ငါ.. ပြန်လာတယ်ဆိုတာ..
သို့ ချစ်ခဲ့ရသောသူ
ငါ.. ပြန်လာတယ်ဆိုတာ
မင်းနဲ့ လုံးဝမတွေ့ရင် မနေနိုင်လို့ပါ..
ငါ့ စိတ် .. ငါ့ ခန္ဓာမင်းအတွက်.. ဘာမှ မဖြစ်ဘူးလို့
မင်း.. မတွေးလိုက်ပါနဲ့ … မင်းကြောင့်ပေးလိုက်ရတဲ့. …
အသည်းတစ်ခြမ်းဟာ.. ငါ့ အသက်ရှင်နေဖို့နဲ့
ငါ့ .. မျှော်လင့်ချက်လမ်းတွေ … ပျောက်ဆုံးသွားမှာကို ..
မင်းနဲ့.. ပတ်သက်ပြီး ကြောက်လို့ပါ..
ငါ့ နာကြင်နေတာကို .. မင်းမှမမြင်တာ..
ဖွင့်ပြောလို့.. ဂိတ်ဆုံးရောက်နေတဲ့..အသံတွေ
ထပ်ထပ်ကြားမိတယ်.. ငါ လက်မခံနိုင်ဘူး..
ငါ့ ..နာကြင်နေရင်… နာကြင်နေပါစေ ..
မင်းနဲ့ … မမြင်ရတဲ့အခိုက် .. အဝေးဆုံးရောက်သွားမှာလည်း..ငါကြောက်တယ်..။
ဒါကြောင့် .. မင်းရှိမဲ့ နေရာကို ငါ အရောက်ပြန်လာခဲ့တယ်..

(မှတ်ချက်။ ။ သေးတိမ်တဲ့..တစ်ထောင့်တစ်နေရာက လမင်း)
No comments:
Post a Comment