လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, June 1, 2012

မလိုက်ဘူးလို့ ထင်တဲ့ ဝတ်စုံကို ဝတ်ရတာကလည်း စိတ်လှုပ်ရှားစရာ တစ်ခုပါပဲ

31 MAY 2012  | BY SHADE JOURNAL
ဆွဲဆောင် နိုင်တဲ့ ညှို့အလှ ပိုင်ရှင် အေးမြတ်သူ ကို စည်သူ ဘိုကလေး တင့်အောင် ပွဲမှာ “မွှေးလွန်း သည့်ပန်း” သီချင်းကို ကျော်ကျော်ဗိုနဲ့ သရုပ်ဖော် တင်ဆက်ခဲ့ပြီး လူမင်း၊ မင်းမော်ကွန်း တို့နဲ့ “မေတ္တာ ဝင်္ကပါ” တေးသီချင်းကို သရုပ်ဖော် ခဲ့ပါတယ်။ တစ်ခေတ်က ဖျာပုံမယ် တင်တင်အေးနာမည်ကြီးခဲ့တဲ့ တေးသီချင်းလို့လည်း သိရပါတယ်။
“လုပ်ကွက်ရတဲ့ တေးသရုပ်ဖော်လို့ ပြောရင် ရပါတယ်။ ကျွန်တော် မဟုတ်သော ကျွန်တော်ပေါ့။ ပရိသတ်တွေလည်းအမြင်ဆန်းသွားမယ်ထင်ပါတယ်။ အခုလိုမျိုး မြန်မာ ဝတ်စုံ ဝတ်ရတာ ကိုလည်း သဘောကျပါတယ်။ ကျွန်တော်နဲ့ မလိုက်ဘူးလို့ ထင်တဲ့ ဝတ်စုံကို ဝတ်ရတာကလည်း စိတ်လှုပ်ရှားစရာ တစ်ခုပါပဲ။ တေးသရုပ်ဖော် ဆိုပေမယ့် ရယ်စရာ၊ ပြုံးစရာလေးတွေ ဖြစ်နေတယ်။


ကိုကြီးကိုချစ်မလား၊ ကောင်လေးကို ချစ်ရမလား ဆိုတာ ဗျာများနေတဲ့ ကောင်မလေးပေါ့။ စတိတ်စင်ပေါ်က ဆိုတော့ အိုက်တင်ကို ပိုလုပ်ရတယ်။ နောက်ဆုံးတန်းက ကြည့်တဲ့ ပရိသတ်ပါ မြင်အောင်ပေါ့။ အိုက်တင်အိုဗာ ဖြစ်အောင်လုပ်ရတဲ့ သဘောမျိုးရှိပါတယ်။ ပခုံးလှုပ်လည်း သိသိသာသာလှုပ်၊ ရယ်လည်း သိသိသာသာရယ်၊ မျက်စပစ်လည်း သိသိသာသာချီပြီး ပစ်၊အင်း ...များများပဲမှရတဲ့ သဘော ပါပဲ။ မိတ်ကပ်လည်းနည်းနည်းပိုတင်ရတယ်”လို့ အေးမြတ်သူကပြောခဲ့ပါတယ်။
အေးမြတ်သူက ပြင်ဦးလွင်မှာ ဒါရိုက်တာ မောင်မောင်မြင့်လွင်၊ သရုပ်ဆောင် သူထူးစံနဲ့ ဒီဗွီဒီ ၂ကားရိုက် ရမယ်လို့ပြောပါတယ်။ သူထူးစံ၊ အေးမြတ်သူ အတွဲကား ဖြစ်တဲ့ “ချစ်သူ မုန်းသူ ရန်သူ၊ ဗာလာနံ”ကားများ လူကြိုက်များခဲ့သလို “လူဆိုးကကျွန်တော်၊ လူမိုက်ကကျွန်မကားကိုလည်း ပရိသတ်များကြိုက်နှစ်သက် မယ်လို့ ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
MPMS

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...