◄ကျွန်တော့်သွေး အောင်ပွဲဝင်ခဲ့ပြီ... ဘ၀စာမျက်နှာတစ်နေရာရဲ့ အမှတ်တရ ►
အမှတ်တရဆိုတာ လူတိုင်းမှာ ရှိဆဲ ထုံးစံပါပဲ
ကျွန်တော့်အတွက် 30-May-2013 နေ့ဟာ ကျန်ခဲ့တဲ့နေ့တွေအတွက်
ပိုပြီး ဘ၀စာမျက်နှာ တစ်နေရာမှာ
အကောင်းဆုံး အမှတ်တရလို့ ထင်မိပါတယ်.. ။
ဒီအမှတ်တရအကြောင်းလေးကတော့
(ဘီ)သွေးလိုအပ်နေတဲ့ လူကို သွေးလှူလိုက်ရခြင်း ရလဒ်ပါပဲ .. ။
သွေးလှူဘူးတဲ့အလုပ်ကို ကျွန်တော် 2011 ခုနှစ် 6 လပိုင်းလောက်မှာ
တစ်ခါလှူခဲ့ဘူးပါတယ်... ။ အခုတစ်ခါမှာလည်း.....
ကျွန်တော် မြတ်ပါရမီ လူမှုကူညီရေးအသင်းကားနှင့်
နေပြည်တော်ရှိ ဇမ္မူသီရိအထူးကုဆေးရုံကြီးကို ရောက်ခဲ့ပါတယ်... .
(ဘီ)သွေးလိုအပ်တဲ့ လူနာရှင်အတွက် ကျွန်တော့်သွေးကို ထည့်ဖို့
ပထမဆုံး သွေးထုတ်ပြီး သွေးစစ်နေချိန်မှာ ကျွန်တော် စိတ်တွေ ပထမဆုံး
အတွေးပေါင်းများစွာ ၀င်ခဲ့မီနေတာကိုပဲ...။
(ဘီ)သွေးလိုအပ်တာကလည်း (နှစ်လုံး)လို့ ကြားသိရပါတယ်..
လက်ရှိမှာတော့ ကျွန်တော့်သွေးတစ်လုံးပဲ အဆင်သင့်ရှိနေခိုက်ပေါ့
(ဆရာဝန်မရဲ့ သွေးစစ်ချက်အဖြေကို ကျွန်တော်ကြောက်နေတာတော့ ဧကန်)
ဘာကြောင့်လဲဆိုတော့ အခုနောက်ပိုင်းတွေမှာ ကျွန်တော် သောက်သောက်စားစားလေးတွေ
ရှိနေလို့ပါ... ဥပမာ ပြောရရင် ဘီးပိုး / စီပိုး တို့တွေ့ပြီး
သွေးလိုအပ်နေတဲ့ လူအတွက် ကျွန်တော့်သွေးမရမှာကိုပဲ ပြီးတော့ တွေးမီပါတယ်..
ကျွန်တော့်ရဲ့သွေးဟာ မကောင်းဘူးဆို ..
ကျွန်တော်အတွက် ကျွန်တော်ဝမ်းမနည်ပါဘူး ..။
ကျွန်တော်စိုးရိမ်တာ အခု (ဘီ)သွေးလိုအပ်နေတဲ့ အချိန်မှာ
လက်ရှိ ကျွန်တော်တစ်ယောက်ထည်းဖြစ်နေလို့ပါ..
ထင်ထားတဲ့အတိုင်း ကျွန်တော့်သွေးမရဘူးလို့ ရလဒ်ထွက်လာရင် ..
အတူပါလာတဲ့ မြတ်ပါရမီအသင်းက လူတွေ / လူနာရဲ့ အိမ်သာတွေအတွက်
အချိန်ထက်ပြီး ကုန်ကာ အပြေးအလွှာ နောက်ထပ်သွေးလှူရှင်ကို ရှာရတော့မှာကို
တွေးပြီးပူနေမီတာပါ.. ။
ဒီလိုအတွေးမျိုးတွေနဲ့ ကျွန်တော် ဆေးရုံမှာ ထိုင်လိုက် လမ်းလေးလျှောက်လိုက်နဲ့ စိတ်ထဲမှာ
စဉ်းစားရင်း ထိုင်မရ ထမရ ဖြစ်နေပါတယ်.. ။
မိနစ် 30 ကြာကြာလောက်မှာ သွေးစစ်နေတဲ့ ဆရာဝန်မ အပြင်ထွက်လာပါတယ်..
ကိုနေလင်းအောင် ရှိပါသလားပေါ့ (ဟုတ်ကဲ့... ရှိပါတယ်.. )
ဆရာမက အစ်ကိုသွေးလှူဖို့လား မေးပါတယ်.. ။
ကျွန်တော်က ဟုတ်ပါတယ်..။ ဒါဆိုရင်ရပါပြီးတဲ့ အားလုံးသွေးစစ်တာ
အဆင်ပြေတယ်တဲ့ ... အော်....ဟုတ်ကဲ့..
ကျွန်တော့်စိတ်ထဲက ခံနေတဲ့ အဆိုင်အခဲကြီး ဂလုဆို ကျသွားပါတယ်...
ပျော်ရွှင်စွာနဲ့ ကျွန်တော်သွေးထုတ်ဖို့ အခန်းထဲကို ၀င်သွားခဲ့ပါတယ်.. ။
ိကိုယ့်ကိုယ်ကို ပြန်ပြီး ၀မ်းသာပီတီနဲ့ ကျွန်တော့်စိတ်တွေ အလွန်ကျေနပ်နေပါတယ်.. ။
ဘာပဲဖြစ်ဖြစ် လိုအပ်နေတဲ့ သွေးလူနာရှင်အတွက် ကျွန်တော့်ရဲ့ သွေးပေးဆပ်လိုက်နိုင်တာကို
ပျော်ရွှင်ကျေနပ်နေမီပါတယ်.. ။
အားလုံးအပီးမှာ ကျွန်တော့်ကို သွေးစစ် မှတ်တမ်းထုတ်ပေးပါတယ်.. ။
အားလုံး..အဆင်ပြေလို့ ပြန်မဲ့အချိန်မှာ ...
လူနာမိသားစုထဲက တစ်ယောက်က ကျေးဇူးတင်စကားနဲ့အတူ ကျွန်တော့်ကို
သွေးလှူပေးတဲ့အတွက်ကြောင့် ပိုက်ဆံဆိုပြီး လာပေးပါတယ်.. ။
ဒီလိုအချိန်မှာ ကျွန်တော့်သွေး အောင်ပွဲဝင်ခဲ့လို့ ပျော်ရွှင်ကျေနပ်ခြင်းထက်
ဘယ်အရာမှ မလဲနိုင်ခဲ့ပါဘူး .. ။
ပေးတဲ့ ပိုက်ဆံကိုလည်း မယူလို့ လူနာရှင်ရဲ့ မိသားစုက ကျေးဇူးတွေ အထပ်ထပ်တင်နေတာ
ကြားနားနေမိပါတယ်. ။ ဒီကျေးဇူးတွေကိုပဲ ကျွန်တော့်ကျေးဇူးပြန်တင်ပြီး
ထွက်ခွာလာခဲ့ပါတယ်... ။
လူနာရှင်မိသားစုကို ကျွန်တော်ပိုက်ဆံမယူလို့လဲ ဘာစိတ်မှာမထားပါနဲ့
အစ်မတို့ အစ်ကိုတို့ လူနာကိုသာ စောင့်ေ၇ှာက်ပါလို့ ပြောခဲ့ရင်း .....
အများအပူ မျှတူပူ၍ .. မွန်မြတ်ခြင်းစိတ် ထားပါတော့ .. ။
တစ်ထောင့်တစ်နေရာက ဖတ်ရှု့ကြသော သူငယ်ချင်းများကို ကျေးဇူးတင်လျက်
(အန်လ်အယ်လ်အေ) 1/6/13
♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)
Related Post
Menu
- ချက်တတ်ပြုတ်တတ်တဲ့ ကိုယ်ကိုတွေကို ပျိုပျိုမေတွေ အမှတ်ပေးတာ ဟုတ်သလား
- အခုတော့ ဦးရဲ ပြောပြီးပေါ့.. ကိုယ့်အပြစ်နဲ့.. ကိုယ် (လမင်း)
- Heart ♥ ထိတယ်
- အဖြစ်မှမရှိတဲ့.. ငါ
- အများကြီးမလိုအပ်သောငွေနှင့် အများကြီးလိုအပ်သော မိတ်ဆွေ
- အနာဂတ်ကောင်းကင်ကြီးဘယ်တော့ တောက်ပမည်နည်း..?
- ပင်ပန်းပါစေ
- အမှောင်ထဲက ကျွန်တော်
- ဘာမှ မပြောင်းလဲပါ ဒီတိုင်းပဲ...
- လူတွေလိုအပ်တဲ့ လူတစ်ယောက်မဖြစ်ရင်တောင် လူတွေမလိုအပ်တဲ့ လူပိုတစ်ယောက်လဲ မဖြစ်ချင်ပါဘူး...
- နွားကလေးနို့ နွားကြီးစို့
- အဖေ့မိုးက ရေပါမိုး
- မေမြို့ လွမ်းချင်း***♪♪
- လက်ကိုက်ခွေး
- အချစ်ကို နှစ်တရာမက ချစ်ချင်သူ...
- မဖြစ်နိုင်တဲ့ ၁၀ စက္ကန့်
- အောင်မြင်ခြင်းရဲ့ လျှိုဝှက်ချက်
- အပျိုကြီး / လူပျိုကြီးများ ဘယ်သော်အခါမှ ပြည့်စုံခြင်းမရှိ
- တွက်ကြ ချက်ကြသော နှစ်လုံးသမားများ
- မြည်းတစ်ကောင်ရဲ့ သတ္တိ
- အောက်ခြေလွတ်လို့ (ဟာသ)
- နားနားပြီးပြော(ဟာသ)
- ခြေလှမ်းများ
- အလွမ်း(အကြိုက်ဆုံး ကဗျာ)
- ချစ်စရာ .. ဓလေ့လေးတစ်ခုပါ
Saturday, June 1, 2013
Subscribe to:
Post Comments (Atom)
Comment ;
HTML Comment Box is loading comments...
No comments:
Post a Comment