လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, January 1, 2013

( အမယ်အိုတစ်ယောက်ရဲ့ ပုံရိပ် )











ဘ၀ရဲ့ စိန်ခေါ်မှုတွေကြား
တိုးဝှေ့ခဲ့ ပြီးပြီ
အပူဒဏ် အအေးဒဏ် မှန်သမျှနဲ့
လောကမှာ ရှင်သန်နေထိုင်ခဲ့တာ
(၇၅) နှစ်ကျော် ရှိပြီ
အခုချိန်ထိလည်း ရပ်နား၍
နေထိုင်ရသည်မဟုတ်
ကံကြမ္မာ အကျိုးမျှော်ကာကိုး၍
အပူမီးလည်း တောက်လောင်ခဲ့ပြီ
စိတ်ချမ်းသာခြင်းမျိုးလဲ တွေ့ရှိခံစားခဲ့ရပြီ

သင်သေသွားသော်



 ဪ လူ့ပြည်လောက
 လူ့ဘဝကား
အိုရ နာရ သေရဦးမည်
မှန်ပေသည်တည့် ။

သို့တပြီးကား
သင်သေသွားသော်
သင်ဖွားသောမြေ
သင်တို့မြေသည်
အခြေတိုးမြှင့်
ကျန်ကောင်းသင့်၏ ။

ပါရမီ(၁၀)ပါး



(၁) စွန့်ကြဲပေးကမ်းခြင်း= ဒါနပါရမီ (Generosity giving)
(၂) ကိုယ်ကျင့်တရား ထိန်းသိမ်းစောင့်ရှောက်ခြင်း= သီလပါရမီ (Morality)
(၃) စည်းစိမ်ချမ်းသာကို စွန့်ခွာ၍ တောထွက်ခြင်း= နေက္ခမ္မပါရမီ (Renunciation)
(၄) အရာရာ၌ တတ်သိနားလည်မှုရှိခြင်း= ပညာပါရမီ (Wisdom)
(၅) ကောင်းမှုကိစ္စမှန်သမျှကို သက်စွန့်ကြိုးပမ်းအားထုတ်ခြင်း= ၀ီရိယပါရမီ (Effort)
(၆) သည်းခံခြင်း= ခန္တီပါရမီ (Patience)
(၇) မှန်ကန်ဖြောင့်မှတ်စွာ ပြောဆိုလုပ်ကိုင်ခြင်း= သစ္စာပါရမီ (Truthfulness)
(၈) ရည်မှန်းချက်ကို ဖြည့်ဆည်းရန် စွဲမြဲစွာ မဖြစ်မနေ အာရုံစိုက်၍ ဇွဲရှိရှိရပ်တည်ခြင်း=အဓိဋ္ဌာန်ပါရမီ (Determination)
(၉) သတ္တ၀ါများအပေါ် ချစ်ခင်ကြင်နာ ကောင်းကျိုးလိုလားခြင်း= မေတ္တာပါရမီ(Loving-kindness)
(၁၀) ချစ်ခြင်း မုန်းခြင်းကင်း၍ အညီအမျှ ထားနိုင်ခြင်း= ဥပေက္ခာပါရမီ (Equanimity)

ဓားရေး ၃၇ ချင်း(စာဆို န၀ဒေး၏ လူးတားမှ)


ဓားရေး ၃၇ ချင်း(စာဆို န၀ဒေး၏ လူးတားမှ)
 စာဆို န၀ဒေး၏ လူးတားမှ -

၁။ဓားချီ
၂။ဓားခင်း
၃။ မျက်နှာကာ
၎။ ဓားလှ
၅။ ဓားလျှိုး
၆။ မှောက်ထိုးရပ်
၇။ ရင်ခွဲ
၈။အသားလှန်
၉။ ဓားခုတ်
၁၀။ ဇင်ယော်သုတ်
၁၁။ တဖက်ထိုး
၁၂။ ရှေ့လှည်း
၁၃။ နောက်လှည်း

နောင်တ - ၁၀ မျိုး


နောင်တ - ၁၀ မျိုး

၁။ အချိန်ရှိ ငယ်စဉ်က ပညာမသင်မိခဲ့လေခြင်း

၂။ ဥစ္စာ မစုဆောင်းမိခဲ့လေခြင်း

၃။ သူတစ်ပါးအချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း

၎။ သူတစ်ပါးအသက်ကို သတ်မိခဲ့လေခြင်း

၅။ သူတစ်ပါးသားမယားကို ပစ်မှားမိခဲ့လေခြင်း

၆။ ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း

၇။ ဆုံးမ စကားကိုနားမထောင်မိခဲ့လေခြင်း

၈။ မိဘကို မလုပ်ကျွေးမိခဲ့လေခြင်း

၉။ ပညာရှိထံ နည်းခံ၍ ပညာမသင်ကြားမိခဲ့လေခြင်း

၁၀။ မြတ်သောအကျင့်ကို မကျင့်မိလေခြင်း

ဆေးလိပ်လက်ဆောင်


ဆေးလိပ်လက်ဆောင် (မယ်ခွေ)

မ၀ယ်ဘူး၊ မယ်ခူးတဲ့ဖက်စို၊
မီးမကူ၊ နေပူမှာ မတင်အားလို့
ထားရတယ်၊ အိပ်ရာအောက်မှာ
မင်းသောက်ဖို့ကို။
ညှာအနား၊ ရှေ့သွားနှင့်ကိုက်လို့တို
မချိုတောင့်လိပ်ဆေး။
ပိုးမကူ၊ ၀ါချည်ဖြူရက်ကယ်နှင့်
ငယ်ချစ်လင်၊ ရွှေဝသွားကို
ပါးလိုက်ကဲ့လေး။

ပျဉ်းမငုတ်တို


ဖုထစ်ရွတ်တွ၊
ငှက်ဠင်းတသို့ 
ပျဉ်းမငုတ်တို၊
သက်ကြားအိုသည်
ကုန်းမိုထက်တွင်
တစ်ပင်တည်း။

ခွဆုံအကွေး၊
သစ်ခေါင်းဆွေးလည်း
အဖေးတက်လှာ
အိုင်းအမာသို့ 
ကျယ်စွာဟက်ပက်
ခြအိမ်ပျက်။

ကုန်းမိုကမ်းပါး၊
မြေပတ်ကြားတွင်
စစ်သားခမောက်၊
ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လက်ပြညွှန်း။

ပိုးစုန်းကြူး ( လယ်တီပဏ္ဍိတ ဦးမောင်ကြီး)


ပိုးစုန်းကြူး ( လယ်တီပဏ္ဍိတ ဦးမောင်ကြီး)


တောင်ပံကွန့်မြူး၊
ပိုးစုန်းကြူး၊
အထူးတဆန်းပင်၊
အရောင်တွဲ့တွဲ့၊
ထွန်းလင်းခဲ့၊
မီးရဲ့ပမာသွင်။
ပျင်းရိလျက်သာ၊အိပ်နေပါ၊
ရောင်ဝါမပေါ်လွင်။

ထိုနည်းတူစွာ၊လူတို့မှာ၊
ပမာနှိုင်းဆင်ခြင်။
ကိုယ်နှင့်ဆိုင်ဘိ၊အလုပ်ရှိ၊
လျှံငြိဂုဏ်ရောင်ထင်။
ကမ္ဘာတိုက်ဘောင်၊
အလုပ်ရောင်၊ ထွန်းပြောင်အမြဲပင်။

လယ်တီဆရာတော် ရဲ. လယ်တီဆုံးမစာ


လယ်တီဆရာတော် ရဲ. လယ်တီဆုံးမစာ


ငါးအာရုံဘင်အစု၊
ခင်မှုနဲ့နေ့ကုန်။
နင်ယခုမေ့ပုံလို၊
တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သောင်းအငူမှာ၊
ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊
နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာထင်အလင်းရယ်နှင့်၊
နင်အဖျင်းပိုထက်သာပို။

ရေထွက်ပေါက် လျော့နည်း လာခြင်း အတွက် စိတ်ပူ နေကြသည့် ပုပ္ပါး ဒေသခံများ

ပုပ္ပါးတောင် ဒေသတွင်း သဘာဝ အလျှောက် ထွက်ရှိသော ရေထွက်ပေါက်များ လျော့နည်း လာခြင်း ကြောင့်    ဒေသတွင်း သောက်သုံးရေနှင့် စိုက်ပျိုးရေး အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ပုပ္ပါးတောင် ချစ်သူများ အသင်းက သုံးသပ်ပြောဆိုသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တရုတ်ထုတ် ပဲပြားနှင့်ပဲချောင်းများ၌ ဓါတုဆိုးဆေးများပါဝင်နေ

ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ရှိ စာသင်ကျောင်း အချို့တွင် တရုတ်နိုင်ငံမှ ၀င်ရောက်လာသော ပဲပြားနှင့် ပဲချောင်းများ၌ ဓာတုဆိုးဆေးများ ပါဝင်နေသည့် အတွက့်  အဆိုပါမုန့်များအား ရောင်းချခြင်း မပြုရန် တားမြစ်ထား သော်လည်း ယခုအချိန်တိုင် ဆက်လက် ရောင်းချ လျှက်ရှိသည်ဟု ကျောင်းသူ ၊ ကျောင်းသားများထံက သိရှိရသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





from , thithtoolwin

ရန်ကုန် နှစ်သစ်ကူးပွဲ ပြင်ဆင်

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ နိုင်ငံရေး ချုပ်ကိုင်မှုတွေ လျှော့ပေါ့ပေးတဲ့ နောက်ဆုံး ပြယုဂ် အဖြစ် လူအများအပြား နှစ်သစ်ကူး မီးပန်းတွေ ပစ်လွှတ်ဖို့ ပြင်ဆင် နေပါတယ်။ စစ်အစိုးရ လက်ထက်မှာ လူစုလူဝေးနဲ့ စုရုံးမှုတွေကို တားမြစ် ထားခဲ့ပြီး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မိုင်ဒါကွင်းမှာ ကျင်းပမယ်

from : thithtoolwin

လျှော့ချပေးသည့်နှုန်းထားအလိုက် အရစ်ကျဖုန်းကဒ် ၀ယ်ယူထားသူများပါ ခံစားခွင့်ရရှိမည်

From ; thithtoolwin

ယခုလဆန်းပိုင်းအတွင်း ဈေးနှုန်းလျှော့ရောင်းချပေးမည့် GSM မိုဘိုင်းဖုန်းကဒ်များအား လျှော့ချပေးသည့် ဈေးနှုန်းအတိုင်း ယခင်က အရစ်ကျစနစ်ဖြင့်ဝယ်ယူခဲ့သော မိုဘိုင်းဖုန်း ကဒ်ဝယ်ယူသူများပါ ခံစားရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သိရှိရသည်။

သတင်း  အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...