လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, May 3, 2012

အဖြစ်မှမရှိတဲ့.. ငါ

အဖြစ်မှမရှိတဲ့.. ငါ
ကြုံရာမှာတွေး ကြုံရာမှာရေးနေပင်မဲ့..
အဖြစ်မှမရှိတဲ့.. ငါ့ကိုယ်ငါ.. သိမ်ငယ်မိတယ်.
ချစ်လွန်းလို့ .. အရှေ့ဆက်လျှောက်နိုင်စွမ်းလည်းမရှိ..
ဘာကြောင့်လည်းသိလား …။
မင်းကိုချစ်တဲ့… ငါ့စိတ်တွေဟာ.. မင်းကို
ခမ်းခမ်းနားနား ထားချင်လို့ပဲ…
မင်းတော့ .. တွေးမိလား….
စိတ်ရူးပေါက်လို့.. ချစ်ခဲ့တာမဟုတ်ဘူး..


မခံစားဘူးတဲ့.. ငါ့ရင်ဘတ်နှလုံးသားက
နှိုးဆော်တဲ့ .. အတိုင်း .. ငါလျှောက်ခဲ့တာ.. . အပြစ်လား..။
မင်းကို ချစ်လို့ ..ခေါ်ထားခြင်ပါရဲ့..
မင်းကို ချမ်းသာအောင် ထားနိုင်သလားမေးရင်..
အပွင့်လင်းဆုံး ငါ့..မထားနိုင်ပါဘူး.. ဖြေရင်ဖြေလိုက်မယ်..။
ဒါပင်မဲ့… စိတ်ချမင်းကို တင့်တောင်းတင့်တယ်တော့..
ငါ့ .. လိုအပ်ချက်တွေ ဖြည့်ပီးထားနိုင်ပါတယ်လို့… ။
ကတိတော့ ပေးနိုင်ပါတယ်..
မပြည့်စုံတဲ့.. ငါ့ ဘ၀ထဲ. ..မင်းမရောက်လာတာ
မင်းကံကောင်းပါတယ်.. ငါ့အတွက်တော့ …
ဝေဒနာ ..ဒဏ်ရာတွေ ဖြစ်ပေါ့..
(သေးသိမ်တဲ့ တစ်ထောင့်တစ်နေရာက (လမင်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...