လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, June 1, 2012

ရပ်နားထားသော သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားစက်ပေး စက်ရုံများအတွက် သုံးစွဲရန် သဘာဝဓာတ်ငွေ့ ပြန်လည်ရရှိသဖြင့် ရန်ကုန်မြို့ရှိ အများပြည်သူများကို ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ လျှပ်စစ်မီးပေးမည်ဟု သိရ

ရပ်နားထားသော သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားစက်ပေး စက်ရုံများအတွက် သုံးစွဲရန် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၇၈ သန်း ပြန်လည်ရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူများကို ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ လျှပ်စစ်မီးပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က မေလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

''အခု သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေအတွက် သဘာဝဓာတ်ငွေ့ တစ်နေ့ကို ကုဗပေ ၁၇၈ သန်းအထိ စွမ်းအင်ဝန်ကြီးဌာနကနေ တိုးပြီးရရှိလာပါတယ်။ အဲဒီအခါမှာ တစ်ပြည်လုံးမှာရှိတဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ၃၉၅ မဂ္ဂါဝပ်အထိ တက်လာတယ်။ အဲဒါကြောင့် ရန်ကုန်မြို့အတွင်းမှာရှိတဲ့ အများပြည်သူကို လျပ်စစ်ဓာတ်အား ပိုပေးမယ်။ ည ၁၁ နာရီကနေ မနက် ၅နာရီအထိ အများပြည်သူကို ညစဉ် လျှပ်စစ်မီး ပေးသွားပါမယ်''ဟု ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် အလုံ၊ လှော်ကား၊ သာကေတ၊ ရွာမမြို့နယ်များ၌ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများရှိပြီး ၎င်းတို့မှာ လည်ပတ်လျက်ရှိသည်။ နယ်မြို့များရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအချို့မှာ သဘာဝဓာတ်ငွေ့ မရရှိမှုကြောင့် ရပ်နား ထားရကြောင်း သိရှိရသည်။


အခု သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေအတွက် သဘာဝဓာတ်ငွေ့ တစ်နေ့ကို ကုဗပေ ၁၇၈ သန်းအထိ စွမ်းအင်ဝန်ကြီးဌာနကနေ တိုးပြီး ရရှိလာပါတယ်။ အဲဒီအခါမှာ တစ်ပြည်လုံးမှာရှိတဲ့ သဘာဝဓာတ် ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ၃၉၅ မဂ္ဂါဝပ်အထိ တက်လာတယ်။ အဲဒါကြောင့် . . .

ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ပို့လွှတ်လျက်ရှိသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကြားရှိ ၂၃၀ ကေဗွီ ရွှေလီ-မန်စံ ဓာတ်အားလိုင်းမှ တာဝါတိုင်များသည် မေလ ၁၈၊ ၁၉ ရက်နေ့များတွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။ ထို့ကြောင့် ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ၂၀၀ မဂ္ဂ၀ပ် ခန့်ကို မရရှိတော့သဖြင့် မေလ ၂၁ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့အတွင်းရှိ အများ ပြည်သူများကို အလှည့်ကျ မီးပေးစနစ်ဖြင့် လျှပ်စစ်မီးပေးဝေခဲ့ရကြောင်း သိရှိရသည်။


လျှပ်စစ်တာဝါတိုင်များ ပြန်လည်ပြုပြင်ရာတွင် ရွှေလီ-မန်စံ ဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် ၇၃၊ ၂၀၆၊ ၂၀၈ နှင့် ကွန်ကရစ်တိုင် အမှတ် ၂၄၉ အား ပြန်လည်ပြင်ဆင်မှု လုပ်ငန်းများ ၁၀၀ ရာနှုန်း ပြီးစီးသွားပြီဖြစ်ကြောင်း၊ တာဝါတိုင်အမှတ် ၂၀၇ ပြုပြင်မှုမှာ ၆၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း မေလ ၂၉ ရက်နေ့က အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...