လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, May 25, 2012

မိမိ screen ပေါ်က ပေါ်နေတဲ့ .. အရာလေးတွေကို သဘောကြရင် ဓာတ်ပုံရိုက်နိုင်ပါသည်..။ (မသိသေးသောသူများအတွက်)

ဒီနည်းလေးက သိပ်ပီးတော့ အကြီးကြီးလည်း မဟုတ်ပါဘူး..
ဒါပင်မဲ့.. တစ်ချို့ သေးသေးမွှားမွှားလေးတွေကို သတိမထားကြတာ ကျွန်တော်တို့ ကိုယ်တိုင်ပင်ပေါ့..
ဘလော့ကို ဘာတင်ရမလည်း မသိတာနဲ့.. မသိသေးသောသူများအတွက်... ပြန်လည်မျှဝေလိုက်ပါတယ်..
ခင်ဗျာ.. (လေးစားလျက်) လမင်း

အောက်မှာပြထားတဲ့ ပုံကတော့ ကျွန်တော်အခု သုံးနေတဲ့ screen ပုံလေးပါ...
ကီးဘုတ်ကနေဘဲ.... Print Screen ကို နှိပ်လိုက်ရင်ရပါတယ်...

တစ်ခုတော့ ရှိတယ် နှိပ်ရုံနဲ့တော့ မပြီးသေးဘူးနော်.. ကျွန်တို့အသုံးပြုနေတဲ့ ကွန်ပျူတာကနေ ၀က်(စ်)ဖိုင် သို့မဟုတ် ..
Photoshop cs2 တစ်ခုခုတော့ ဖွင့်ပြီးတော့... Copy + Paste လုပ်လိုက်ပါ... ..။

မှတ်ချက် မလုပ်ခင်မှာတော့ မိမိကြိုက်နှစ်သက်တဲ့.. screen ပေါ်မှာ ပေါ်နေတဲ့ပုံရဖို့အတွက် Print Screen အရင်နှိပ်ဖို့တော့ လိုမယ်နော်..

အခွန်မပေးလို့ ဟောလိဝုဒ် ရုပ်ရှင်ကားတွေ မကြည့်ရတဲ့ နိုင်ငံ

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်က ရုပ်ရှင်ရုံတခု
ဓာတ်ပုံ AP
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်က ရုပ်ရှင်ရုံတခု
အင်ဒီုနီးရှားနိုင်ငံမှာ အစိုးရက ပြည်ပက ရုပ်ရှင်ဇာတ်ကားတင်သွင်းတာကို အခွန်အတုတ်တွေ တိုးမြှင့်လိုက်လို့ ရုပ်ရှင်ကားသစ်တွေ မဝင်တာကြာပါပြီ။ ဒီတော့ ရုပ်ရှင်ရုံတချို့လည်း ပိတ်ရမလို ဖြစ်နေသလို ရုပ်ရှင်ကြိုက် ပရိသတ်လည်း နောက်ဆုံးပေါ် ဟောလိဝုဒ်ဇာတ်ကားတွေ မကြည့်ရဘူး ဖြစ်နေတာပါ။ ပိုက်ဆံတတ်နိုင်တဲ့သူတွေကတော့ နိုင်ငံခြားထိသွားပြီး ရုပ်ရှင်ကြည့်ကြပါတယ်တဲ့။ ဘယ်လောက်စိတ်ညစ်စရာကောင်းပါလဲ။ နားထောင်ကြည့်ပါဦး။

လျှပ်စစ်မီးရရှိရေး ဆန္ဒပြသူတချို့ကို ဖမ်းဆီး

ဒီကနေ့မနက်ပိုင်းက ပြည်မြိ့မှာ လျှပ်စစ်မီးရရှိရေး ဆန္ဒပြတောင်းဆိုသူတွေကို အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့က အတင်းဝင်ရောက် ရိုက်နှက်ပြီးတော့ တချို့ကို ဖမ်းဆီးသွားခဲ့ပါတယ်။ အဲဒီ လူတွေကို နေ့လည်ပိုင်းမှာမှ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ ပါတယ်။ မန္တလေးမြို့မှာတော့ မီးပေးတဲ့အချိန် ပုံမှန်လို ပြန်ဖြစ်လာနေပြီလို့ မြို့ခံတဦးကပြောပါတယ်။ ဒါပေမဲ့လည်း ရန်ကုန်မှာ တော့ ပုံမှန်မီးမရသေးဘဲ ပြီးခဲ့တဲ့ရက်ပိုင်းက ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူတချို့ စစ်ဆေး မေးမြန်းခံရမှာကို စိုးရိမ်ပြီး တိမ်းရှောင် နေကြပါတယ်။ ဒီအခြေအနေတွေအားလုံးကို ဘန်ကောက်ကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်း ပေးပို့ထားပါတယ်။

ပြည်မြို့မှာ ဒီကနေ့မနက်ပိုင်းက သုံးရက်မြောက်ဆန္ဒပြခဲ့တာကို အဓိကရုဏ်း နှိမ်နင်းရေးရဲတွေက ကြိုတင် ပြင်ဆင် စီစဉ်ပြီး တော့ကို အတင်း ၀င်ရောက်ရိုက်နှက်ပြီး ဖမ်းဆီးတာတွေ လုပ်ခဲ့တာပါ။ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး တဦး စုစုပေါင်း ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး ပြည်ထောင်ထဲမှာ ချုပ်ထားခဲ့ပါတယ်။ ဆန္ဒပြသူတွေက ထောင်ရှေ့ကို လိုက်သွားကြပြီး စုဝေး စောင့်ဆိုင်း နေခဲ့ကြတာ လူ ၂,၀၀၀ လောက်ထိ ရှိခဲ့တယ်လို့ အဲဒီမှာ ရှိနေသူတဦးက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။ နေ့လည် ၂ နာရီကျော် မှာတော့ အဲဒီလူ ၆ ယောက်ကို အာမခံနဲ့ပြန်လွှတ်ပေးခဲ့တာပါ။ ပြန်လွတ်လာသူ တဦးဖြစ်တဲ့ ကိုကျော်ဆွေက -

စိုးရိမ်ပူပန်မှု လွန်ကဲတဲ့ စိတ်ရောဂါ

ကြာသေးခင်က အမေရိကန်စစ်သားတဦးဟာ အာဖဂန် အရပ်သား (၁၇) ဦးကို ပစ်သတ်ခဲ့ပြီးနောက် Post-Traumatic Stress Disorder (ခေါ်) ပြင်းထန်တဲ့ အန္တရာယ် ကြုံရအပြီး စိုးရိမ်ပူပန်မှု့ လွန်ကဲလာတဲ့ စိတ်ပိုင်းဆိုင်ရာရောဂါအကြောင်း ပိုမိုစိတ်ဝင်စားလာကြပါတယ်။

အမေရိကန်နိုင်ငံက လေ့လာမှု့တခုအရ အီရတ်နဲ့ အာဖဂန်စစ်ပွဲတွေက ပြန်လာတဲ့ စစ်မှု့ထမ်း သုံးပုံ-တပုံမှာ ဒီစိတ်ရောဂါ ခံစားခဲ့ကြပြီး၊ သူတို့အနေနဲ့ ဒီစိတ်ရောဂါမရှိတဲ့ တခြားစစ်မှု့ထမ်းတွေထက်ဆရင် စစ်ပွဲအတွင်းမှရခဲ့တဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ဒဏ်ရာတွေအတွက်လည်း မူးယစ်ဆေးပါတဲ့ ဆေးဝါးတွေ ပိုသောက်ခဲ့ကြပါတယ်။

အခုလို မူးယစ်ဆေးပါတဲ့ ဆေးတွေ သောက်သုံးခဲ့ရတဲ့ ဒီစစ်မှု့ထမ်းတချို့မှာ ပြင်းထန်တဲ့ အကျိုးဆက်တွေအနေနဲ့လည်း ယာဉ်တိုက်မှု့အပါအဝင် မတော်တဆ ထိခိုက်မှု့တွေဖြစ်ခြင်း၊ အရက်စွဲလာခြင်း၊ အကြမ်းဖက်မှု့တွေလုပ်လာခြင်း၊ ကိုယ့်ကိုယ်ကို သတ်သေခြင်း နဲ့ မူးယစ်ဆေးဝါးတွေ အသုံးလွန်ပြီး အသက်ဆုံးရှုံးတာတွေ ဖြစ်လာရတယ်လို့ ဒီလေ့လာမှု့မှာ ဖော်ပြထားပါတယ်။

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...