လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, October 2, 2014

အားဆေး(၁၀)မျိုး

VALUE KNOWLEDGE
Its readable therefore
pls, sharing to everyone.

အားဆေး (၁၀) မျိုး
စိတ်ဓာတ်ကျတဲ့အခါ ဒီအားဆေး (၁၀)မျိုးကို သောက်ပြီး ခရီးဆက်လျှောက်နိုင်ပါစေ
(၁) သူတစ်ပါးရှေ့မှာ ရောက်ရှိနေတဲ့ သင်ဟာ လမ်းပိတ်သူမဖြစ်စေဘဲ လမ်းပြပေးသူဖြစ်အောင် ကြိုးစားပါ။

(၂) အောင်မြင်မှုဆိုတာ အချိန် နဲ့ နေရာပေါ် မတည်ပါဘူး။ အားကိုးထိုက်သူဖြစ်အောင် ကြိုးစားနေမှ သင်ရဲ့ လုပ်ငန်းခွင်မှာ ယုံကြည်ထိုက်သူဖြစ်လာမှာပါ။ ထာဝရ ရပ်တည်နိုင်ဖို့ ကြိုးစားမှုပေါ်မှာပဲ မူတည်ပါတယ်။

Recovery.Myfiles.Professional.v5.2 Full Version လိုချင်သူများအတွက်


တတ်သည့် ပညာ
သိသည့် ပညာများ
ပြန်လည် မျှဝေပေးသည့် ဘလောကာများကို လေးစားသောအားဖြင့်
ဒေါင်းလော့ ရယူလိုသည့် သူငယ်ချင်းများ ကိုးကားလာသည့် ဆိုဒ်လေးမှာ
သွားရောက် ဒေါင်းရန် click တစ်ချက်နှိပ်၍ မေတ္တာရပ်ခံပါသည် 

http://www.winkabarkyaw.net/2014/05/recoverymyfilesprofessionalv52-full.html

ရိုးသားမှုရှိပါစေ

နေရာလေးတွေလည်း လိုချင်ကြတယ်။ နာမည်လေးတွေလည်း ရချင်ကြတယ်။
ဒီတော့ နေရာရဖို့ ၊ နာမည်ကြီးဖို့ အတွက်ဆိုရင် လူတွေဟာ ဂုဏ်သိက္ခာဘယ်တော့မှမရှိကြတော့ဘူး။

အခွင့်အရေးကို ရိုးသားကြိုးစားမှုနဲ့ လုပ်မယူဘဲ၊ ဂုဏ်သိက္ခာနဲ့ လဲယူကြတော့
မခက်ပေဘူးလား။ ဘယ်လောက်ပဲ နာမည်ကြီးကြီး၊ နေရာဘယ်လောက်ရရ အထက်တန်စားစိတ်နဲ့ ဘ၀ကို မရပ်တည်သ၍ လူကအလကားပါပဲ။ 


လူအများရဲ့ရင်ထဲမှာ မိမိတို့ က ထာဝရရပ်တည်ချင်ရင် လူတွေရဲ့နှလုံးသားကိုညာပြီးဘယ်တော့မှမယူပါနဲ့ ။

ရေအကျိုး(၁၀)ပါး

ငွေရှိမှ ကုသိုလ် လုပ်နိုင်တာမဟုတ်ပါဘူး
ငွေမရှိဘဲ ကုသိုလ်တွေ အထပ်ထပ် လုပ်နိုင်ပါတယ်
ဘာမှမတတ်နိုင်ရင်တောင်
(အပြုံးလေးတော့ လူတိုင်း တတ်နိုင်ပါတယ် )
ငွေရှိမှ ကုသိုလ် လုပ်နိုင်တာမဟုတ်ပါဘူး 
ငွေမရှိဘဲ ကုသိုလ်တွေ အထပ်ထပ် လုပ်နိုင်ပါတယ်

ဘာမှမတတ်နိုင်ရင်တောင် 
(အပြုံးလေးတော့ လူတိုင်း တတ်နိုင်ပါတယ် )

(NTwe)

လဲရင် ပြန်ထ ဒါတို့ဘဝ

အရှုံးသမားဆိုတာ လောကမှာလူတိုင်း ဒီနာမည်တပ်ခံရဖူးပါတယ်။
ဒါပမယ့် လက်မြှောက် ကျဆုံးခြင်းတော့ အဖြစ်မခံပါနဲ့ ။
တစ်ခဏတာ အရှုံးပါ။ ဒီလောက်နဲ့ တော့ ဘ၀ကို အဆုံးမခံကြနဲ့ ပေါ့။ 
ကိုယ့်မှာ နောက်ထပ် ကြိုးစားပိုင်ခွင့်တွေ ရှိပါသေးတယ်။

ပထမတစ်ကြိမ်ရှုံးလည်းပဲ ဒီနေရာကနေ သင်ခန်းစာယူဖို့ ဆိုတာ တွေးလိုက်ပါ။ ကိုယ်လိုအပ်တဲ့ နေရာတွေကို ပြန်လည်ဖြည့်စွတ်ပြီး ဒုတိယ ခြေလှမ်းကို ဆက်လှမ်းဖို့ ကြိုးစားပါ။ ကြိုးစားနေသ၍ အခွင့်အရေးဆိုတာလည်းရှိနေပါတယ်။

ရှာဖွေတတ်ခြင်း

 
အတွေ့ အကြုံကို ရှာတဲ့သူတွေက သူတို့ ဘ၀မှာ မြင်သမျှလူတွေဟာ ဘ၀အတွက်
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ ဖြစ်လာနိုင်တယ်ဆိုတာ ခံယူတတ်ကြတယ်။
သူတို့ က သူတို့ ဘ၀ကို ပေးဆပ်ပြီးတော့ ပညာကိုရှာကြတယ်၊ 
အတွေ့ အကြုံကို ယူကြတယ်။ သူတို့ ကိုယ်တိုင်လည်း ကျောင်းသားပဲလို့ ခံယူကြတယ်။
သူများရဲ့ အခက်ခဲတွေကို ဖြေရှင်းပေးပြီး သူတို့ လိုချင်တဲ့ အတွေ့ အကြုံကောင်းတွေကို ရယူကြတယ်။ သင်စရာတွေ တမက်တမော သင်ယူလေ့ရှိကြတယ်။ ဒီ့အတွက်ကြောင့်
အများရဲ့ မေတ္တာကို အပြည့်ရတယ်။

သေခြင်းတရား(၂)


သေခြင်းတရား ( ၂ )

ဘယ်ဟာ အရေးကြီးဆုံးလဲဆိုတာ သိဖို့ အမတန်လိုတယ်နော်။ အရေးမကြီးတာတွေက အရေးကြီးသယောင်ယောင်နဲ့ ကိုယ့်ဘဝထဲက အချိန်တွေအကုန်လုံးကို ယူသွားနေတာ၊ အချိန်ကမကျန်တော့ဘူး၊၊ တကယ်အရေးကြီးဆုံးအလုပ်ကို လုပ်ဖြစ်ဖို့ အချိန်သိပ်နဲနေတယ်။ နောက်ဆုံးသေခါနီးမှာ ကိုယ့်ဘဝကိုယ် နောက်ကြောင်းပြန်ပြီးတော့ စာရင်းချုပ်လိုက်မယ် ဆိုပါတော့။ ငါဘာတွေ လုပ်ခဲ့သလဲ၊၊ ဘယ်သူ့အတွက် လုပ်ခဲ့သလဲ။ငါလုပ်ခဲ့သမျှအားလုံးဟာ သူများဖို့ပဲ။သူများအထင်ကြီးဖို့ ငါ့ဘဝကို ငါနေပေးခဲ့တာ။ငါတကယ်လုပ်ချင်တဲ့ အလုပ်ကို မလုပ်ရသေးဘူး။သူများထက်သာဖို့ ကြိုစားနေရတာနဲ့ပဲ ငါ့ဘဝကိုငါ အဓိပ္ပါယ်ရှိရှိ မနေခဲ့ရဘူး။သူများကို မနာလိုဖြစ်နေရတာနဲ့ပဲ ငါ့ဘဝကိုငါ အဓိပ္ပါယ်ရှိရှိ မနေခဲ့ရဘူး။ နှမျောလိုက်တာလို့ တွေးမိရင် သိပ်နောက်ကျသွားပြီ၊၊

Clary Utilites Pro

ပြန်လည်ကာ မျှဝေခြင်း
 
ဒါလေးကလည်း ပုံလေးကိုမြင်လိုက်တာနဲ့သိမယ်ထင်ပါတယ်။ မသိသေးသူများအတွက် အနည်းငယ်
ရှင်းပြပေးလိုက်ပါတယ်။ Glary Utilities Pro ရဲ့ အသုံးဝင်ပုံလေးကတော့ ကွန်ပြူတာWindows 8,8.1, 7, 2000, XP, Vista. 32/64bit versionမှာမလို လားအပ်တဲ့ System Error တွေ Register Error အပါအ၀င် အခြားတော့ Error တွေကိုလည်း Clean လုပ်ပေးနိုင်ပါတယ်ဗျာ။ Repair လည်း
လုပ်ပေးနိုင်ပါတယ်ဗျာ။ ပြီးတော့ Disk Cleaner လည်းလုပ်ပေးနိုင် ပါတယ်ဗျာ။ 


လက်တစ်ဖက်


လက်တစ်ဖက် ကမ်းပေးခြင်းဖြင့် ကိုယ်ကမ်းပေးလိုက်တဲ့ လက်တစ်ဖက်
ကနေ အားအင်တွေ တိုးပြီး ရလာပါတယ်။
လက်တစ်ဖက် ဖြုတ်ချလိုက်ခြင်းဖြင့် ကိုယ်ဖြုတ်လိုက်တဲ့ လက်တစ်ဖက်
စာ အားအင်တွေ လျော့ပါးသွားပါတယ်။

ကမ်းမယ့်လက်များလည်း အဆင်သင့်ဖြစ်နေအောင် ကြိုးစားပါ။ ချိတ်ထား
သော လက်များလည်း ပိုခိုင်မာလာအောင် ဆုပ်ကိုင်ထားကြပါ။
သို့ သော် မတွယ်သင့်တဲ့လက်ကိုတော့ လွှတ်ပေးလိုက်ပါ။ ဒါမှ တန်ဖိုးရှိတဲ့
လက်တွေကိုဆုပ်ကိုင်ထားဖို့ အဆင်ပြေမှာဖြစ်ပါတယ်။

အလင်းတစ်စက်


ဆုံးမစာ


Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...