လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, September 20, 2012

"ဒီလို ဘလော့ဂါတစ်စုရှိတယ်"

ဒီလို ဘလော့ဂါတစ်စုရှိတယ်
တစ်ခါတလေ ငြင်းကြ၊ ခုန်ကြမယ်
တစ်ခါတလေ စကားများကြမယ်
ဒါပေမယ့် ငြိုးမယ်မဖွဲ့ဘူး၊ အမုန်းမပွားကြဘူး။

ဒီလို ဘလော့ဂါတစ်စုရှိတယ်
သူ့စာကို ကိုယ်ဖတ်ချင်မှဖတ်မယ်
ကိုယ့်စာကို သူကြိုက်ချင်မှကြိုက်မယ်
ဒါပေမယ့် နောက်ကွယ်မှာ အတင်းမပြောဘူး၊ အပုပ်မချဘူး။

ဒီလို ဘလော့ဂါတစ်စုရှိတယ်
လူချင်း အမြဲတွေ့ချင်မှ တွေ့ကြမယ်
လူတွေရဲ့အကြည့်မှာ မရင်းနှီးတဲ့သူစိမ်းတွေဖြစ်ချင်ဖြစ်နေမယ်
ဒါပေမယ့် လိုအပ်တဲ့အချိန် ဝန်းရံကြတယ်၊ ကုသိုလ်ပြုကြတယ်။

ဒီလို ဘလော့ဂါတစ်စုရှိတယ်
အသက်အရွယ် မခွဲခြား၊ အသိပညာ မပိုင်းခြားဘဲ
အတွေးတွေဖလှယ် အတွေ့ကြုံတွေဝေမျှ
ကိုယ်တတ်စွမ်းတဲ့အားနဲ့ လောကကြီးကို အလှခြယ်ကြတယ်။

ဒီလို ဘလော့ဂါတစ်စုရှိတယ်
တစ်ယောက်နဲ့တစ်ယောက် မမြင်ဖူးခဲ့ကြလည်း
"ဘလော့ဂါ"ဆိုတဲ့ဂုဏ်ပုဒ်ကို ကျေနပ်နပ်ခံယူပြီး
ရှေ့ဆက် လက်တွေတွဲလို့
အများအကျိုးအတွက် တတ်စွမ်းသလောက်ပေးဝေကြတယ်။

(ဖေ့စဘွတ်ပေါ်က AAB(All about Bloggers)အဖွဲ့မှ ဘလော့ဂါသူငယ်ချင်းများ၊ မြန်မာပြည်က MBSအဖွဲ့မှ ဘလော့ဂါသူငယ်ချင်းများနဲ့ ကမ္ဘာ့အရပ်ရပ်က မြန်မာဘလော့ဂါသူငယ်ချင်းများသို့... သြဂုတ် ၃၁ ဘလော့ဒေး အမှတ်တရ....."ဒီလို ဘလော့ဂါတစ်စုရှိတယ်")

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...