လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Saturday, June 1, 2013

► ၀င်ခဲ့လေကွယ် . . .◄


► ၀င်ခဲ့လေကွယ် . . .◄

လူရယ်လို့ဖြစ်လာကြရင် အခက်အခဲ၊ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ကြရမှာ မလွဲပါ။
တကယ်တမ်းပြန်စဉ်းစားရင် လူ့ဘ၀အစမှာကတည်းက အငိုနဲ့ စတင်ခဲ့ကြရတာ မဟုတ်ပါလား။

“ အူဝဲ ” ရယ်လို့ ငိုသံပေးပြီး လူ့လောကထဲကို ရောက်လာတဲ့ အချိန်မှာ ပိုင်ဆိုင်မှုရယ်လို့ ဘာတစ်ခုမှ ရှိခဲ့ကြတာ မဟုတ်ပဲ အနှီးစကလေးတစ်ခုတောင် သူများခြုံပေးမှ ပိုင်ဆိုင်ခွင့်ရကြတာပါ။ အသိဥာဏ်ဆိုတာလည်း ဗလာနတ္တိ၊ ဘာသာစကားရယ်လို့လည်း လုံးဝမရှိခဲ့ဘဲ စိတ်အလိုမကျတာ၊ အများသိစေချင်တာတွေကို တပင်တပန်း အော်ဟစ်ငိုကြွေးပြခဲ့ကြရတဲ့ အခြေအနေက အစပြုခဲ့ကြရတာ လူတိုင်းပဲဖြစ်ပါတယ်။ ဒီအခြေအနေ၊ ဒီအနေအထားကနေ တစ်ဆင့်ချင်း သင်ယူ၊ လေ့လာကြရင်း တဖြည်းဖြည်းနဲ့ အသက်တွေ ကြီးရင့်လာကြရပါတယ်။ အသက်တွေကြီးရင့်လာသလို အသိဥာဏ်တွေ ရင့်သန်လာဖို့ဆိုတာကတော့ ကိုယ်တိုင်ကြိုးစားအားထုတ်မှုပေါ်မှာ အခြေခံပါရဲ့။

သိုးဆောင်းစကားပုံတစ်ခုက ဆိုပါတယ်။
“ သင်မွေးဖွားလာချိန်မှာ သင်က ငိုကြွေးပြီး လောကကြီးက ကြည်နူးရယ်မောနေတယ်…
သင်သေဆုံးချိန်မှာ သင်ကရယ်မောပြီး လောကကြီးက ၀မ်းနည်းပူဆွေးပြီး ငိုကြွေးကျန်ရစ်စေရမယ် ”
မှန်ပါတယ်။ တစ်ရက်ပြီးတစ်ရက် သေမင်းနိုင်ငံကို နီးသည်ထက်နီးအောင် သွားနေကြရတဲ့ လူသားဘ၀မှာ ကျန်နေရစ်စရာ၊ ချန်ထားရစ်စရာ သမိုင်းကြောင်းတစ်စတော့ နောင်လာနောက်သားတွေအတွက် ချန်ထားရစ်နိုင်မှပဲ လူဖြစ်ရကျိုးနပ်ပါလိမ့်မယ်။ အဲဒီသမိုင်းကြောင်းကို ချွေးနဲ့ရေးမလား၊ သွေးနဲ့ရေးမလားဆိုတာကတော့ ကိုယ့်ရွေးချယ်မှုပေါ်မှာပဲ မူတည်နေပါတယ်။

► ရယ်မိတယ် . . .◄



“ နားလေးသူမို့ပါ ”

“ ခုနက စင်ပေါ်မှာ အသံအားကောင်းကောင်းနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား ”
“ ဟုတ်ပါတယ်ခင်ဗျာ ကျွန်တော်က တက်သစ်စ ဟဲဗီးအဆိုတော်ပါ ”
“ ဒါဆို တစ်ဆိတ်ကူညီစမ်းပါဗျာ၊ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်လေးအော်ခေါ်ပေးစမ်းပါ။ သူက နားနည်းနည်းလေးတယ် ”
-------------------
“ အပင်ပန်းမခံပါနဲ့ ”

“ ခင်ဗျားကို ၀မ်းနည်းစကားပြောရဦးမယ်၊ ခင်ဗျားဗိုက်က ချုပ်ရိုးတွေ ပြန်ဖွင့်ရမယ်ဗျာ ”
“ ဘာဖြစ်လို့လဲ ဒေါက်တာ ”
“ ခင်ဗျားဗိုက်ထဲမှာ ကပ်ကြေးတစ်လက်မေ့ကျန်ခဲ့လို့ပါ ”
“ ကတ်ကြေးတစ်လက်များ နှမြောမနေပါနဲ့တော့ ဒေါက်တာရယ်၊
ရော့...ပိုက်ဆံ၊ အသစ်တစ်လက် ၀ယ်လိုက်ပေါ့ ”


အကြွေးထဲကနှိမ်လိုက်

◄အကြွေးထဲကနှိမ်လိုက်►

ပည့်တန်ဆာမှုနဲ့ စွဲချက်တင်ခံရသည့် မိန်းကလေးတစ်ယောက်ကို တရားသူကြီး
တစ်ယောက်က စစ်ဆေးနေ သည်။

မေး။ ။ နင့် နာမည်ဘယ်လိုခေါ်လဲ။

ဖြေ။ ။ အို ဘာလို့ မေးတာလဲ။ သူ သိသားနဲ့။

မေး။ ။ နင် ပိုက်ဆံယူပြီး ယောကျာ်းတွေကို ဖျော်ဖြေတယ်ဆိုတာဟုတ်သလား။

ဖြေ။ ။ အို မေးပြန်ပြီ၊ သူလည်း လာဖူးတာပဲ။

တရားသူကြီးမှာ ရှက်လာသည်။ သို့နှင့် ဆက်မမေးတော့ပဲ အမှုကို
အမြန်စီရင်ချက်ချလိုက်သည်။

“ပြစ်မှုကျူးလွန်တဲ့အတွက် ငွေဒဏ် (၂၀၀၀) ကျခံစေ။”

မိန်းကလေးက ပြန်ပြောလိုက်သည်။

“ဒါလေးများ - ရပါတယ်။ သူ့အကြွေးထဲက နှိမ်လိုက်ပေါ့။”
-------------------------------------------
ဟာသလေးများကို ပြန်လည်မျှဝေလိုက်သည် (အန်လ်)

နောက်နေ့တွေအတွက် .. ငါဘာကြောင့် အခုထိမမေ့

နောက်နေ့တွေအတွက် .. ငါဘာကြောင့် အခုထိမမေ့
Photo: ► နောက်နေ့တွေအတွက် .. ငါဘာကြောင့် အခုထိမမေ့ ◄ ရှင်သန်ခြင်းကို .. လက်ခံထားရပင်မဲ့ .. . တစ်နေ့ပြီး တစ်နေ့ဟာ .. ငါ့အတွက် ..ဟောင်းသွားပါတယ်. ဘာကြောင့် အသစ်မဖြစ်တဲ့ .. ငါ့ရဲ့ အနာဂတ်က .. မင်းမကြိုက်တာကို ဘာလုပ်မီလို့လည်း .. ပြန်ပြန်မေးတိုင်း ..နောက်နေ့တွေဟာ .. ပိုပြီး သေဆုံးသွားကုန်တယ်.. အခ်ျိန်တွေ အားလုံးလည်း မင်းအကြောင်းတွေး .. မင်းအကြောင်းရေးပြီး .. အနာဂတ်ဟာ ဒီလိုနဲ့ .. မှောင်မိုက်သွားတယ်.. မင်းစိတ်နဲ့ ငါအသက်ရှင်ပြီး .. ငါ့စိတ်နဲ့ .. ငါ့အနာဂတ်ဟာ ရပ်တန့်နေရတယ်.. မှန်ထဲက ပြန်မြင်နေရတဲ့ .. ငါ့ ရုပ် ငါတောင် .. ငါ့ရော် ဟုတ်ပါသလား .. ငါရော် ဟုတ်ပါသလား... ။ အတိတ်က ငါ့ဘ၀ ၀ဋ်ကျွေးလား .. ငါယုံကြည်ထားပင်မဲ့လည်း အားမတင်းနိုင်တော့ဘူး နောက်နေ့တွေအတွက်... ။ (အန်)


ရှင်သန်ခြင်းကို .. လက်ခံထားရပင်မဲ့ .. .
တစ်နေ့ပြီး တစ်နေ့ဟာ .. ငါ့အတွက် ..ဟောင်းသွားပါတယ်.
ဘာကြောင့် အသစ်မဖြစ်တဲ့ .. ငါ့ရဲ့ အနာဂတ်က ..
မင်းမကြိုက်တာကို ဘာလုပ်မီလို့လည်း ..
ပြန်ပြန်မေးတိုင်း ..နောက်နေ့တွေဟာ ..
ပိုပြီး သေဆုံးသွားကုန်တယ်..

မဆူပါနဲ့ ချစ်သူရယ် ..


ချစ်သူက ပြောတယ် ဘာကြောင့်
အရင်လို ဖုန်းတွေမဆက်တော့တာလဲတဲ့ ...

အချစ်သူ မင်းက ဖုန်းခေါ်မဲ့ အချိန်ကို တိတိကျကျစောင့်နေတာကို ..
အခုက အရင်လိုမဟုတ်တော့ဘူး .. တန်ဖိုးနည်း ဖုန်းတွေကို
လူတိုင်းကိုင်နေကျပြီလေ... မင်းမေ့နေလား ..

လိုင်းတွေက အရင်ကလို မကောင်းတော့ဘူးလေ..
မင်းကို အချိန်မှန်ခေါ်တိုင်း လိုင်းတွေမအားဘူးဖြစ်နေတယ်..

မင်းကမသိတော့ ငါ့ကို ဆူတယ်..
ငါကတော့ အထင်လွဲမှာကြောင့်လို့ စိတ်တွေပူနေရတယ်..

လိုင်းမမီတဲ့ မင်းရဲ့ ရွာထဲကနေ ထွက်လာပြီးတော့ ..
လိုင်းကောင်းတဲ့ မြို့တွေကို မင်းတတ်လာ နေထိုင်ရင် ..
ပိုအဆင်ပြေမယ်ထင်တယ်...

(အန်လ်)

နောက်ထပ်အသည်း မကွဲရပါစေနဲ့

နောက်ထပ်အသည်း မကွဲရပါစေနဲ့
Photo: ♥ နောက်ထပ်အသည်း မကွဲရပါစေနဲ့ ♥ ဘယ်လောက်ပဲ ..ဖေ့ဘုတ်စ်ပေါ်မှာ ကဗျာတွေ စာတွေ တင်နေဖြစ်ပါစေ ..လက်တွေ့မှာ စာသားနဲ့ လူနဲ့က တစ်ခြားဖြစ်နေတယ်.. အရမ်းချစ်တတ်တဲ့ ငါ့ခံစားချက်တွေက .. အပြင်ဘက်မှာတော့ ... သုံးစားမရပဲ .. ဖေ့ဘုတ်စ်မှာ .. လူကြိုက်များလာတဲ့ ကဗျာသာဖြစ်လာတယ်.. ဒီတစ်သက် မိန်မတောင်ရပါမလား .. စိုးရိမ်မိတယ်.. အိမ်မက်နဲ့ စိတ်ကူးယဉ်ဆန်နေတဲ့ ..အချစ်ကို ယဉ်ယဉ်လေးရူးနေတဲ့ .. ကောင်လို့တောင် ဖေ့ဘုတ်စ်သူငယ်ချင်းတွေက သတ်မှတ်ထားနိုင်လောက်တယ်.. အချစ်ကြောင်းတွေကို စာသင်ကျောင်းမှာတော့ မသင်ခဲ့ရဘူး .. အချစ်ကြောင်းတွေကို များများ သိနေတော့လည်း မကောင်းဘူး .. သိတာတွေများလာတော့ အကြိုက်တွေကို ရွေးချယ်တတ်လာတယ်.. ဒါကြောင့်ပဲ ..အခုချိန်ထိ.. ချစ်သူတောင် ရေရေရာရာမပြနိုင်ဘူး .. ဒါကို အပြစ်တော့ မဆိုလိုက်ပါနဲ့ သူငယ်ချင်းတို့ .. ပေါများနေတဲ့ မသေချာမရေရာတဲ့ ဘ၀ထဲမှာ.. လိမ်လည်တာတွေများနေတော့ .. နောက်တစ်ခါ အသည်းကွဲမခံနိုင်လို့ပါ.. ။ (အန်လ်) 1/6/13


ဘယ်လောက်ပဲ ..ဖေ့ဘုတ်စ်ပေါ်မှာ ကဗျာတွေ စာတွေ
တင်နေဖြစ်ပါစေ ..လက်တွေ့မှာ စာသားနဲ့ လူနဲ့က တစ်ခြားဖြစ်နေတယ်..

အရမ်းချစ်တတ်တဲ့ ငါ့ခံစားချက်တွေက ..
အပြင်ဘက်မှာတော့ ... သုံးစားမရပဲ ..
ဖေ့ဘုတ်စ်နှင့် အင်တာနက်မှာ.. လူကြိုက်များလာတဲ့ ကဗျာသာဖြစ်လာတယ်..

◄ကျွန်တော့်သွေး အောင်ပွဲဝင်ခဲ့ပြီ... ဘ၀စာမျက်နှာတစ်နေရာရဲ့ အမှတ်တရ ►

◄ကျွန်တော့်သွေး အောင်ပွဲဝင်ခဲ့ပြီ... ဘ၀စာမျက်နှာတစ်နေရာရဲ့ အမှတ်တရ ►

အမှတ်တရဆိုတာ လူတိုင်းမှာ ရှိဆဲ ထုံးစံပါပဲ
ကျွန်တော့်အတွက် 30-May-2013 နေ့ဟာ ကျန်ခဲ့တဲ့နေ့တွေအတွက်
ပိုပြီး ဘ၀စာမျက်နှာ တစ်နေရာမှာ 
အကောင်းဆုံး အမှတ်တရလို့ ထင်မိပါတယ်.. ။

ဒီအမှတ်တရအကြောင်းလေးကတော့
(ဘီ)သွေးလိုအပ်နေတဲ့ လူကို သွေးလှူလိုက်ရခြင်း ရလဒ်ပါပဲ .. ။

သွေးလှူဘူးတဲ့အလုပ်ကို ကျွန်တော် 2011 ခုနှစ် 6 လပိုင်းလောက်မှာ
တစ်ခါလှူခဲ့ဘူးပါတယ်... ။ အခုတစ်ခါမှာလည်း.....

ကျွန်တော် မြတ်ပါရမီ လူမှုကူညီရေးအသင်းကားနှင့်
နေပြည်တော်ရှိ ဇမ္မူသီရိအထူးကုဆေးရုံကြီးကို ရောက်ခဲ့ပါတယ်... .

(ဘီ)သွေးလိုအပ်တဲ့ လူနာရှင်အတွက် ကျွန်တော့်သွေးကို ထည့်ဖို့
ပထမဆုံး သွေးထုတ်ပြီး သွေးစစ်နေချိန်မှာ ကျွန်တော် စိတ်တွေ ပထမဆုံး
အတွေးပေါင်းများစွာ ၀င်ခဲ့မီနေတာကိုပဲ...။
Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...