လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, May 10, 2012

ပုဂ္ဂလိကဘဏ်များ ဒေါ်လာကို သတ်မှတ်ငွေလဲနှုန်းထက် ပို၍ရောင်းချပါက တိုင်ကြားနိုင်


From : ခေတ်လူငယ်


နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ခွင့် လိုင်စင်ရထားသော (AD-Authorized Dealer) ပုဂ္ဂလိက ဘဏ်များသည် ဒေါ်လာကိုကုမ္ပဏီများသို့ ဘဏ်အချင်းချင်း ရောင်းဝယ်သောအခါ ဗဟိုဘဏ်က သတ်မှတ်သောနှုန်းထက် ပိုမိုရောင်းချပါက တိုင်ကြားနိုင်ကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “နိုင်ငံခြားငွေဝယ်လိုသော ကုမ္ပဏီများက ပုဂ္ဂလိကဘဏ်ကို သွားဝယ်မယ်ဆိုရင် ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်တဲ့ Exchange Rate ထက် +(or) – 0.3% ထက်ကျော်လွန်ပြီး ရောင်းဝယ်နေတာကို တွေ့လို့ရှိရင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို တိုင်ကြားနိုင်တယ်။ 


ဘယ်နေ့ဘယ်အချိန်မှာ ဘယ်ကုမ္ပဏီက သွားပြီးဝယ်တဲ့အခါ ဘယ်ဈေးနဲ့ ရောင်းပါတယ်ဆိုတာ မှတ်ပြီး တိုင်လို့ရတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ AD လိုင်စင်ကို ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်ရရှိထားပြီး၊ အစိုးရက အကောင်အထည်ဖော်နေသော နိုင်ငံခြားငွေဈေးနှုန်း တည်ငြိမ်နေရေးနှင့် နိုင်ငံခြားငွေ ပေါင်းစည်းရေးလုပ်ငန်းများ အောင်မြင်ရန် ပုဂ္ဂလိကဘဏ်များ၏ ပူးပေါင်းဆောင်ရွက်မှုမှာ အရေးကြီးသည်။ အထက်ပါ သတ်မှတ်ချက်အတိုင်းဘဏ်များက ရောင်းချပေးလျှင် ပို့ကုန်ရငွေကို ပြင်ပတွင် ဈေးကစားရောင်းဝယ်မှုများ လျော့နည်းသွားနိုင်ပြီး၊ ငွေလဲနှုန်းပေါင်းစည်းရေးဆောင်ရွက်မှု ပိုမိုအောင်မြင်လာနိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...