လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Monday, February 13, 2012

စိတ်တူ ကိုယ်တူ ဖြစ်ခြင်းဆိုသည်မှာ------------

စိတ်တူ ကိုယ်တူ ဖြစ်ခြင်းဆိုသည်မှာ------------

၁။ စိတ်ဝင်စားမှု၊ ရည်မှန်းချက်၊ လိုအပ်ချက်၊ တာဝန်ယူမှု၊ ပြုမှုတွေးခေါ်ပုံနှင့် ကိုယ်ကျင့်သိက္ခာ၊ ယုံကြည်ချက်တို့
တူညီခြင်း။
၂။ လူမျိုး၊ ဘာသာ ၊ အသက် ၊ ကျား/မ ၊ အသားရောင်နှင့်
အသက်မွေးဝမ်းကျောင်းမှု တူညီခြင်း။
၃။ စီးပွားရေး အဆင့်အတန်း တူညီခြင်း။
၎။ တစ်စိတ်တစ်ဝမ်းတည်းဖြစ်ခြင်း။

စသည့်.. စိတ်တူကိုယ်တူရှိသူများသည်..

♥ မိတ်ဆွေအပေါင်းအသင်းများ ကြသည်။
♥ အတူတကွ ကောင်းမွန်စွာ လုပ်နိုင်ကြသည်။
♥ အချင်းချင်းအပြန်အလှန် ဆောက်ရှောက် ကြသည်။
♥ မည်သည့် အရေးကိစ္စမဆို မျှဝေခံစား အတူဆောင်ရွက်ကြသည်။
♥ အချင်းချင်းအပြန်အလှန် ပံ့ပိုးကူးညီ ကြသည်။
♥ အတူတကွ ယှဉ်တွဲနေထိုင်နိုင် ကြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...