမြားခြင်း” သတို့သားဝတ်ဆင်ထားသော လက်စွပ်ကို သတို့သမီးသို့ ပေးပြီး ၀တ်ဆင်ပေးခြင်း၊ သတို့သမီးဝတ်ဆင်ထားသော လက်စွပ်ကို သတို့သားသို့ ပေးပြီးဝတ်ဆင်ပေးခြင်းကို မည်၏။

၎။“အ၀တ်ပေးပြီး ထိမ်းမြားခြင်း” သတို့သားက သတို့သမီးအိမ်သို့သွားသည့်အခါ သတို့သမီးဆွေမျိုးများက သတို့သားအားေ၇ချိုးစေပြီး အ၀တ်ပုဆိုးအသစ်ကို လဲလှယ်ပေးခြင်းဖြစ်သည်။

၅။“လက်ထပ်၇်ျ ထိမ်မြားခြင်း” သတို့သမီး၏ လက်ယာလက်ကိုဖြန့်စေ၇်ျ သတို့သား၏ လက်ယာလက်ကိုအပေါ်မှထပ်စေပြီး ဘိသိတ်ဆ၇ာဖြစ်စေ ။ လူကြီး လူကောင်းတစ်ဦးမှဖြစ်စေ ပ၇ိတ်သတ်အလယ်တွင် ထိမ်းမြားခြင်းဖြစ်သည်။

သင့်ရဲ့ခွေးသာ စကားပြောတတ်မယ်ဆိုရင် ပြောမယ့် (၁၀) ချက်…..





၁။ ကျွန်ုပ်ကိုမမွေးခင် သခင်သိထားရမှာက …. ကျွန်ုပ်ရဲ့ သက်တမ်းက ၁၀ နှစ် ၁၅ နှစ်ပဲရှိပါတယ်ဗျာ။ ဒါကြောင့်မို့ သင်နဲ့ဘယ်လိုမျိုးခွဲခွာရခြင်းကမဆို ကျွန်ုပ်ကိုနာကျင်စေပါတယ်။

၂။ ကျွန်ုပ်ကိုသခင်ဘာလုပ်စေချင်တယ်ဆိုတာ ကျွန်ုပ်နားလည်ဖို့ အချိန်ပေးပါ။

၃။ ကျွန်ုပ်ကိုယုံကြည်ပါ။ အဲဒါက ကျွန်ုပ်စိတ်ချမ်းသာဖို့ အရေးကြီးပါတယ်။

၎။ ကျွန်ုပ်ကို အကြာကြီးစိတ်မဆိုးပါနဲ့နော်။ ပြီးတော့ အပြစ်ပေးသလိုမျိုး အကြာကြီးလည်း မချူပ်နှောင်ထားပါနဲ့။

၅။ သခင့်မှာ အလုပ်အကိုင်ရှိတယ်၊ ဖျော်ဖြေရေးတွေရှိတယ်၊ ပြီးတော့ သူငယ်ချင်းတွေလည်း ရှိပါတယ်။ ကျွန်ုပ်မှာတော့ သခင်တစ်ယောက်ထဲရှိတာပါ။

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...