လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, May 10, 2012

မိုဘိုင်းဖုန်းကတ်များ ပျက်စီးခဲ့ပါက အခမဲ့ လဲလှယ်ပေးမည်



 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်းဖုန်းကတ်များ ပျက်စီးခဲ့ပါက အခမဲ့ ပြန်လည်လဲလှယ်ပေးတော့မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ကတ်ပျောက်၊ ကတ်ပျက်များကို ယခင်က တစ်သိန်းကျပ် သတ်မှတ်ထားရာမှ ငါးသောင်းကျပ်သို့ လည်းကောင်း၊ အဆိုပါ ငါသောင်းကျပ်မှ နှစ်သောင်းကျပ်သို့ လည်းကောင်း အသီးသီးလျှော့ချပေးခဲ့သည့်အပြင် ယခုအခါ၌ ကတ်ပျက်များကို အခမဲ့ အဖြစ်သို့ လည်းကောင်း၊ ကတ်ပျောက်များကိုမှု ယခင်အတိုင်းနှစ်သောင်းကျပ်အဖြစ်သို့ လည်းကောင်း ပြင်ဆင်သတ်မှတ်ခဲ့သည်ဟု သိရသည်။ 


ကတ်ပျောက်ဆုံးမှုအတွက် လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လာရောက်လျှောက်ထားရမှာဖြစ်ပြီး ကတ်ပျက်စီးမှုအတွက်ကိုမှု ပျက်စီးသည့် ကတ်ပါရှိလျှင် လဲလှယ်ပေးမည်ဟု သိရသည်။ ရန်ကုန်မြို့၌ ကတ်ပျောက်၊ ကတ်ပျက်များကို ပန်းဆိုးတန်းဆက်သွယ်ရေးရုံး၊ အလုံဆက်သွယ်ရေးရုံး၊ လမ်း ၄၀ ဆက်သွယ်ရေးရုံး၊ ရန်ကုန်စာတိုက်ကြီး၊ ရွှေဂုံတိုင်ဆက်သွယ်ရေးရုံးအပြင် ဒေသတွင်းမိုဘိုင်း ဖုန်းလိုင်းရောင်းချပိုင်ခွင့်ရရှိသည့် ရတနာပုံတယ်လီပို့ ကုမ္ပဏီနှင့် Elite Tech ကုမ္ပဏီတို့၌ လဲလှယ်ဆောင်ရွက်နိုင်ပါသည်။
 
 Myanmar Express

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...