လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, June 1, 2012

မလိုက်ဘူးလို့ ထင်တဲ့ ဝတ်စုံကို ဝတ်ရတာကလည်း စိတ်လှုပ်ရှားစရာ တစ်ခုပါပဲ

31 MAY 2012  | BY SHADE JOURNAL
ဆွဲဆောင် နိုင်တဲ့ ညှို့အလှ ပိုင်ရှင် အေးမြတ်သူ ကို စည်သူ ဘိုကလေး တင့်အောင် ပွဲမှာ “မွှေးလွန်း သည့်ပန်း” သီချင်းကို ကျော်ကျော်ဗိုနဲ့ သရုပ်ဖော် တင်ဆက်ခဲ့ပြီး လူမင်း၊ မင်းမော်ကွန်း တို့နဲ့ “မေတ္တာ ဝင်္ကပါ” တေးသီချင်းကို သရုပ်ဖော် ခဲ့ပါတယ်။ တစ်ခေတ်က ဖျာပုံမယ် တင်တင်အေးနာမည်ကြီးခဲ့တဲ့ တေးသီချင်းလို့လည်း သိရပါတယ်။
“လုပ်ကွက်ရတဲ့ တေးသရုပ်ဖော်လို့ ပြောရင် ရပါတယ်။ ကျွန်တော် မဟုတ်သော ကျွန်တော်ပေါ့။ ပရိသတ်တွေလည်းအမြင်ဆန်းသွားမယ်ထင်ပါတယ်။ အခုလိုမျိုး မြန်မာ ဝတ်စုံ ဝတ်ရတာ ကိုလည်း သဘောကျပါတယ်။ ကျွန်တော်နဲ့ မလိုက်ဘူးလို့ ထင်တဲ့ ဝတ်စုံကို ဝတ်ရတာကလည်း စိတ်လှုပ်ရှားစရာ တစ်ခုပါပဲ။ တေးသရုပ်ဖော် ဆိုပေမယ့် ရယ်စရာ၊ ပြုံးစရာလေးတွေ ဖြစ်နေတယ်။

နှလုံးသားရဲ့သဘောထားလို့ ပြောနေကြတဲ့ သရုပ်ဆောင်နှင့် အဆိုတော် မြကြာညို

31 MAY 2012  | BY SHADE JOURNAL
ပရိသတ် တွေရဲ့ အားပေးမှု ကြောင့် အနုပညာ နေရာ အခိုင်အမာ ရရှိထားသူ သရုပ်ဆောင်နှင့် အဆိုတော် မြကြာညိုကို သူ့မရဲ့ တစ်ကိုယ်တော် ခွေနဲ့ ပတ်သက်ပြီး မေးကြည့် တဲ့ အခါမှာတော့-
လတ်တလော ဘာတွေ လုပ်ဖြစ်နေလဲ။
ညီမရဲ့တစ်ကိုယ်တော်ခွေ ထွက်ဖို့ ပြင်ဆင် နေပါတယ်။ သီချင်း ပိုင်းတွေကို စိတ်တိုင်း ကျအောင် သေချာလေး ဂရုစိုက်ပြီး လုပ်ဖြစ် နေပါတယ်။
အခုထွက်ရှိမယ့် “နှလုံးသားရဲ့သဘောထား”အခွေကို ဘယ်သူတွေ ပါဝင် သီဆိုထားကြလဲ။
ညီမရဲ့တစ်ကိုယ်တော်ခွေမှာ စုံတွဲ(၈)ပုဒ်ပါတယ်။ ညီမနဲ့တွဲ ဆိုမယ့်သူတွေ ကတော့ ထွန်းထွန်း၊ ဥာဏ်လင်းအောင်၊ Wai လျှံ၊ ချမ်းချမ်း၊ နေမျိုး၊ သားကြီး၊ ကိုမင်းခန့်၊ ပူစူးတို့ ပါဝင်ပြီးတော့ သူ တို့နဲ့စုံတွဲသီဆိုမှာပါ။

ဇာတ်ကားတွေ ပြန်လည်ကာ ရိုက်ကူး တော့မယ့် ရတနာမိုင်

31 MAY 2012  | BY SHADE JOURNAL

ဂီတ လောကတွင် အသက်ငယ်ငယ် လေးနဲ့ အောင်မြင်မှု လမ်းကြောင်းပေါ် မှာ လျှောက်လှမ်း နေတဲ့ ရတနာမိုင်ကို သူ့ရဲ့အနုပညာ ကြောင်းများကို စပ်စုမိတဲ့ အခါမှာတော့

မြန်မာ မိန်းကလေး တစ်ယောက် ပီသအောင် အဓိကဘာ တွေလိုအပ် သလဲ။

မြန်မာ မိန်းကလေး တစ်ယောက် ဖြစ်တဲ့ အတွက် ကိုယ်ကျင့်တရား က အရေး အကြီးဆုံး ပါပဲ။ မြန်မာ မိန်းကလေး တစ်ယောက် အနေနဲ့ ကတော့ အိမ်မှုကိစ္စ တွေ နိုင်နင်း ရမယ်။ ပြီးတော့ ချက်တတ် ပြုတ်တတ် ရမယ်။ အရည်အချင်း ရှိရမယ်။ ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့ Life ကို ကိုယ့်ခြေထောက်ပေါ်က ရပ်နိုင်တဲ့သူ ဖြစ်ရမယ်။

မိုင်လေးအနေနဲ့ အမေ့သီချင်းတွေ ပြန်ဆိုဖို့ အစီအစဉ် ရှိလား။

ကြော်ငြာမှာရော သရုပ်ဆောင်ပိုင်းမှာ ပါစူပါ နေရာ ယူလာတဲ့ ရဲတိုက်

31 MAY 2012  | BY SHADE JOURNAL
အနုပညာ လောကမှာ ပရိသတ် အားပေးမှုကို အပြည့်အဝ ရရှိထားသူ ကတော့ သရုပ်ဆောင် ရဲတိုက်ပင် ဖြစ်သည်။ သူ့ကို ဒါရိုက်တာ ဏကြီး ရိုက်ကူးတဲ့ “ဘိုမ” ဇာတ်ကား ရိုက်ကွင်းမှာ တွေ့ဆုံခိုက်မှာ
ထိုင်းနိုင်ငံမှာ သွားရောက် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေး အကြောင်း ပြောပြပါဦး။
ထိုင်းနိုင်ငံဘက်မှာ သွားရိုက်တယ် ဆိုတာ ကလည်း ကိုယ်တတ် နိုင်သလောက် ကိုယ့်အချိန်တွေကို အများအတွက် အကျိုးရှိအောင် လုပ်ပေးခဲ့တာပါ။ ဒါလေးက ကျွန်တော့် မွေးနေ့ အတွက် အမှတ်တရ ပေါ့။ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ သားသမီးတွေဟာ ပညာရေး အတွက် ဘယ်လိုအခက်အခဲရှိလဲဆိုတာကို သူတို့ တစ်တွေ ဘယ် လိုလုပ်ပေးသင့်တယ်၊ သူတို့တွေရဲ့ ဘဝ အခြေအနေက ဘယ်လိုရှိတယ် ဆိုတာကို ချစ်သုဝေနဲ့ အခမဲ့ရိုက်ကူးပေးခဲ့တာပါ။

လမ်းမတော် ၇ လမ်း၌ လုယက်လူသတ်မီးရှို့မှု ကျူးလွန်သူ အား ပျော်ဘွယ်မြို့၌ ယနေ့ ဖမ်းဆီးရမိ

လမ်းမတော် ၇ လမ်း၊ အမှတ် (၇၆)၊ ၄ လွှာ(ယာ)ခန်း၌ မေလ ၃၀ ရက်နေ့ က ဖြစ်ပွားခဲ့သော လုယက်လူသတ် မီးရှို့မှု ကျူးလွန်သူအား ပျော်ဘွယ်မြို့၌ ယနေ့နံနက်တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
လူသတ်မှုကျူးလွန်သူမှာ သေဆုံးသူ၏ မိခင်ဖြစ်သူ နောက်အိမ်ထောင် ဘက်မှ ပါလာသော သားဖြစ်ပြီး အမွေ ကိစ္စနှင့်ပတ်သက်၍ မကျေနပ်ရာမှ အဆိုပါနေအိမ်သို့ လာရောက်စဉ် နေအိမ်ရှိ ဗီဒိုအတွင်းမှ ရွှေထည်ပစ္စည်း များအား ယူဆောင်စဉ် သေဆုံးသူမှ တားမြစ်ခဲ့သည့်အတွက် ၄င်းအား သတ်ဖြတ်ကာ အလောင်းဖျောက်ရန် အတွက် မီးရှို့ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့မှ ထိုပြစ်မှုကျူးလွန်သူအား (၂) ရက်အတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းမှာ အခင်းဖြစ်ပွားရာအိမ်၌ သေဆုံးသူအနီး ရွှေပုဇွန်မုန့်တိုက်မှ ထုတ်လုပ်ရောင်း ချသော မုန့်အချို့အား သက်သေခံပစ္စည်း အဖြစ် တွေ့ရှိရသည့် အတွက် ရွှေပုဇွန်မုန့်တိုက်အား သွားရောက်စုံစမ်းခဲ့ရာ ရွှေပုဇွန်မုန့်တိုက်ရှိ CCTV ကင်မရာမှ တစ်ဆင့် ပြစ်မှုကျူးလွန်သူအား တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များမှ သေဆုံးသူ၏ မိသားစုဝင်များအား

လောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ထင်နေကြသူတွေအတွက်… အောက်ကအချက်(၂၀)ကို ဖတ်ကြည့်ပေးပါ…………။


1. ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊
စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။

2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊
ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။

3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်း ဝယ်နိုင်လိမ့်မယ်၊
မေတ္တာတရား (Love) ကို ဝယ်လို့မရဘူး။


4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို မင်းဝယ်လို့ရလိမ့်မယ်၊
ကျန်းမာခြင်း (Health) ကို ဝယ်လို့မရဘူး။

5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကို
မင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကို ဝယ်လို့မရဘူး။

6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကို မင်းဝယ်လို့ရလိမ့်မယ်၊
ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home) ကို ဝယ်လို့မရဘူး။

7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို မင်းဝယ်နိုင်လိမ့်မယ်၊
ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကို ဝယ်လို့မရဘူး။


ဒီမျှပဲ

အဆုံးသတ်တခုမှာနင့်ကိုငါလွမ်းတရ်…
နင်ကနင်တည်ဆောက်တဲ့ 
ဘ၀မှာနေသားကျနေပေမယ့်
နင်နဲ့ ဝေးကွာခဲ့တဲ့ငါကတော့
နင်မရှိတဲ့ နောက်ဦးတည်ချက်မဲ့နေခဲ့ တရ်…
နင်မရှိပေမယ့်နင်နဲ့ ထပ်တူကျ
ငါ့လုပ်ရပ်တွေပြောင်းလဲမိနေတရ်….
ငါရေးတဲ့ကဗျာတွေကို
မျက်ရည်တွေနဲ့ ထပ်လောင်းပေါင်းသင်ထားတရ်..
အချိန်တန်ရင်နင်လည်းနင့်ဘ၀နဲ့ နင်
ငါလည်းငါ့ဘ၀နဲ့ငါပါ…
ရေစက်မပါလို့သာပေါ့……
ဒီဘ၀တော့ဒီမျှပါပဲတချိန်က……..


လေးစားလျက် (လမင်း)

သစ္စာစကားလေး

ငါ့အသည်းကိုတစစီနင်းချေ....
ရင်ကိုခွဲလေ......မကြင်နာမိုးရေ
ငြိမ်းသတ်ပေးလေ...ဝေဒနာမီးတွေ...
ဘယ်အခါတိုးလေ...လေပြေညှင်းရေ
မျှော်ကာဆွေးနေ.....အချိန်အခါမရွေးပေ....
နင်သာကြားစေ....ပြန်လာပေးလေ.......


တစ်ထောင့်တစ်နေရာက (လမင်း)

အလွမ်းဝင်္ကပါ~~~~

လွမ်းနေတာကို
လွမ်းနေချိန်တိုင်း
အလွမ်းသင့်သူလေး
လွမ်းတိမ်တိုက်တို့
လွမ်းရင်ဝေခဲ့ တာ
လွမ်းသူရင်ထဲ
လွမ်းတေးသီတာ
လွမ်းတယ်လွမ်းတယ်...ဆိုပီး
လွမ်းလွမ်းမိတာ....
လွမ်းရသူးလေးသိရင်သိပ်ကောင်းမှာပဲ......;)


တစ်ထောင့်တစ်နေရာက (လမင်း)

ရပ်နားထားသော သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားစက်ပေး စက်ရုံများအတွက် သုံးစွဲရန် သဘာဝဓာတ်ငွေ့ ပြန်လည်ရရှိသဖြင့် ရန်ကုန်မြို့ရှိ အများပြည်သူများကို ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ လျှပ်စစ်မီးပေးမည်ဟု သိရ

ရပ်နားထားသော သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားစက်ပေး စက်ရုံများအတွက် သုံးစွဲရန် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၇၈ သန်း ပြန်လည်ရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူများကို ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ လျှပ်စစ်မီးပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က မေလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

''အခု သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေအတွက် သဘာဝဓာတ်ငွေ့ တစ်နေ့ကို ကုဗပေ ၁၇၈ သန်းအထိ စွမ်းအင်ဝန်ကြီးဌာနကနေ တိုးပြီးရရှိလာပါတယ်။ အဲဒီအခါမှာ တစ်ပြည်လုံးမှာရှိတဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ၃၉၅ မဂ္ဂါဝပ်အထိ တက်လာတယ်။ အဲဒါကြောင့် ရန်ကုန်မြို့အတွင်းမှာရှိတဲ့ အများပြည်သူကို လျပ်စစ်ဓာတ်အား ပိုပေးမယ်။ ည ၁၁ နာရီကနေ မနက် ၅နာရီအထိ အများပြည်သူကို ညစဉ် လျှပ်စစ်မီး ပေးသွားပါမယ်''ဟု ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် အလုံ၊ လှော်ကား၊ သာကေတ၊ ရွာမမြို့နယ်များ၌ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများရှိပြီး ၎င်းတို့မှာ လည်ပတ်လျက်ရှိသည်။ နယ်မြို့များရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအချို့မှာ သဘာဝဓာတ်ငွေ့ မရရှိမှုကြောင့် ရပ်နား ထားရကြောင်း သိရှိရသည်။

အမျိုးသား တားဆေးပေါ်တော့မည်

ကျန်းမာသန်စွမ်းသော သုက်ပိုးထွက်ရှိမှုအတွက် အဓိကကျသည့် မျိုးဗီဇကို စကော့တလန်မှ ပညာရှင်များက လေ့လာတွေ့ရှိခဲ့ပြီးနောက် အမျိုးသားများ သောက်သုံးနိုင်သည့် ပဋိသန္ဓေတားဆေး ထုတ်လုပ်နိုင်ရန် မျှော်လင့်လာနိုင်ပြီ ဖြစ်သည်။

သုက်ပိုးထုတ်လုပ်ရာတွင် နောက်ဆုံးအဆင့်များအတွက် အရေးပါသော Katanal1 အမည်ရ မျိုးဗီဇကို ကြွက်များတွင် လေ့လာရာ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ Katanal1 မျိုးဗီဇကို တားဆီးနိုင်သော ဆေးဝါး ထုတ်လုပ်နိုင်မည် ဆိုလျှင် အမျိုးသားက ယင်းဆေးကိုသောက်ရုံဖြင့် ပဋိသန္ဓေ တားနိုင်မည်ဖြစ်သည်။

ယခုအချိန်အထိ အမျိုးသားဘက်က ပဋိသန္ဓေတားရန်အတွက် ပုံမှန်အားဖြင့် ကွန်ဒုံးသုံးခြင်းနှင့် သားကြောဖြတ်ခြင်း၊ ထုံးခြင်းကိုသာ ပြုလုပ်၍ရသေးသည်။

အသက် ၇၃ နှစ်အရွယ် ဂျပန်အမျိုးသမီး ဧ၀ရက်တောင်ထိပ်အား တက်နိုင်သော ကမ္ဘာအသက်ကြီးဆုံး အမျိုးသမီးဖြစ်လာ


အသက် ၆၅ နှစ်အရွယ် Tamae Watanabe ကို ၂၀၀၄ ခုနှစ် ဇွန်လ ၂ ရက်က တွေ့ရစဉ်
အသက် ၇၃ နှစ်ရှိပြီဖြစ်သော ဂျပန်အမျိုးသမီးသည် ဧ၀ရက်တောင်ကိုတက်ခြင်းဖြင့် ၎င်း၏ ၁၀ နှစ်တာ မှတ်တမ်းကိုချိုးနိုင်ကာ ဧ၀ရက်တောင် တက်နိုင်ခဲ့သော ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသမီး ဖြစ်လာခဲ့သည်။

Tamae Watanabe အမည်ရ ယင်းအမျိုးသမီးသည် Sherpa ဟုခေါ်သော တောင်တက်ကျွမ်းကျင်သည့် အဖော်သုံးဦးနှင့် ဧ၀ရက်တောင်အား တရုတ်-တိဗက်ပိုင်းတွင်ရှိသော မြောက်ဘက်ဆင်ခြေလျောမှ တက်ခဲ့ခြင်းဖြစ်ပြီး ပေပေါင်း ၂၉၀၂၈ ကျော်(၈၈၄၈ မီတာ)မြင့်သော ဧ၀ ရက်တောင်သို့ မေလ ၁၉ ရက်နေ့ မနက် ၇ နာရီအချိန်တွင် ရောက်ရှိခဲ့သည်။


အရူး

မတောက်တခါက် ငါရေးစပ်တဲ့ကဗျာ
သတ်ပုံမှန်ချင်မှ မှန်မယ်
အလွမ်းတွေ အဆွေးတွေပါချင်မှပါမယ်
သူ့ဘာသာနေတဲ့ နှလုံးသားကို
စကားလုံးတွေနဲ့ ရိုက်ခွဲမယ်
တစစီဖြစ်သွားအောင် ချေမွဖျက်ဆီးပြီး
ခံစားတင်ပြပစ်လိုက်မယ်
ဖတ်ချင်ဖတ် မဖတ်ချင်နေပေါ့
ကဗျာထဲမှာ နေ.ရောညရော ကိုငါကပိုင်တယ်
ကြယ်တွေကိုလည်း ကာရံတွေနဲ့
ခြွေချပစ်နိုင်စွမ်းရှိတယ်
ကဲ..........................
စိတ်ကူးထဲက နတ်သမီးလေးရေ
မင်းအတွက် ကမ္ဘာကြီးတခုလုံးကို
လက်ဆောင်အဖြစ်ပေးလိုက်တယ်
ကျေးဇူးပြုပြီး...............
ငါ့ကိုအရူးလို့ခေါ်ပါ......................။

(လမင်း)

လက်ဆောင်

အချစ်တွေနဲ့ ဆော့ကစားနေတဲ့
ခလေးလေး တယောက်ကို
ပျော်ပါစေဆိုတဲ့ ဆန္ဒတခုတည်းနဲ့
ငါ့အသည်းကို စိတ်ကြိုက်ကစားဖို့
လက်ဆောင်အဖြစ် ပေးလိုက်တယ်
သူပျော်ရွင်သွားသလို
ငါလည်းကျေနပ်မိပါတယ်
မေ့မေ့ပျောက်ပျောက်ပါပဲ
အချိန်တွေကြာလာတော့ စုတ်ပြတ်သတ်နေတဲ့
အသည်းတခုကို ကိုင်ပြီး
သူငါ့ကို ပြန်လာပေးတယ်လေ
သူဆော့လို့ ၀ပြီတဲ့
တကယ်တော့ အစကတည်းက
ငါ သူ့ကိုအပိုင်ပေးခဲ့မှန်း သူမသိခဲ့ဘူးလေ....................။
တစ်ထောင့်တစ်နေရာက (လမင်း)

အဖြည့်ခံ

>အဖြည့်ခံ
>မင်းနင်းတက်တဲ့ လှေကားထစ်
ငါဖြစ်ခဲ့တာ မင်းမသိ
မင်းသိဖို့မလို မင်းဘ၀ကို
မြှင့်တင်ဖို့သာ ငါကြိုးစား....

မင်းရဲ့နောက်ထပ် ခြေတလှမ်း
ငါပင်ပမ်းလည်း နောက်မဆုတ်
မင်းဆန္ဒသာ အဓိက
ပေးဆပ်ရင်းနဲ့ ငါပျော်ရ....


စုန်ရေတမျှ အေးမြလှ
ရေကြည်တပေါက် မင်းသောက်ဖို့
ယူလာပေးစဉ် မင်းကြည်ရွှင်
ပြုံးပျော်မြူးထူး ငါကြည်နူး....

နွေရိုင်း

နွေဟာ မရေမရာနဲ့ရောက်လာ
ရွက်ဝါတွေ မကြွေခင်
အသက်တွေပါသွားလေပြီ....
ဒါ..ပျက်သုန်းခြင်းရဲ့ အစလား
တရားတော့ကျစရာကောင်းပေမယ့်
ငါ တရားတော့မရနိုင်သေးဘူး....
တစ်ခုတော့ပြောချင်တယ်...
နွေရယ်....
မမြဲတဲ့ အနိစ္စသဘောတွေဆိုပေမယ့်
ရက်စက်မှုတွေနဲ့တော့
မခွဲပစ်လိုက်ပါနဲ့
ငါ...ရှင်သန်ခွင့်ရချင်သေးလို့ပါ.... ကမ္ဘာမြေငြိမ်းချမ်းပါစေ....
Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...