လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Monday, February 13, 2012

စိတ်တူ ကိုယ်တူ ဖြစ်ခြင်းဆိုသည်မှာ------------

စိတ်တူ ကိုယ်တူ ဖြစ်ခြင်းဆိုသည်မှာ------------

၁။ စိတ်ဝင်စားမှု၊ ရည်မှန်းချက်၊ လိုအပ်ချက်၊ တာဝန်ယူမှု၊ ပြုမှုတွေးခေါ်ပုံနှင့် ကိုယ်ကျင့်သိက္ခာ၊ ယုံကြည်ချက်တို့
တူညီခြင်း။
၂။ လူမျိုး၊ ဘာသာ ၊ အသက် ၊ ကျား/မ ၊ အသားရောင်နှင့်
အသက်မွေးဝမ်းကျောင်းမှု တူညီခြင်း။
၃။ စီးပွားရေး အဆင့်အတန်း တူညီခြင်း။
၎။ တစ်စိတ်တစ်ဝမ်းတည်းဖြစ်ခြင်း။

စသည့်.. စိတ်တူကိုယ်တူရှိသူများသည်..

♥ မိတ်ဆွေအပေါင်းအသင်းများ ကြသည်။
♥ အတူတကွ ကောင်းမွန်စွာ လုပ်နိုင်ကြသည်။
♥ အချင်းချင်းအပြန်အလှန် ဆောက်ရှောက် ကြသည်။
♥ မည်သည့် အရေးကိစ္စမဆို မျှဝေခံစား အတူဆောင်ရွက်ကြသည်။
♥ အချင်းချင်းအပြန်အလှန် ပံ့ပိုးကူးညီ ကြသည်။
♥ အတူတကွ ယှဉ်တွဲနေထိုင်နိုင် ကြသည်။

(Generation of အနာဂတ်ကောင်းကင်ကြီးဆီသို့....)




**************************************************************
(Generation of အနာဂတ်ကောင်းကင်ကြီးဆီသို့....)

ကဲ .. သူငယ်ချင်းဆို့ရေ အိမ်မက်တွေထဲမှာဘဲ ပျော်နေမဲ့အလုပ်ကို
ရပ်တန်းက ရပ်လိုက်ပါတော့ ..။
အနာဂတ်ဆိုတဲ့ ကောင်းကင်ကြီးမှာ ထွန်းလင်းနိုင်မဲ့ ကြယ်လေးတွေဖြစ်ဖို့ .
အတူလျှောက်လှမ်းကြစို့...။

ဒီခေတ်မှာ ညံ့သူမရှိပါဘူး ဖျင်းရင်သာ ဘယ်လောက်သင်သင် မတတ်တာပါ..။
မတော်၍ ညံ့လျှင် တော်ခွင့်ရှိနိုင်သေးသော်လည်း ဖျင်းလျှင်မှု တော်ခွင့်ရှိရန်
အလားလာ အလွန်နည်းပါးပေလိမ့်မည်..။

ယနေ့ခေတ် ကျွန်တော်တို့ အရှေ့မှ ထွန်းလင်းနေကြတဲ့ ကြယ်တွေအကုန်လုံးဟာ
ပေးဆပ်ခဲ့ရသူတွေပါ ..။ ပေးဆပ်မှုမရှိရင် သက်တောင့်သက်သာ မနေနိုင်ပါဘူး..။
ဇွဲ ၊ လုံ့လ ၊ ၀ိရီယ မရှိတဲ့သူအတွက်တော့ မျှော်လင့်ချက် ပန်းတိုင်ဆိုတာမဲ့နေမှာဘဲလေ..
အရာဝတ္ထုတစ်ခုရွေ့လျားဖို့ (Force)ဆိုတဲ့ အားကို သုံးရပါတယ်.. .။ အားမသုံးရင်တော့
ဘာမှ ရွေ့လျားနိုင် မလာတာကို သူငယ်ချင်းတို့ ( စဉ်းစားကြည့်ပါ).


တော်ချင် တက်ချင် ကျင့်ပါ စကားအရ..။
တော်ချင်ရုံ တက်ချင်ရုံ စိတ်လေးနဲ့ မကျင့်မကြံရင်တော့ ဘာမှမဖြစ်ပါဘူး
လက်တွေ့ကြစေဖို့ (ကျင့်)ဆိုတဲ့ စကားနဲ့ အဆုံးသတ်ထားပါတယ်..။

ပွင့်လင်းစွာ ဆွေးနွေးခြင်း၏ ရလဒ်လေး

ကျွန်တော်တို့ဟာ 2011 ကိုကျော်လို့ 2012 အတွက်လဲ အရှုံးမပေးခြင်းတဲ့ လူငယ်တွေဘဲလေး
တစ်ယောက်နဲ့ တစ်ယောက် ဒီအပေါ်လေးမှာ မမြင်ရပင်မဲ့ ခံစားချက်တွေကို အင်တာနက်ပေါ်မှာ ဆွေးနွေးရင်း
တစ်ယောက်နဲ့တစ်ယောက်ကြား စကားလက်ဆုံပြောကြ မေးကြ ဆွေးနွေးကြရင်း ခံစားချက်တွေပါ တစ်ခါတစ်လေ
ထည့်ပြောလာကြပါတယ်... ကောင်းပါတယ်

တကယ်ဆိုရင် အင်တာနက်က ကျွန်တော်တို့တွေအများကြီး သိသင့် တတ်သင့်အောင် ကြိုးစားဖို့အတွက် ကန်ဏလေး
တစ်ရက်လို့ ထင်မြင်ပါတယ် သူငယ်ချင်းတို့ရေ လူဖြစ်လာပီဆိုထဲကတော့ အားလုံးဟာ မျှော်လင့်ချက်တွေ နဲ့ ရှင်သန်ရင်း
နံနက်ဖြန်တိုင်းကို ကူးခက်နေရတာဘဲ........

တစ်ခါတစ်လေ သောကတွေကိုယ်စီနဲ့ အင်တာနက်ပေါ်လာပီ ရေးရင်း ဆွေးနွေးတတ်ကြပါတယ်
အဲ့သလို ပြောရင်း ပြောရင်း နဲ့လဲ သူငယ်ချင်းတွေစီက အကြံလေး တွေလဲရပါတယ်..
အဲ့သလို ပြောရင်နဲ့ သာမာန်စကားဝိုင်းလေးထဲက တန်ဖိုးရှိတဲ့ စကားတွေ မထွက်လာနိုင်ဘူးလို့ ဘယ်သူပြောမလဲဗျာ..
ဒီလိုဘဲ 2011 ကျော်လို့ အခုလက်ရှိ မရောက်သေးတဲ့ နှစ်သက်အတွက် ကြိုးစားနေအုံးမှာပါ ..

ကြိုးစားမှုတိုင်းမှာ ရလဒ်ကောင်းလေးတစ်ခုတော့ ရှိနေပါတယ်.... ဒါကို သူငယ်ချင်းတို့လဲ သိမယ်ထင်ပါတယ်..
အရင်ကဆို ကျွန်တော်မြန်မာလက်ကွက်တောင် ကောင်းကောင်းမရိုက်နိုင်သေးဘူးဗျ သူများတွေထိုင်လို့
ချက်တင်လေးဘဲ ရိုးရိုးလေးထိုက်နေရတာပေါ့... အဲ့တုန်းကဆို ချက်တင်ထိုင်ရုံနဲ့ အင်တာနက်ကို သိပီထင်နေတာ..

တကယ်တော့ ချက်တင်ထိုင်ရုံနဲ့ အင်တာနက်ကြောင်းကို မသိသေးပါဘူး...
ဆိုခြင်းတာကတော့ ... ဗဟုသုတတွေ နည်းပညာတွေ သိခြင်းတာတွေ လေ့လာခြင်းတာတွေအတွက် အင်တာနက်
ကွန်ရက်လေး တစ်ခုက တကယ်ကို အသုံးဝင်ပါတယ်..

ကျွန်တော်ဆိုရင်လဲ အခု ကြိုးစားရင်း လေ့လာရင်းနဲ့ဘဲ လက်ရှိကျွန်တော် ဖလပ်စောင်းတွေ ဘလော့တွေ
ကဗျာတွေ အနည်းကျဉ်းတော့ အင်တာနက်ကို သုံးနိုင်စွမ်းရှိနေပါပြီ..
ဒါကြောင့်လဲ ကျွန်တော်နှင့် အတူ တစ်ခြားသော သူငယ်ချင်းများ ကိုလဲ ဒီအဖွဲ့ကိုလဲ ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်
ကြမယ်ဆိုပြီး ရည်ရွယ်၍ ကျွန်တော်ဖွဲ့ခဲ့ပါတယ်....

အဖေမရှိရင် ဘယ်လိုနေမလဲ ♫♫













********************************
အဖေ့အလောင်းကို ဖက်ငို
စိတ်ထဲက တိုးတိုးလေးဆိုတယ်
** အဖေမရှိရင် ဘယ်လိုနေမလဲ** အဖေ..။

ကြားလိုက်သလိုပါပဲ
**မင်းမှာပန်းတိုင်ရှိတယ်လေ**
မင်းပန်းတိုင်ကို ရောက်အောင်သွား
ပန်းတိုင်မရှိတဲ့လူ
တောင်သွားလိုက် မြောက်သွားလိုက်နဲ့
ဘယ်မှ မရောက်
ရောက်ရင်လည်း ကြာ...။

အပျိုကြီး / လူပျိုကြီးများ ဘယ်သော်အခါမှ ပြည့်စုံခြင်းမရှိ


******************************************************************
အပျိုကြီး / လူပျိုကြီးများ ဘယ်သော်အခါမှ ပြည့်စုံခြင်းမရှိ
အပျိုကြီး / လူပျိုကြီး ဘ၀တို့သည် လွတ်လပ်ခြင်းရှိသောလည်း
အာသာဖြေရုံမျှ ဖြစ်၍ အတိတ်ဘ၀ မကောင်းသောကြောင့်
ကံအားလျော့စွာ ၀ဋ်တစ်ခုအနေနှင့် ပေးဆပ်ခံနေရသောကြောင့်
ပြည့်စုံခြင်းရှိသည်ဟု မခေါ်ဆိုနိင်..။
ဘ၀တွင် ပစ္စည်းဥစွာ ရှိနေပင်မဲ့လည်း အပျိုကြီး / လူပျိုကြီး ဘ၀တို့သည်
ဘ၀တွင် ပြည့်စုံခြင်းဟုခေါ်သော အိမ်ထောင်ပြုခြင်းကို ကောင်းကောင်းမသိရှိချေ.။


လုပ်သင့်တာကိုလုပ် ...

*လုပ်သင့်တာကို လုပ်ပါ********


*ရနံ့မရှိတဲ့ မြက်ပင် .... မင်းနင်းကြည့် ။ ပြန်ထတတ်တာ သူ့သဘာဝပါ .. အားကျစရာကောင်းလိုက်တာ

*အရှုံးတွေထဲက အမြတ်ကို တွေ့အောင်ကြည့်တတ်မှ ... လူတော်လို့ ခေါ်တယ်။

*ရှုပ်ရှုပ် ထွေးထွေး... စဉ်းစားမနေနဲ့..
မကြာခင်.. မိုးချုပ်တော့မယ် ... လုပ်စရာရှိတာလုပ်.....

*တဒင်္ဂ ပျော်ရွှင်မှုကို .. မက်မောမိခဲ့လို့ အချိန်တိုင်း...
အချိန်တိုင်း .. နောက်တရမိသူဟာ ကျွန်တော်တို့ ပါ။

*အောက်ကျတယ်ဆိုတာ ....... (အ) .. (ပြီး)..(ကြောက်) တတ်သူတွေ အတွက်ပါ....

*လူဆိုတာ... ( အူ )က လာလို့... (အာဂလူ) ဖြစ်ရမယ်...

*အခက်အခဲ ဆိုတာဘာလဲ ။ အခက်ဆိုရင်... ချိုးပစ် / အခဲဆိုရင် ..၀ါးစားပစ်၊ ဒါပဲ။

*ဆုံးဖြတ်ချက် မြန်ဖို့ထက် .... ဆုံးဖြတ်ချက် မှန်ဖို့ ကြိုးစားပါ..

သတိရှိရင်............ ဒုက္ခငြိမ်းပါတယ်။။



Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...