CNN သတင်းဌာနက ၂၀၁၂ ခုနှစ်အတွက် သွားရောက်လည်ပတ်စရာ
ကမ္ဘာ့ထိပ်တန်းနေရာ ၉ ခုကို ရွေးချယ်ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံအား နံပါတ် ၃
နေရာတွင် ရရှိကြောင်း သိရှိရသည်။ CNN က ခရီးသွားလုပ်ငန်းဆိုင်ရာ
အဖွဲ့အစည်းများဖြစ်သည့် Lonely Planet, Altour, Smarter Travel, Orbitz,
Travel+Leisure, Budget Travel တို့မှ တာဝန်ရှိသူများ၊ အယ်ဒီတာများ၏
အကြံပြုချက်များအရ ယခုစာရင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအား ဖော်ရွေပျူငှာမှုနှင့် ဧည့်ဝတ်ကျေပွန်မှုရှိသော နေရာတစ်ခုအဖြစ် နာမည်ကျော် Lonely Planet မှ အယ်ဒီတာ ရောဘတ်ရိဒ်က ရည်ညွန်းခဲ့သည်။ CNN ၏ ၂၀၁၂ ခုနှစ်အတွက် သွားရောက်လည်ပတ်စရာ ထိပ်တန်းနေရာများတွင် အင်္ဂလန်နိုင်ငံက နံပါတ် ၁ နှင့် မက္ကစီကိုနိုင်ငံရှိ World of the Maya က နံပါတ် ၂ အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်အတွက် CNN က ရွေးချယ်ခဲ့သည့် သွားရောက်လည်ပတ်စရာ ကမ္ဘာ့ထိပ်တန်းနေရာ ၉ ခုမှာ အောက်ပါအတိုင်းဖြစ်သည်။ ( အောက်ပါ Link မှာ ဖတ်ရှူနိုင် http://edition.cnn.com/2011/12/27/travel/top-destinations-2012/inde... )