**************************************************************
(Generation of အနာဂတ်ကောင်းကင်ကြီးဆီသို့....)
ကဲ .. သူငယ်ချင်းဆို့ရေ အိမ်မက်တွေထဲမှာဘဲ ပျော်နေမဲ့အလုပ်ကို
ရပ်တန်းက ရပ်လိုက်ပါတော့ ..။
အနာဂတ်ဆိုတဲ့ ကောင်းကင်ကြီးမှာ ထွန်းလင်းနိုင်မဲ့ ကြယ်လေးတွေဖြစ်ဖို့ .
အတူလျှောက်လှမ်းကြစို့...။
ဒီခေတ်မှာ ညံ့သူမရှိပါဘူး ဖျင်းရင်သာ ဘယ်လောက်သင်သင် မတတ်တာပါ..။
မတော်၍ ညံ့လျှင် တော်ခွင့်ရှိနိုင်သေးသော်လည်း ဖျင်းလျှင်မှု တော်ခွင့်ရှိရန်
အလားလာ အလွန်နည်းပါးပေလိမ့်မည်..။
ယနေ့ခေတ် ကျွန်တော်တို့ အရှေ့မှ ထွန်းလင်းနေကြတဲ့ ကြယ်တွေအကုန်လုံးဟာ
ပေးဆပ်ခဲ့ရသူတွေပါ ..။ ပေးဆပ်မှုမရှိရင် သက်တောင့်သက်သာ မနေနိုင်ပါဘူး..။
ဇွဲ ၊ လုံ့လ ၊ ၀ိရီယ မရှိတဲ့သူအတွက်တော့ မျှော်လင့်ချက် ပန်းတိုင်ဆိုတာမဲ့နေမှာဘဲလေ..
အရာဝတ္ထုတစ်ခုရွေ့လျားဖို့ (Force)ဆိုတဲ့ အားကို သုံးရပါတယ်.. .။ အားမသုံးရင်တော့
ဘာမှ ရွေ့လျားနိုင် မလာတာကို သူငယ်ချင်းတို့ ( စဉ်းစားကြည့်ပါ).
တော်ချင် တက်ချင် ကျင့်ပါ စကားအရ..။
တော်ချင်ရုံ တက်ချင်ရုံ စိတ်လေးနဲ့ မကျင့်မကြံရင်တော့ ဘာမှမဖြစ်ပါဘူး
လက်တွေ့ကြစေဖို့ (ကျင့်)ဆိုတဲ့ စကားနဲ့ အဆုံးသတ်ထားပါတယ်..။
ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ ဘယ်လောက်ပဲ တွန်းအားပေးပါစေ..
မလိုက်ပါချင်တဲ့ သူအတွက်တော့ တွန်းပို့သူဟာ အားအင်မဲ့သွားမှာပါ...
အနီးစပ်ဆုံး မနက်ဖြန်အတွက် အကောင်းဆုံးဖြစ်လာစေဖို့
အမြင်ရော ၊ လက်တွေ့ ရော ရှိရန်လိုအပ်သည်..။
အမြင်ရှိပြီး လက်တွေ့မလုပ်နိုင်ရင် အကျိုးနဲ့တူပါတယ်..
လက်တွေ့ရှိပြီး အမြင်မရှိရင်လည်း အကမ်းနဲ့တူပါတယ်..
ဒါကြောင့် အမြင်ရော ၊ လက်တွေ့ရော နှစ်ခုအတွက် အများကြီးမသိသေးရင်တောင်
နည်းနည်းပါး သိဖို့ လိုအပ်ပါသည်..။
မနက်ဖြန်တည်းဟူသော အနီးဆုံးအနာဂတ်နှင့် ဘ၀၏ နောက်ဆုံးနေ့ရက်များ ဟူသော
အနာဂတ်အသိကို လက်ခံကြသော်လည်း ..။
မတတ်နိုင်သည့်အဆုံး မနက်ဖြန် လောက်တော့ အနာဂတ်ရှိသင့်သည်..။
ဖန်တီးနိုင်လျက်နှင့် မိုက်မဲမှုကြောင့် အနာဂတ်မရှိသူများအတွက်မူ ၀မ်းနည်း
ဖွယ်ရာသာ ဖြစ်လေသည်..။
ဘာရယ်မဟုတ် ရှင်သန်မှုနဲ့ ရေခြား ၊ မြေခြား ၊ နိုင်ငံခြား ကြသော ကျွန်တော်နှင့်ထပ်တူ
ကြိုးစားနေကြသော ..၊ ပို၍ကြိုးစားနေကြသော သူငယ်ချင်းများ ရော..၊ တစ်ထောင့်
တစ်နေရာအဖြစ် (online) ပေါ်ကနေ အနာဂတ်မျိုးဆက်သစ်များ ပြီပြီ တစ်ချိန်မှာ
အနာဂတ်ကောင်းကင်ကြီးဆီသို့ အတူ လျှောက်လှမ်းရင်....
နောက်ပေါက်ပွားလာမည့် ကျွန်တော်တို့ (Generation) မျိုးဆက်သစ်လေးတွေအတွက်
ထွန်းလင်းနိုင်တဲ့ လမ်းပြကြယ်လေးများအဖြစ် တောက်ပရင်း...
(နံနက်ဖြန်ဟူသော နေ့သစ်ကို မျက်လုံးများကစောင့်နေ၏ ဘာဖြစ်လို့လည်းဆိုတော့
မနက်ဖြန်ရောက်ရင် နေထွက်လာတော့မယ်လေ နေထွက်လာရင် လမ်းတွေ ပြန်မြင်ရတော့မယ်
သူငယ်ချင်းတို့ရေ.... )
ကျွန်တော့်အတွေး ကျွန်တော့်အရေးကြောင့်
ဆက်လက်ကြိုးစားနေအုန်းမည့် N.L (ခ) လမင်း
ကျေးဇူးတင်ပါသည်..။
*******************************************************************
No comments:
Post a Comment