လွင်အောင်စိုး ရေးသားသည်

Facebook မှာ ကျနော် ရေးတဲ့ Note တွေမှာ လိုအပ်တဲ့အခါ ဆက်စပ်သတင်းတို့၊ ရည်ညွှန်းကိုးကားတာတို့ ရှိလာရင် Link ကို ထည့်ပေးလေ့ရှိပါတယ်။ အဲဒီလင့်က အပြာရောင်နဲ့ ပေါ်နေပါတယ်။ သူ့အပေါ်မှာ Cursor တင်ပြီး နှိပ်လိုက်ရင် မူရင်းဆီကို တခါတည်း တန်းရောက်သွားစေပါတယ်။ https://www…… တွေ မမြင်ရတော့ပါဘူး။ Copy & paste လည်း လုပ်စရာ မလိုတော့ပါဘူး။ဒီနည်းလမ်းကို သိလာတာက ကျနော့် မိတ်ဆွေတဦးဖြစ်တဲ့ ကိုကျော်… ဆီက ဖြစ်ပါတယ်။ တခါတလေ မြန်မာစာလုံးတွေ ပါတဲ့ https://www…… Link ဆိုရင် စာကြောင်း ၄-၅ ကြောင်းလောက် ဖြစ်နေတာကို
မိတ်ဆွေက ဘဝင်မကျတာနဲ့.. “ဟောဒီလို လုပ်ကြည့်လိုက်ပါ” လို့ အကြံပေး၊ နည်းလမ်းပေးတာနဲ့ လုပ်လိုက်တော့ ရှင်းရှင်းသန့်သန့်လေး ထွက်လာပါတယ်။
စာဖတ်သူတွေလည်း အမြင်ရှင်းတော့ စိတ်ချမ်းသာကြမယ် ထင်ပါတယ်။
No comments:
Post a Comment