လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, January 1, 2013

ပိုးစုန်းကြူး ( လယ်တီပဏ္ဍိတ ဦးမောင်ကြီး)


ပိုးစုန်းကြူး ( လယ်တီပဏ္ဍိတ ဦးမောင်ကြီး)


တောင်ပံကွန့်မြူး၊
ပိုးစုန်းကြူး၊
အထူးတဆန်းပင်၊
အရောင်တွဲ့တွဲ့၊
ထွန်းလင်းခဲ့၊
မီးရဲ့ပမာသွင်။
ပျင်းရိလျက်သာ၊အိပ်နေပါ၊
ရောင်ဝါမပေါ်လွင်။

ထိုနည်းတူစွာ၊လူတို့မှာ၊
ပမာနှိုင်းဆင်ခြင်။
ကိုယ်နှင့်ဆိုင်ဘိ၊အလုပ်ရှိ၊
လျှံငြိဂုဏ်ရောင်ထင်။
ကမ္ဘာတိုက်ဘောင်၊
အလုပ်ရောင်၊ ထွန်းပြောင်အမြဲပင်။


ပျင်းပျင်းရိရိ၊ အိပ်နေဘိ၊
မရှိအလုပ်ခွင်။
မှေးတေးမှိန်တိမ်၊ သေးသိမ်သိမ်၊
အရှိန်ကင်းလိမ့်ပင်။
လူဖြစ်ပါခဲ့၊
အရှိန်မဲ့၊ တကယ့်နွားအသွင်။
 အပျင်းရောဂါ၊ စွဲကပ်လာ၊
မြန်စွာကုဖို့ပြင်။
မကုစားပဲ၊ အပျင်းစွဲ၊ ငမွဲငနုံပင်။

သံပေါက်( လယ်တီပဏ္ဍိတ ဦးမောင်ကြီး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...