နောက်ထပ်အသည်း မကွဲရပါစေနဲ့
ဘယ်လောက်ပဲ ..ဖေ့ဘုတ်စ်ပေါ်မှာ ကဗျာတွေ စာတွေ
တင်နေဖြစ်ပါစေ ..လက်တွေ့မှာ စာသားနဲ့ လူနဲ့က တစ်ခြားဖြစ်နေတယ်..
အရမ်းချစ်တတ်တဲ့ ငါ့ခံစားချက်တွေက ..
အပြင်ဘက်မှာတော့ ... သုံးစားမရပဲ ..
ဖေ့ဘုတ်စ်နှင့် အင်တာနက်မှာ.. လူကြိုက်များလာတဲ့ ကဗျာသာဖြစ်လာတယ်..
ဒီတစ်သက် မိန်မတောင်ရပါမလား .. စိုးရိမ်မိတယ်..
အိမ်မက်နဲ့ စိတ်ကူးယဉ်ဆန်နေတဲ့ ..အချစ်ကို ယဉ်ယဉ်လေးရူးနေတဲ့ ..
ကောင်လို့တောင် ဖေ့ဘုတ်စ်နှင့် အင်တာနက် သူငယ်ချင်းတွေက သတ်မှတ်ထားနိုင်လောက်တယ်..
အချစ်ကြောင်းတွေကို စာသင်ကျောင်းမှာတော့ မသင်ခဲ့ရဘူး ..
အချစ်ကြောင်းတွေကို များများ သိနေတော့လည်း မကောင်းဘူး ..
သိတာတွေများလာတော့ အကြိုက်တွေကို ရွေးချယ်တတ်လာတယ်..
ဒါကြောင့်ပဲ ..အခုချိန်ထိ.. ချစ်သူတောင် ရေရေရာရာမပြနိုင်ဘူး ..
ဒါကို အပြစ်တော့ မဆိုလိုက်ပါနဲ့ သူငယ်ချင်းတို့ ..
ပေါများနေတဲ့ မသေချာမရေရာတဲ့ ဘ၀ထဲမှာ..
လိမ်လည်တာတွေများနေတော့ .. နောက်တစ်ခါ အသည်းကွဲမခံနိုင်လို့ပါ.. ။
(လမင်း) 1/6/13

No comments:
Post a Comment