လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, October 9, 2014

သိစေဖို့ - ၁၀

 

ကိုးကားဖတ်ရှူသမျှ ပြန်လည်မျှဝေခြင်းသာ
 
လူတစ်ယောက်ဟာ ဗီဇကောင်းပြီး မကောင်းတဲ့ ပတ်ဝန်းကျင်မှာ ပျော်မွေ့  မိတဲ့အခါ ပျက်စီးသွားတတ်တယ်။ ဗီဇမကောင်းပေမယ့် ကောင်းတဲ့ ပတ်ဝန်းကျင်နဲ့ တွေ့ ထိလိုက်မိတဲ့ လူမျိုးကြတော့လည်း လောကမှာ သုံးစားလို့ ရသွားပြန်ရော။

ဒီဆိုလိုချက် နှစ်ခုမှာ ပူးပေါင်းဆောင်ရွက်ရတဲ့ အနှစ်သာရနှစ်မျိုးကို အားလုံးတွေ့ ရလိမ့်မယ်။ ပူးပေါင်းဆောင်ရွက်မှု မှန်ကန်ခြင်းနဲ့ မှားယွင်းခြင်းဆိုတာပါ။ မှားယွင်းတဲ့အပေါင်းသင်းမျိုးကို ရှောင်လိုက်ရင်ကို သူ့ အလိုလို ကောင်းတဲ့ အပေါင်းသင်း ရလာတာပါပဲ။
ဘယ်နေရာမှာပဲ နေနေ၊ ဘာလူမျိုးပဲ ဖြစ်ဖြစ် ကောင်းတဲ့ အလုပ်၊ ကောင်းတဲ့ အကျင့်ကို လုပ်ဆောင်နေရင် လူကောင်းပဲ။

ဘာကြောင့် ဒေါသထွက်ကြတာလဲ

>> ဘာကြောင့် ဒေါသထွက်ကြတာလဲ <<

အကြောင်းတရားများအရ ဖြစ်ပေါ်လာသော အကျိုးတရား(များ)ကို နှစ်သက်ခြင်းမရှိသောအခါ၊ လက်ခံလိုခြင်းမရှိသောအခါ၊ စဉ်းစားတွေးတောမှု မပြုနိုင်သောအခါ၊ ကြောင်းကျိုးဆက်စပ်ဖြေရှင်းဖို့ စိတ်ခိုင်မာမှုမရှိသောအခါ၊ အမြင်ကျယ်မှုမရှိသောအခါ 
ဒေါသ(ပြစ်မှားခြင်း၊ မုန်းခြင်း၊ ဖျက်စီးလိုခြင်းစိတ်) ထွက်တတ်ကြပါတယ်။ 
ကြောက်စိတ်က ထိုသို့ဖြစ်ပေါ်အောင် အဓိက တွန်းအားပေးပါတယ်။ 
စွဲလမ်းစိတ်က ကြောက်စိတ်ဖြစ်ပေါ်အောင် အဓိက တွန်းအားပေးပါတယ်။ 
အသိဉာဏ်နုံနဲ့မှုက စွဲလမ်းစိတ်ဖြစ်ပေါ်အောင် အဓိက တွန်းအားပေးပါတယ်။

ပညာ
 
 
>> ဘာကြောင့် ဒေါသထွက်ကြတာလဲ <<

အကြောင်းတရားများအရ ဖြစ်ပေါ်လာသော အကျိုးတရား(များ)ကို နှစ်သက်ခြင်းမရှိသောအခါ၊ လက်ခံလိုခြင်းမရှိသောအခါ၊ စဉ်းစားတွေးတောမှု မပြုနိုင်သောအခါ၊ ကြောင်းကျိုးဆက်စပ်ဖြေရှင်းဖို့ စိတ်ခိုင်မာမှုမရှိသောအခါ၊ အမြင်ကျယ်မှုမရှိသောအခါ
ဒေါသ(ပြစ်မှားခြင်း၊ မုန်းခြင်း၊ ဖျက်စီးလိုခြင်းစိတ်) ထွက်တတ်ကြပါတယ်။
ကြောက်စိတ်က ထိုသို့ဖြစ်ပေါ်အောင် အဓိက တွန်းအားပေးပါတယ်။
စွဲလမ်းစိတ်က ကြောက်စိတ်ဖြစ်ပေါ်အောင် အဓိက တွန်းအားပေးပါတယ်။
အသိဉာဏ်နုံနဲ့မှုက စွဲလမ်းစိတ်ဖြစ်ပေါ်အောင် အဓိက တွန်းအားပေးပါတယ်။

ပညာ

Android User များအတွက် BSPlayer

 

ပြန်လည်ကိုးကား ဝေမျှခြင်းသာ

Android User များအတွက် BSPlayer ဆိုတဲ့ Player အကောင်းစားလေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ BSPlayer လေးက Video များကိုအကောင်းဆုံးရုပ်ထွက်မျိုးနဲ့ ကြည့်ရှုခံစားနိုင်မှာဖြစ်ပြီး Music များကိုလည်း အကောင်းဆုံးအရည်အသွေးမျိုးနဲ့ နားဆင်ခံစားနိုင်မှာပါ။ အခု Player လေးမှာ ကျွန်တော်သဘောကျတဲ့ အ ချက်လေးကတော့ သူ့ရဲ့ Support လုပ်ပေးနိုင်တဲ့ Media တွေကတော့ such as: avi, divx, flv, mkv, mov, mpg, mts, mp4,m4v,rmvb,wmv, 3gp, mp3, စသည်တို့အပြင်အခြားသော ဖိုင်တွေကိုလည်းတွေ့မြင်ရမှာပါ။ နောက်ထပ်ဘာတွေပါသေးလည်းဆိုတာ အောက်မှာဆက်ဖတ်လိုက်ပါ။ ဖိုင်ဆိုဒ်က 8.6MB ရှိပြီး Android: 4.0 နှင့်အထက်ဖုန်းတွေမှာအသုံးပြုနိုင်ပါတယ်။
http://www.winhlaing.org/2014/10/video-music-bsplayer-v119172-apk.html

သိစေဖို့ - ၉

လူမိုက်တစ်ယောက်နဲ့ ပေါင်းပြီး လောကထဲကနေ အမြတ်အစွန်းတွေရနေတာထက် လူလိမ္မာတစ်ယောက်နဲ့ ပေါင်းပြီးအရှုံး တွေကိုရင်ဆိုင်ဖြေရှင်းနေရတာက ပိုမြင့်မြတ်ပါတယ်။

ဖုံးကွယ်လိမ်ညာပြီး ဟန်ဆောင်တဲ့အပြုံးတွေနဲ့ ရှင်သန်နေရတာထက် ရိုးသားမှုကိုအဖော်လုပ်ပြီး ၀မ်းနည်းငိုကြွေးနေရတာက ပိုအဓိပ္ပာယ်ရှိပါတယ်။
ငွေကြေးနဲ့ ရာထူးဂုဏ်ဒြပ်တွေ ဒလဟောဆုံးရှုံးသွားတာထက် နုပျိုတက်ကြွပြီး ငယ်ရွယ်လှတဲ့လူငယ်ဘ၀ကို ဆုံးရှုံးရသည် ကိုသာ ပိုနှမြောနေမိတယ်။

လောကထဲကနေ ရသမျှယူနိုင်တဲ့လူတစ်ယောက်ထက် ကိုယ့်လုပ်ရပ်ကို ကိုယ်တာဝန်ယူနိုင်တဲ့လူတစ်ယောက်အဖြစ်နဲ့ ဘဲ
ရှင်သန်ရပ်တည်နေချင်ပါတော့တယ်။

ရိုးရိုးရှင်းရှင်းလေးပါ


Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...