လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, May 10, 2012

Window XP Shortcutkeys



Window XP Shortcutkeys ( Shortcutkeys သုံးရတာ..၀ါသနာတူသူငယ်ချင်းများအတွက်ပါ....ဗျာ..)
Posted by မောင်မင်းသုဇင် on January 3, 2012 at 8:30pm
1. Ctrl + C = Copy
2. Ctrl + X = Cut
3. Ctrl + V = Paste
4. Ctrl + A = Select All
5. Ctrl + Z = Undo
6. Ctrl + E = Search Results in the file or folder same F3
7. Ctrl + F = ………………………………………………
8. Ctrl + B = Organize Favorites
9. Ctrl + H = Open the History bar
10. Ctrl + I = Open the Favorites Box
11. Ctrl + L = Open the dialog box
12. Ctrl + N = Start another instance of the browser with the same Web Address
13. Ctrl + O = Open the dialog box same ctrl + L
14. Ctrl + R = Update the current Web Page
15. Ctrl + W = Close the current window

desktop shortcuts မှာ အနောက်မှ color ဝင်နေပါသလား..

 

အဲ့ဒိလိုကြီးပေါ်နေလို့..မကြိုက်ဘူးလား...ပြောင်းချင်သလား....
‎(၁) Righ Click My Computer -> Properties -> Advanced [tab] ကိုသွားပြီး Perfomance [group Box] ထဲက Settings သွားလိုက်ပါ ..
ပြီးရင် Visual Effects [tab] ထဲက Use drop shadows for icon labels on the desktop ကို check ပေးပြီး Apply -> OK ပေးလိုက်ပါ ..

Icon လေးတွေမှာ မြန်မာလို ပေါ်ချင်သူများအတွက် မသိသေးသူများအား ရည်ညွှန်းပါသည်။

 
1. Start>>Control panel ကို အရင်သွားလိုက်ပါ။
2. Control Panel ထဲရောက်ရင်တော့ Appearance and Personalization ထဲက Change the thame ကို ကလစ်လုပ်လိုက်ပါ။
3. ပြီးနောက် window color ကို ကလစ်လုပ်ပေးလိုက်ပါ။
4. Window color and Appearance box လေး ပေါ်လာပါလိမ့်မယ်။
တစ်ချို့စက်တွေမှာတော့ ကြားခံတစ်ဆင့်ပေါ်ပါလိမ့်မယ်။ window color ကို ကလစ်ပေးလိုက်တာနဲ့
မိမိတို့အသုံးပြုနေတဲ့ window တွေရဲ့ အရောင်လေးတွေကို ရွေးနိုင်ရန် ကာလာ လေးများ ပေါ်လာပါလိမ့်မယ်။
အဲံဒါအခါမှာ Advance Appearance Setting ကို ထပ်၍ နှိပ်ပေးမှသာ Window color and Appearance box လေး ပေါ်လာပါလိမ့်မယ်။

အစားအသောက်များမှ မမြင်နိုင်သော လူသတ်ကောင်များ......


အစားအသောက်များမှ မမြင်နိုင်သော လူသတ်ကောင်များ


လူ့ခန္ဓာကိုယ်သည် ဒြပ်စင်(Element)ပေါင်း ၃၃ မျိုးဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ခန္ဓာကိုယ်အတွက် အကျိုးပြုသော ဒြပ်ပေါင်းများ(Compounds) နှင့် သတ္တုဓာတ်များ (Minerals)ကို အစားအသောက်များ စားသောက်ခြင်းဖြင့် အစာလမ်းကြောင်းမှတစ်ဆင့် ရရှိပါသည်။


အမှန်ဆိုရသော် ဓာတုဒြပ်ပေါင်းအတော်များများသည် အဆိပ်အတောက်ပစ္စည်းများ (Toxic Materials) များပင်ဖြစ်သည်။ လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုသောဒြပ်ပေါင်း များမှာမူ အရေအတွက်အားဖြင့် နည်းပါးပါသည်။ ဥပမာအားဖြင့် ရေ၊ အငန်ဓာတ်ပါသော အိမ်သုံးဆား (Sodium Chloride)၊ အချိုဓာတ်ပါ သကြားတွင်ပါဝင်သော ဂလူးကို့စ်(Glucose)၊ အချဉ်ဓာတ်ရှိ စားသောက်ဖွယ်ရာများတွင် ပါရှိသော Citric Acid နှင့် Acetic Acid ဓာတ်၊ ခါးသောအစားအ စာများတွင်ပါဝင်သော Alkaloid ဓာတ်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများတွင်ပါဝင်သည့် Lactose ဓာတ်၊ ဆန်၊ဂျုံပြောင်းတို့မှရရှိသော ကစီဓာတ်(Carbon hydrate)၊ အသားငါးဥနှင့်ပဲအမျိုးမျိုးမှ ရရှိသောအသားဓာတ်(Protein)အစရှိသည်တို့ဖြစ်ပါသည်။


လူ၏ ခန္ဓာကိုယ်အတွင်းသို့ အကျိုးပြုဒြပ်ပေါင်းများကို အစာလမ်းကြောင်းမှတစ်ဆင့်ရရှိသလို အကျိုးမပြုသော ဒြပ်ပေါင်းများကိုလည်း ယင်းအစာလမ်းကြောင်းမှပင် အများဆုံးရရှိသည်။ အကျိုးပြုသည့်ဒြပ်ပေါင်းများကိုရရှိလျှင် ကျန်းမာရေးအတွက် လွန်စွာအထောက်အကူပြုသလို အကျိုးမပြုသည့်ဒြပ်ပေါင်းများ ရရှိပါကကျန်းမာ အသက်ရှည်ရေးအတွက် အလွန်ဒုက္ခပေးပါသည်။

ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိလာသည့် အကျိုးမပြုသော ဒြပ်ပေါင်းများသည် ခန္ဓာကိုယ်က အလိုမရှိသည့် အဆိပ်ပစ္စည်း(Toxic Materials)ဖြစ်သဖြင့် ယင်း
အဆိပ်တွေကို အသည်းက ချေဖျက်ပေးရသည်။

အချိုမှုန့် စားသုံးခြင်း၏ ဆိုးကျိုးများ

မြန်မာလူမျိုးတွေဟာ ၁၉၇၃ ခုနှစ်လောက်ကထိ အချိုမှုန့် လုံးဝ မသုံးခဲ့ဘူး။ အချိုမှုန့်အစား ပုဇွန်ခြောက်တို့၊ ငပိတို့၊ ကြက်သွန်နီတို့ကိုသာ သုံးခဲ့ကြပါတယ်။

အဲဒီလို အသုံးပြုခဲ့တုန်းက ကင်ဆာ၊ ဆီးချို၊ သွေးချို၊ အရိုးပွ၊ သွေးတိုးတို့လို ရောဂါမျိုးဖြစ်တဲ့သူ အရမ်းနည်းပါတယ်။

နောက်ပြီး မှတ်ဉာဏ်နဲ့ပတ်သက်ပြီးလည်း ကွာသွားတယ်။ အရင်က လူကြီးတွေက မှတ်ဉာဏ် ကောင်းကြတယ်။ အခုခေတ် လူငယ်တွေ တော်တော်များများက သတိမေ့တတ်ကြတယ်။ ဒီလိုတွေ ဖြစ်နေတာရဲ့အဓိက တရားခံက တနေ့ စဉ်စားသုံးနေတဲ့ အစားအစာတွေမှာပါတဲ့ Chemical ပစ္စည်းတွေကြောင့်ပဲ ဖြစ်ပါတယ်။

အဲဒီ Chemical တွေကို လူတွေရဲ့ အစားအစာ တွေထဲမှာ ထည့်လိုက်ရင် အစားအသောက်တွေရဲ့ အရသာဟာ ပိုပြီး အရသာကောင်းလာတာ တွေ့ရတယ်။ နောက်တော့ အဲဒီ အရသာကို စွဲလာတယ်။

ကျန်းမာရေးအတွက် လမ်းလျှောက်ခြင်း


ကျန်းမာရေးအတွက် အဘယ်ကြောင့် လမ်းလျှောက်ရန် လိုသနည်း

လမ်းလျှောက်ခြင်းကြောင့် ကျန်းမာရေးနဲ့ ပက်သက်ပြီးတော့ ရရှိတဲ့ အကျိုးကျေးဇူးကတော့ ပြောမကုန်အောင်များပြားပါတယ်။ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွေရဲ့ Sensory touches တွေဟာ ခြေဖဝါးမှာ စုစည်းလို့နေ တယ်လို့ သိရပါတယ်။

ပုံမှာမြင်တွေ့ရတဲ့အတိုင်း ခြေဖဝါးရဲ့ မျက်နှာပြင်တစ်ခုလုံးမှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ ထိတွေ့မှုအာရုံများ ရှိနေပြီး ခြေဖဝါးနှိပ်နယ်ခြင်း(Foot message) လုပ်တာဟာ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲမှုတွေကို ပြေပျောက်စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

အဆုတ်ကင်ဆာအကြောင်း သိထားသင့်သည်များ




အဆုတ်ကင်ဆာက အမျိုးသမီးတွေမှာလည်း ဖြစ်တတ်ပေမယ့် အမျိုးသားတွေမှာ ပိုဖြစ်နှုန်းများတာကို တွေ့နေရပါတယ်။

အမျိုးသားတွေက ဆေးလိပ်သောက်သုံးမှုများလို့ ဖြစ်ရတယ်လို့ ယူဆနေကြပါတယ်။ ဒါကြောင့် အဆုတ်ကင်ဆာနဲ့ ပတ်သက်ပြီး ရောဂါအကြောင်း တိတိကျကျ သိနားလည်ကာ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်စေဖို့ အများသိထားသင့်တဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။

အဆုတ်ကင်ဆာ ဖြစ်စေသော အကြောင်းရင်းများ အဆုတ်ကင်ဆာ ဖြစ်စေတဲ့ အကြောင်းတွေထဲမှာ အဓိကကတော့ ဆေးလိပ်သောက်တာဖြစ်ပြီး အဆုတ်ကင်ဆာဖြစ် သူ ၉၀ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်တာနဲ့ ဆက်စပ်နေတယ်လို့ လေ့လာမှု စစ်တမ်းတွေအရ သိရပါတယ်။

မိမိကိုယ်တိုင် ဆေးလိပ်သောက်တာအပြင် သူတစ်ပါးသောက်တဲ့ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရတာကြောင့်လည်း အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၂၄ ရာခိုင်နှုန်းအထိ မြင့်လာနိုင်ပါတယ်။

ကင်ဆာရောဂါအတွက် ထူးတဲ့အာလူး


ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ် ။


ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံ ရရှိခဲ့ပါတယ် ။


ဆရာတော်က "ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်းဓါတ်စာ ကို မှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိသာသာသက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်" ။


အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ် ။

ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည် ဖန်ခွက်တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အသည်းရောဂါ ၊ ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ ၊သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ ၊ ကျီးပေါင်းနာရောဂါတွေ ပျောက်ကင်းစေတယ်လို့ဆိုပါတယ် ။ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာများရရှိထားတယ်လို့ဆိုပါတယ် ။

အမျိုးသား ရင်ကြားစေ့ရေးအတွက် NLD ပါတီဝင်များ အဝတ်ချွတ် လမ်းလျှောက်နိုင်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ရင်ကြားစေ့ရေးကို တဖွဖွ ပြောဆိုမှုနဲ့ ဒုတိယ ပင်လုံကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီဝင် အမျိုးသမီးများက အဝတ်အစားများချွတ်ကာ အတွင်းခံများဖြင့် လမ်းလျှောက် ထွက်နိုင်တယ်လို့ ပါတီနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယောင်္ကျား ဖြစ်သူ မိုက်ကယ်အဲရစ် တို့ နိုင်ငံက အောက်စ်ဖို့ဒ်လမ်းမ ပေါ်မှာ ဒေသခံ အမျိုးသမီးတစ်စုဟာ စုပေါင်းပြီး သူတို့ရဲ့ ၀တ်စုံတွေကို ချွတ်လို့ အတွင်းခံတွေနဲ့ အေးအေးလူလူ လမ်းလျှောက် ခဲ့ကြပြီး ရင်ကြားစေ့ရေးနေ့ National Cleavage Day ကို ဂုဏ်ပြုတဲ့ အနေနဲ့ အခုလို စုပေါင်းလမ်းလျှောက် ခဲ့ကြတာဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

မိုဘိုင်းဖုန်းကတ်များ ပျက်စီးခဲ့ပါက အခမဲ့ လဲလှယ်ပေးမည်



 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်းဖုန်းကတ်များ ပျက်စီးခဲ့ပါက အခမဲ့ ပြန်လည်လဲလှယ်ပေးတော့မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ကတ်ပျောက်၊ ကတ်ပျက်များကို ယခင်က တစ်သိန်းကျပ် သတ်မှတ်ထားရာမှ ငါးသောင်းကျပ်သို့ လည်းကောင်း၊ အဆိုပါ ငါသောင်းကျပ်မှ နှစ်သောင်းကျပ်သို့ လည်းကောင်း အသီးသီးလျှော့ချပေးခဲ့သည့်အပြင် ယခုအခါ၌ ကတ်ပျက်များကို အခမဲ့ အဖြစ်သို့ လည်းကောင်း၊ ကတ်ပျောက်များကိုမှု ယခင်အတိုင်းနှစ်သောင်းကျပ်အဖြစ်သို့ လည်းကောင်း ပြင်ဆင်သတ်မှတ်ခဲ့သည်ဟု သိရသည်။ 

နည်းပညာတက္ကသိုလ် သင်ရိုးသစ်ဖြင့် လာမည့်နှစ်တွင် သင်ကြားမည်






ပဋ္ဌာန်းချက်အသစ်များဖြင့် နည်းပညာတက္ကသိုလ် ကျောင်းသားများအား လာမည့်ပညာသင်နှစ်မှစကာ သင်ကြားပေးသွားတော့မည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန် ယခင်စက်မှုတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခကြီးများ အပါအဝင် လက်ရှိ တာဝန်ထမ်းဆောင်နေကြသော ပါမောက္ခများနှင့် ပညာရှင်များ စုပေါင်း၍ ညှိနှိုင်းနေသည်ဟု သိရသည်။ လက်ရှိ ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းစာအုပ်ပေါ်တွင် အခြေခံ၍ လိုအပ်သည်များကို ဖြည့်ခြင်း၊ ဖြုတ်ခြင်းများ ဆောင်ရွက်သွားမည့်အပြင် ကျောင်းပြီးသွားပါက ပြန်လည်ဖတ်ရှု လေ့လာနိုင်စေရန် အပိုင်းလိုက်ခွဲ၍ ထုတ်ဝေခြင်းအစား စာအုပ်ကြီးလိုက် ထုတ်ဝေခြင်းကိုလည်း ဆောင်ရွက်သွားမည်ဟု စက်မှုနှင့် သက်မွေးပညာဦးစီးဌာနမှ ဒေါက်တာငြိမ်းဝေက ပြောသည်။ 

ပုဂ္ဂလိကဘဏ်များ ဒေါ်လာကို သတ်မှတ်ငွေလဲနှုန်းထက် ပို၍ရောင်းချပါက တိုင်ကြားနိုင်


From : ခေတ်လူငယ်


နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ခွင့် လိုင်စင်ရထားသော (AD-Authorized Dealer) ပုဂ္ဂလိက ဘဏ်များသည် ဒေါ်လာကိုကုမ္ပဏီများသို့ ဘဏ်အချင်းချင်း ရောင်းဝယ်သောအခါ ဗဟိုဘဏ်က သတ်မှတ်သောနှုန်းထက် ပိုမိုရောင်းချပါက တိုင်ကြားနိုင်ကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “နိုင်ငံခြားငွေဝယ်လိုသော ကုမ္ပဏီများက ပုဂ္ဂလိကဘဏ်ကို သွားဝယ်မယ်ဆိုရင် ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်တဲ့ Exchange Rate ထက် +(or) – 0.3% ထက်ကျော်လွန်ပြီး ရောင်းဝယ်နေတာကို တွေ့လို့ရှိရင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို တိုင်ကြားနိုင်တယ်။ 

၂ဝ၁၅ ဒီချုပ်အလားအလာ ဦးဌေးဦး ပြောကြား




၂ဝ၁၅ ခုနှစ် မြန်မာ့လွှတ်တော် အသိုက်အဝန်း အတွင်း လွှမ်းမိုးမှုရာခိုင်နှုန်းမှာ ယင်းပါတီ ရှေ့ဆက်၍ ပြည်သူ့အကျိုး မည်မျှလုပ်ဆောင်သည့်အပေါ် မူတည် နေေ ကြာင်း ပြည်ခိုင်ဖြိုးအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက မေလ ၂ ရက်နေ့က ပြည်သူ့လွှတ်တော် ခန်းမဆောင်ရှေ့တွင် မီဒီယာများအား ပြောသည်။
 ”သူဒီနေ့အချိန်မှာ ပြောဆိုခဲ့၊ ကတိပေးခဲ့တာတွေ ရှိကောင်းရှိပါမယ်။ ဒီကတိတွေ အပေါ်တည်မြဲမယ်။ ထိန်းသိမ်း နိုင်မယ်ဆိုရင် ပါတီအတွက် ဆက်ရန်ပေါ့”ဟု ၄င်းက   ပြော သည်။၂ဝ၁၅ အတွက် ထိုသို့ သုံးသပ်ပြောကြားသော်လည်း ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲကာလအတွင်းတွင်မှု NLD ပါတီက ပြည်သူ့အားပေးထောက်ခံမှု အပြည့်အဝရရှိခဲ့သည်ဟု ဝန်ခံပြောဆိုခဲ့သည်။

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...