လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, June 7, 2012

တစ်မိနစ်အတွင်း စိတ်ဖိစီးမှုများကို လျော့ကျသွားစေမည့် နည်းလမ်း (၅) သွယ်


စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ဖို့ ပထမ ဆုံးလုပ်ရမှာက သက်တောင့်သက်သာ အနား ယူပါ။ လုပ်ငန်းခွင်မှာဖြစ်စေ၊ နေအိမ်မှာဖြစ်စေ တစ်မိနစ် (သို့မဟုတ်) တစ်မိနစ်ထက်လျှော့ပြီး နားကြည့်မယ်ဆိုရင် ငြိမ်းအေးမှုဆိုတာကို ခံစား လာရပါလိမ့်မယ်။

နည်းလမ်း (၁)
ခေါင်းမော့ပြီး မျက်နှာကြက်ကို အာရုံ စူးစိုက်ကြည့်ပါ။ ပြီးရင် အမှတ်စဉ် (၆၀) ကနေပြီး တဖြည်းဖြည်း သုညအထိ ရေတွက်ပါ။
ကျောရိုးက ဖြာထွက်တဲ့ အာရုံကြော အဖွဲ့အစည်းရဲ့ လှုပ်ရှားမှု မှန်ကန်စေဖို့ ကျောရိုး ကို မတ်မတ်ထားပြီး အာရုံစူးစိုက်ကြည့်ပါ။ အဲဒီလို အာရုံစူးစိုက်လိုက်တဲ့အတွက် သွေးပေါင်ချိန်ကို လည်း ကျဆင်းစေနိုင်ပြီး အသက်ရှူနှုန်းကိုလည်း နှေးသွားစေပါတယ်။ ဒီအဆင့်ရောက်ရင် အာရုံ ပျံ့လွှင့်မှုကို စူးစိုက်နိုင်တဲ့အနေအထားကို ရောက် လာပါလိမ့်မယ်။

နည်းလမ်း (၂)
စိတ်ပူပင်မှုတွေ အားလုံးကို မှတ်စု စာအုပ်မှာ ချရေးလိုက်ပါ။ ပြီးရင် မနက်ဖြန်မှာ လုပ်ရမယ့် အလုပ်အဖြစ် စုစည်းထားပါ။ ရင်ဆိုင် လုပ်ကိုင်ရမယ့် ပြဿနာရပ် အားလုံးကို စာရွက် ပေါ်မှာ ချရေးထားပါ။ အဲဒီလို ရေးမှတ်လိုက်တာ တွေဟာ နောက်လုပ်ရမယ့် အလုပ်တွေအဖြစ် မှတ်ယူရပါမယ်။ အနားယူလိုက်တဲ့ အချိန် အတောအတွင်းမှာ အဲဒီပြဿနာရပ် အားလုံးကို လုံးဝမေ့ထားလိုက်ပါ။


နည်းလမ်း (၃)
အသက်ကို ၀အောင်ရှူပါ။ လေကို နှာ ခေါင်းပေါက်က တဖြည်းဖြည်းရှူသွင်းပြီး ထွက် လေကို ပါးစပ်က, တဆင့်ထုတ်ပါ။ အဲဒီလို အသက်ရှူတဲ့ ပုံစံကို (၁၀) ကြိမ် လုပ်ကြည့်ပါ။ ဖြည်းဖြည်းချင်း အသက်ရှူမှုဟာ နှလုံးခုန်နှုန်းကို မျှတစေပြီး ခန္ဓာကိုယ် ငြိမ်သက်အေးချမ်းမှုကို ရစေပါတယ်။ လေကို ရှူသွင်းပြီး ပြန်ထုတ်တဲ့ အချိန်အတွင်းမှာ ကိုယ့်ရဲ့ ၀မ်းဗိုက်ကို အာရုံ စူးစိုက်ထားပါ။ လေကိုရှူသွင်းပြီး ပြန်ထုတ်တဲ့ အချိန်တိုင်းမှာ ၀မ်းဗိုက်ဟာ ပိန်လိုက်ဖောင်းလိုက် ဖြစ်နေပါလိမ့်မယ်။ အဲဒါကို အာရုံစူးစိုက်ထား လိုက်ပါ။ အဲဒီလို အာရုံစူးစိုက်ထားတဲ့ အချိန် အတွင်းမှာ ပြင်ပက အနှောက်အယှက်တွေ ၀င် မလာနိုင်ဘဲ ကိုယ့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ စူးစိုက် ထားတဲ့ အာရုံဟာ တည်တည်ငြိမ်ငြိမ် ဖြစ်လာ ပါလိမ့်မယ်။ ကိုယ့်ရဲ့ သမာဓိအား ခိုင်မာ ကောင်းမွန်လာတာကို ခံစားရလာမှာပါ။

နည်းလမ်း (၄)
ခန္ဓာကိုယ်ပေါ်မှာ အာရုံစူးစိုက်ထားသ လို ကိုယ့်ရဲ့ ခန္ဓာကိုယ်ဟာ တိမ်တွေပေါ်မှာ လေ ထဲမှာ လွှင့်မျော နေသလိုမျိုး စဉ်းစားကြည့်ပါ။
ကိုယ့်အနားကို ဖြတ်သွားတဲ့ အရာအား လုံးကို မြင်တွေ့ရသလိုမျိုး ခံစားရပါလိမ့်မယ်။ လမ်းညွှန်မှုပါတဲ့ တွေးတောဆင်ခြင်မှုဟာ အင် တိုက်အားတိုက် ကမ္မဌာန်းထိုင်တဲ့ သဘောမျိုးဖြစ် လာပြီး အဲဒီလိုကမ္မဌာန်း ထိုင်ပေးလိုက်တဲ့အ တွက် နေ့စဉ်တွေ့ကြုံနေရတဲ့ ပူပင်သောကတွေနဲ့ စိတ်ဖိစီးမှုတွေကို သက်သာရာရစေပါတယ်။ ခန္ဓာ ငါးပါး၊ ရုပ်နာမ် နှစ်ပါးစလုံးကို ထည့်သွင်း ရှုမြင် ကြည့်ပါ။ မြင်တာကို မြင်တယ်လို့မှတ်ပါ။ ကြား တာကို ကြားရတယ်လို့ မှတ်ပါ။ အနံ့ရရင်လည်း အဲဒီအနံ့ကို မှတ်ပါ။ ထိတာသိရင်လည်း မှတ် ကြည့်ပါ။ ခန္ဓာကိုယ်က ခံစားနေရတဲ့အရာအား လုံးကို မှတ်နေခြင်းဟာ ပစ္စုပ္ပန်တည့်တည့်ကိုသာ ကြည့်နေတဲ့သဘော ဖြစ်နေတာကြောင့် ဒီတဒင်္ဂ အချိန်လေးဟာ ပူပင်သောက၊ ဗျာပါဒတွေနဲ့ စိတ်ဖိစီးမှုတွေ မရှိတော့ဘဲ ငြိမ်းချမ်းတဲ့ သုခ ချမ်းသာခြင်းကို ရရှိလာနိုင်ပါတယ်။

နည်းလမ်း (၅)
ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကို တဖြည်းဖြည်းချင်း လျော့ချပါ။ ကိုယ့်ရဲ့ ဦးခေါင်း ကနေ ခြေဖျားအထိ တောင့်တင်းနေတာတွေကို တဖြည်းဖြည်းနဲ့ လျော့ချလိုက်ပါ။
စိတ်ရဲ့ ဖိစီးမှုဒဏ်က ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကိုလည်း တောင်းတင်းစေတတ် ပါတယ်။ အဲဒီလိုဖြစ်လာရင် နာကျင်တာတွေ၊ ကိုက်ခဲတာတွေ၊ သက်တောင့်သက်သာ မဖြစ် တာတွေကို ခံစားလာရပါတော့တယ်။ ခန္ဓာကိုယ် က ကြွက်သားတွေ အကြောမျှင်တွေ လျှော့ချ လိုက်တဲ့အတွက် စိတ်ရဲ့ ပူပင်သောကတွေကို လည်း လျော့ကျစေပါတယ်။

စိတ်ဖိစီးမှုနဲ့ ပူပင်သောကတွေ ကင်း ဝေးစေဖို့ ယခုချက်ချင်း လက်တွေ့လုပ်ဆောင် ကြည့်လိုက်ပါ။ စိတ်ရဲ့ချမ်းသာသုခကို လက်တွေ့ ခံစားလာရပါလိမ့်မယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...