အဖြစ်ရှိတဲ့ …. မင်း
ကြုံရာမှာတွေး ကြုံရာမှာရေးတာအရည်အချင်းပါ။
အဖြစ်ရှိလို့ရေးလို့ရတာ သိမ်ငယ်ပါနဲ့ကွာ
ချစ်လွန်းရင်း
ရှေ့ဆက်လှမ်း၊ မင်းတက်လမ်းပါ။
ဘာကြောင့်လည်းမမေးနဲ့
မင်းကိုခမ်းခမ်းနားနားထားချင်တာ
ယောက်ျားတစ်ယောက်တန်ဖိုးပါ။
စိတ်ရူးပဲပေါက်ပေါက်၊ ချစ်တာချစ်တာ
အဲ့ဒါမေတ္တာပါ။ အပြစ်မဟုတ်ပါ။
မင်းကိုချစ်လို့ခေါ်ထားချင်တာ လူချမ်းသာဖို့ထက်
စိတ်ချမ်းသာရင်
တကယ်တမ်းချစ်တာပါ။
မင်းဘယ်လိုဖြေဖြေ၊ ပင်ရင်းကတော့ မင်းရဲ့စစ်မှန်တဲ့
မေတ္တာ။ ခိုင်မြဲတဲ့သစ္စာပါ။
ကတိပေးရင် ဖြစ်အောင်လုပ်တတ်တာ မင်း ဆိုတဲ့ ယောက်ျားကောင်းရဲ့ မှတ်ကျောက်ပါ။
ဝေဒနာမဖြစ်၊ ဒဏ်ရာ မရစ်၊
စေတနာ အချစ် ဟာ မင်းဆိုတဲ့ လမင်းပါ။

ကိုလှဝေမှ ပြန်လည်တင်ပြပေးသွားပါသည်..။
လေးစားလျက်။
လှဝေ
လှဝေ
No comments:
Post a Comment