လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Monday, February 13, 2012

ပွင့်လင်းစွာ ဆွေးနွေးခြင်း၏ ရလဒ်လေး

ကျွန်တော်တို့ဟာ 2011 ကိုကျော်လို့ 2012 အတွက်လဲ အရှုံးမပေးခြင်းတဲ့ လူငယ်တွေဘဲလေး
တစ်ယောက်နဲ့ တစ်ယောက် ဒီအပေါ်လေးမှာ မမြင်ရပင်မဲ့ ခံစားချက်တွေကို အင်တာနက်ပေါ်မှာ ဆွေးနွေးရင်း
တစ်ယောက်နဲ့တစ်ယောက်ကြား စကားလက်ဆုံပြောကြ မေးကြ ဆွေးနွေးကြရင်း ခံစားချက်တွေပါ တစ်ခါတစ်လေ
ထည့်ပြောလာကြပါတယ်... ကောင်းပါတယ်

တကယ်ဆိုရင် အင်တာနက်က ကျွန်တော်တို့တွေအများကြီး သိသင့် တတ်သင့်အောင် ကြိုးစားဖို့အတွက် ကန်ဏလေး
တစ်ရက်လို့ ထင်မြင်ပါတယ် သူငယ်ချင်းတို့ရေ လူဖြစ်လာပီဆိုထဲကတော့ အားလုံးဟာ မျှော်လင့်ချက်တွေ နဲ့ ရှင်သန်ရင်း
နံနက်ဖြန်တိုင်းကို ကူးခက်နေရတာဘဲ........

တစ်ခါတစ်လေ သောကတွေကိုယ်စီနဲ့ အင်တာနက်ပေါ်လာပီ ရေးရင်း ဆွေးနွေးတတ်ကြပါတယ်
အဲ့သလို ပြောရင်း ပြောရင်း နဲ့လဲ သူငယ်ချင်းတွေစီက အကြံလေး တွေလဲရပါတယ်..
အဲ့သလို ပြောရင်နဲ့ သာမာန်စကားဝိုင်းလေးထဲက တန်ဖိုးရှိတဲ့ စကားတွေ မထွက်လာနိုင်ဘူးလို့ ဘယ်သူပြောမလဲဗျာ..
ဒီလိုဘဲ 2011 ကျော်လို့ အခုလက်ရှိ မရောက်သေးတဲ့ နှစ်သက်အတွက် ကြိုးစားနေအုံးမှာပါ ..

ကြိုးစားမှုတိုင်းမှာ ရလဒ်ကောင်းလေးတစ်ခုတော့ ရှိနေပါတယ်.... ဒါကို သူငယ်ချင်းတို့လဲ သိမယ်ထင်ပါတယ်..
အရင်ကဆို ကျွန်တော်မြန်မာလက်ကွက်တောင် ကောင်းကောင်းမရိုက်နိုင်သေးဘူးဗျ သူများတွေထိုင်လို့
ချက်တင်လေးဘဲ ရိုးရိုးလေးထိုက်နေရတာပေါ့... အဲ့တုန်းကဆို ချက်တင်ထိုင်ရုံနဲ့ အင်တာနက်ကို သိပီထင်နေတာ..

တကယ်တော့ ချက်တင်ထိုင်ရုံနဲ့ အင်တာနက်ကြောင်းကို မသိသေးပါဘူး...
ဆိုခြင်းတာကတော့ ... ဗဟုသုတတွေ နည်းပညာတွေ သိခြင်းတာတွေ လေ့လာခြင်းတာတွေအတွက် အင်တာနက်
ကွန်ရက်လေး တစ်ခုက တကယ်ကို အသုံးဝင်ပါတယ်..

ကျွန်တော်ဆိုရင်လဲ အခု ကြိုးစားရင်း လေ့လာရင်းနဲ့ဘဲ လက်ရှိကျွန်တော် ဖလပ်စောင်းတွေ ဘလော့တွေ
ကဗျာတွေ အနည်းကျဉ်းတော့ အင်တာနက်ကို သုံးနိုင်စွမ်းရှိနေပါပြီ..
ဒါကြောင့်လဲ ကျွန်တော်နှင့် အတူ တစ်ခြားသော သူငယ်ချင်းများ ကိုလဲ ဒီအဖွဲ့ကိုလဲ ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်
ကြမယ်ဆိုပြီး ရည်ရွယ်၍ ကျွန်တော်ဖွဲ့ခဲ့ပါတယ်....



ဥပမာပြောရမယ်ဆိုရင် ကျွန်တော်တို့ နေထိုင်တဲ့ ပတ်ဝန်းကျင်လေးထဲ ဖတ်ချင်တဲ့ စာအုပ်အမျိုးစားတွေ သို့မဟုတ်
တစ်ခြားအကြောင်းအရာတွေ ဒီပတ်ဝန်းကျင်က ဆိုင်တွေမှာ မရှိရင် အင်တာနက်ပေါ်ကနေ အလွယ်တကူ ရှာဖွေ
ဖတ်ရှူ့နိုင်ပါတယ် ဒါကြောင့် တကယ်ကို အသုံးဝင်ပါတယ် အခုခေတ်လူငယ်တွေ အခြားသောမိတ်ဆွေတွေ
ကြိုးစားနေတဲ့ သူငယ်ချင်းတွေအားလုံး သိမှာပါ...

ဒါကြောင့်လဲ ကျွန်တော်တို့တွေ တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းစွာဆွေးနွေးကြရင် ဖေးမရင်
အပြန်အလှန် အကြံတွေပေးလို့ တတ်နိုင်သလောက် ၀ိုင်းဝန်း ဖေးမဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက် ကူညီကြပါစို့
တစ်ထောင့်တစ်နေရာဖြစ် အင်တာနက်ပေါ်က လေ..



အားလုံးပျော်ရွှင်သော နေ့ရက်တွေကို အတူ ပိုင်ဆိုင်ခွင့်တွေရပါစေ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...