လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, June 1, 2012

ဇာတ်ကားတွေ ပြန်လည်ကာ ရိုက်ကူး တော့မယ့် ရတနာမိုင်

31 MAY 2012  | BY SHADE JOURNAL

ဂီတ လောကတွင် အသက်ငယ်ငယ် လေးနဲ့ အောင်မြင်မှု လမ်းကြောင်းပေါ် မှာ လျှောက်လှမ်း နေတဲ့ ရတနာမိုင်ကို သူ့ရဲ့အနုပညာ ကြောင်းများကို စပ်စုမိတဲ့ အခါမှာတော့

မြန်မာ မိန်းကလေး တစ်ယောက် ပီသအောင် အဓိကဘာ တွေလိုအပ် သလဲ။

မြန်မာ မိန်းကလေး တစ်ယောက် ဖြစ်တဲ့ အတွက် ကိုယ်ကျင့်တရား က အရေး အကြီးဆုံး ပါပဲ။ မြန်မာ မိန်းကလေး တစ်ယောက် အနေနဲ့ ကတော့ အိမ်မှုကိစ္စ တွေ နိုင်နင်း ရမယ်။ ပြီးတော့ ချက်တတ် ပြုတ်တတ် ရမယ်။ အရည်အချင်း ရှိရမယ်။ ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့ Life ကို ကိုယ့်ခြေထောက်ပေါ်က ရပ်နိုင်တဲ့သူ ဖြစ်ရမယ်။

မိုင်လေးအနေနဲ့ အမေ့သီချင်းတွေ ပြန်ဆိုဖို့ အစီအစဉ် ရှိလား။

 

ပြန်ဆိုဖို့တော့ အစီအစဉ်ရှိပါတယ်။ အခုထွက်မယ့် စီးရီးထဲမှာ အမေ့ သီချင်းလေး တွေကို ဆရာချစ်ကတီးပေးမယ်လို့ပြောတယ်။ အမေ့သီချင်းကို နှစ်ပုဒ်သုံးပုဒ်လောက်ထည့်မယ်လို့ စိတ်ကူးထား တယ်။ အခြားသီချင်းတွေနဲ့ လိုင်းနဲ့ ကွဲသွားမှာစိုးလို့ မထည့်ဖြစ်လိုက် ဘူး။ နောက်ခွေမှာတော့ ပြန်ဆို ဖို့တော့ အစီအစဉ် ရှိပါတယ်။ အမေနဲ့ မိုင်လေး စုံတွဲဆိုထား တာလည်း ပါမယ်။ အမေ့ သီချင်းတွေကို မိုင်လေး တစ်ယောက်တည်း ဆိုထားတာလည်း ပါမယ်။

မိုင်လေး အခုနောက်ပိုင်း ဇာတ်ကားတွေ ရိုက်ထားတာ မတွေ့ ရသေးဘူးနော်။

ဗီဒီယိုရိုက်ဖို့ အစီအစဉ်တော့ ရှိပါတယ်။ အခုနောက်ပိုင်းမရိုက် ဖြစ်တာက ပွဲတွေ လက်ခံထားတာ လေးတွေ ရှိလို့ ဇာတ်ကားရိုက်ကူး ရေးဘက်ကို မလှည့်ဖြစ် သေးတာပါ။ အခုနောက်ပိုင်း ပွဲတွေပြီးသွား ရင် ဇာတ်ကားရိုက်ဖို့လည်း ပြန်ပြီးတော့ရိုက်ဖြစ်မှာပါ။

မိုင်လေးရဲ့ နှလုံးသား ရေးရာ ကရော ဘယ်လိုရှိလဲ။

မိုင်လေး အခုချိန်မှာတော့ အနုပညာ အလုပ်တွေပဲ လုပ်ဖြစ်နေ တဲ့အတွက် မစဉ်းစားဖြစ်သေးပါဘူး။ အချစ်ရေးကတော့ လိုဦးမယ် လို့ထင်ပါတယ်။ 

ထွန်းထွန်းဝင်း(ပုပ္ပါး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...