လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, June 1, 2012

ကြော်ငြာမှာရော သရုပ်ဆောင်ပိုင်းမှာ ပါစူပါ နေရာ ယူလာတဲ့ ရဲတိုက်

31 MAY 2012  | BY SHADE JOURNAL
အနုပညာ လောကမှာ ပရိသတ် အားပေးမှုကို အပြည့်အဝ ရရှိထားသူ ကတော့ သရုပ်ဆောင် ရဲတိုက်ပင် ဖြစ်သည်။ သူ့ကို ဒါရိုက်တာ ဏကြီး ရိုက်ကူးတဲ့ “ဘိုမ” ဇာတ်ကား ရိုက်ကွင်းမှာ တွေ့ဆုံခိုက်မှာ
ထိုင်းနိုင်ငံမှာ သွားရောက် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေး အကြောင်း ပြောပြပါဦး။
ထိုင်းနိုင်ငံဘက်မှာ သွားရိုက်တယ် ဆိုတာ ကလည်း ကိုယ်တတ် နိုင်သလောက် ကိုယ့်အချိန်တွေကို အများအတွက် အကျိုးရှိအောင် လုပ်ပေးခဲ့တာပါ။ ဒါလေးက ကျွန်တော့် မွေးနေ့ အတွက် အမှတ်တရ ပေါ့။ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ သားသမီးတွေဟာ ပညာရေး အတွက် ဘယ်လိုအခက်အခဲရှိလဲဆိုတာကို သူတို့ တစ်တွေ ဘယ် လိုလုပ်ပေးသင့်တယ်၊ သူတို့တွေရဲ့ ဘဝ အခြေအနေက ဘယ်လိုရှိတယ် ဆိုတာကို ချစ်သုဝေနဲ့ အခမဲ့ရိုက်ကူးပေးခဲ့တာပါ။


ရဲတိုက် ဖောင်ဒေးရှင်း တည်ထောင်ရတဲ့ ရည်ရွယ်ချက်လေး သိပါရစေ။
ကိုယ်လုပ်နိုင်တဲ့ အရွယ်မှာ လုပ်ရတဲ့အတွက် ကျေလည်းကျေ နပ်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ဝမ်းသာပီတိဖြစ်မိပါတယ်။
ကိုရဲတိုက်က ကြော်ငြာ မှာရော၊ သရုပ်ဆောင် မှာရော စူပါနေရာ ယူထားတာ ဆိုတော့ ကြော်ငြာမှာရော၊ ဇာတ်ကား မှာရော အဓိက ဘာကြည့်ပြီး လက်ခံ ဖြစ်လဲ။
ကြော်ငြာမှာရော၊ သရုပ်ဆောင် မှာရော အလုပ်လုပ်ရတာ နည်းသေးတယ်။ ကိုယ့်ထက် စီနီရာတွေ ရှေ့မှာ နာမည်ကြီးတွေ အများကြီး ရှိပါတယ်။ ဇာတ်လမ်းတစ်ခု ရွေးချယ်မယ် ဆိုရင် အဓိကတော့ ဇာတ်လမ်း ဇာတ်ညွှန်းပါပဲ။ ကိုယ်သရုပ်ဆောင်တစ်ယောက်၏ ရိုက် ချင်၏၊ မရိုက်ချင်၏၊ ဒီလိုကားမျိုးရိုက်ရတာ ကြိုက်နိုင်၏၊ မကြိုက် နိုင်၏ ဒါမျိုးတွေ စဉ်းစားပါတယ်။ အဲဒါမျိုးတွေစဉ်းစားပြီးရိုက်ဖြစ်တာ ပါ။ ကြော်ငြာမှာကျတော့ စိတ်ကိုအများဆုံးပျော်အောင်ထားတယ်။ စေတနာထားပြီး လုပ်တယ်။ ကုန်ပစ္စည်း အပေါ်မှာလည်း စေတနာ ထားတယ်။ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် လုပ်တယ်။ အဓိကတော့ ကြည့်ရတဲ့ ပရိသတ် အပေါ်မှာ စေတနာ ထားပြီးလုပ်တယ်။
ထွန်းထွန်းဝင်း(ပုပ္ပါး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...