လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Monday, August 6, 2012

၂၀၁၂ ခုနှစ်အတွက် သွားရောက်လည်ပတ်စရာ ကမ္ဘာ့ထိပ်တန်းနေရာ ၉ ခုကို ရွေးချယ်ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံအား နံပါတ် ၃ နေရာတွင် ရရှိ

CNN သတင်းဌာနက ၂၀၁၂ ခုနှစ်အတွက် သွားရောက်လည်ပတ်စရာ ကမ္ဘာ့ထိပ်တန်းနေရာ ၉ ခုကို ရွေးချယ်ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံအား နံပါတ် ၃ နေရာတွင် ရရှိကြောင်း သိရှိရသည်။ CNN က ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည့် Lonely Planet, Altour, Smarter Travel, Orbitz, Travel+Leisure, Budget Travel တို့မှ တာဝန်ရှိသူများ၊ အယ်ဒီတာများ၏ အကြံပြုချက်များအရ ယခုစာရင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအား ဖော်ရွေပျူငှာမှုနှင့် ဧည့်ဝတ်ကျေပွန်မှုရှိသော နေရာတစ်ခုအဖြစ် နာမည်ကျော် Lonely Planet မှ အယ်ဒီတာ ရောဘတ်ရိဒ်က ရည်ညွန်းခဲ့သည်။ CNN ၏ ၂၀၁၂ ခုနှစ်အတွက် သွားရောက်လည်ပတ်စရာ ထိပ်တန်းနေရာများတွင် အင်္ဂလန်နိုင်ငံက နံပါတ် ၁ နှင့် မက္ကစီကိုနိုင်ငံရှိ World of the Maya က နံပါတ် ၂ အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်အတွက် CNN က ရွေးချယ်ခဲ့သည့် သွားရောက်လည်ပတ်စရာ ကမ္ဘာ့ထိပ်တန်းနေရာ ၉ ခုမှာ အောက်ပါအတိုင်းဖြစ်သည်။ ( အောက်ပါ Link မှာ ဖတ်ရှူနိုင် http://edition.cnn.com/2011/12/27/travel/top-destinations-2012/inde... )



၁။ အင်္ဂလန်
၂။ မက္ကစီကိုရှိ World of the Maya
၃။ မြန်မာ
၎။ ချီကာဂိုမြို့
၅။ St. Vincent and the Grenadines
၆။ နယ်သာလန်
၇။ ကနေဒါရှိ Atlantic Canada
၈။ ဥရုဂွေး
၉။ အော်လန်ဒိုမြို့
၈။ ဥရုဂွေး
၉။ အော်လန်ဒိုမြို့

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...