လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, June 7, 2012

နေပြည်တော်တွင် လမ်းမီးများ စတင်ငြှိမ်းပြီ


by CJMyanmar

မြန်မာနိုင်ငံ မြို့အတော်များများတွင် ဆင်နွှဲနေကြသော လျှပ်စစ်မီးပုံမှန်ရရှိရေး ဖယောင်းတိုင်မီးထွန်း ငြိမ်းချမ်းစွာ ဆန္ဒပြုပွဲများ၏ အကျိုးဆက်အဖြစ် "နေပြည်တော်တွင် (၂၂၊ ၅၊ ၂၀၁၂) ညမှစတင်၍ လမ်းမီးများ ငြှိမ်းထားကြောင်း၊ မထွန်းမဖြစ် ထွန်းရမည့် လမ်းမီးများကိုလည်း ဓာတ်တိုင် ၃ တိုင်ကျော် လမ်းမီးတစ်မီးသာ ထွန်းကြောင်း၊ မကြာမီ လူနေအိမ်ယာများကိုပါ အလှည့်ကျ မီးပေးစနစ် ပြောင်းလဲကျင့်သုံးရန် စီစဉ်နေသည်ကို ကြားသိရကြောင်း၊" နေပြည်တော်မှ ပြည်သူတစ်ဦးက CJMyanmar သို့ ပြောကြားပါသည်။
ဓာတ်ပုံမှာ ယနေ့ (၂၄၊ ၅၊ ၂၀၁၂) ည ပိုင်းတွင် တွေ့မြင်ရသော- "အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး၊ နေပြည်တော်"

Source by :http://www.irrawaddyblog.com/

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...