လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, November 29, 2013

လိုအပ်ရင် အကူညီတောင်းပါ ရှက်စရာမဟုတ်ပါ


လိုအပ်ရင် အကူညီတောင်းပါ ရှက်စရာမဟုတ်ပါ

တော်တော်ကို စဉ်းစားလိုက်ရတယ်..
ကိုယ်လုပ်နေတဲ့ အလုပ်ကို
ကိုယ်ကမှ မကောင်းရင် ဘယ်သူက ကောင်းပါတယ်ဆိုပီး ..
လာလာပြောနေမှာလဲ ..... တခါတလေ တစ်ချို့တစ်ယောက်တော့ ဖြစ်ကောင်းဖြစ်မယ်..

ငွေချေးရတာ အရင်ကရှက်တယ်လို့..
စိတ်ခံစားမီလိုက်သေးတယ်..

တကယ်တော့ ဘယ်ဟုတ်မလဲ ..
ယုံကြည်ချက်ပဲ ... အဲ့တာ ကိုယ့်ကိုယ် ယုံကြည်ချက်ရှိလို့ ..
သူ့ဘက်ကလဲ ချေးငှားတာကို တွေ့လိုက်ရတယ်..

ကိုယ်လုပ်ရမှာက .. ဒီယုံကြည်ချက်ကို ..
တည်ဆောက်ထားပြီး ... အချိန်မှန် အချိန်တန်ရင်...
ပြန်ပေးနိုင်ဖို့ပဲ ... အရေးကြီးတယ်..


ကိုယ်ချေးငှားလို့ ပေးတဲ့ လူတွေကလဲ ..
ကိုယ့်ရဲ့ .. ယုံကြည်ချက်ကို အသိမှတ်ပြုပေးထားတဲ့ သူတွေပဲ ...
ကိုယ်တာဝန်ကျေပွန်ရမှာက .. ဒီယုံကြည်ချက်ကို .. မချိုးဖောက်ဖြစ်ဖို့ပဲ ..
အဲ့တာက အရမ်းအရေးကြီးတယ်. .

မလွှဲမရှောင်သာ ဖြစ်လာခဲ့ရင် တကယ်လိုအပ်နေရင်..
ချေးငှားရမှာပဲ ..မရှိလို့ သိက္ခာကြီး .. ထားပြီး ထိုင်နေရင်တော့ ..
ဘာမှဖြစ်လာ တက်လာမှာမဟုတ်ဘူး ..

လိုအပ်ရင် အကူညီလိုရင်တောင်းရမှာပဲ .. ။
ဒီလို တောင်းလို့လဲ ရှက်စရာမဟုတ်ပါဘူး ..
မျက်နှာငယ်စရာလဲ .. မလိုပါဘူး ..

ယုံကြည်မှုကိုသာ မျှမျှတတ ကြည့်နိုင်ဖို့ပဲလိုတယ်..

အခုတော့ ကျွန်တော်လဲ ပိုက်ပိုက်ပျက်နေလို့ ..
ကျွန်တော့်ကို ယုံကြည်မှု နားလည်မှုပေးထားတဲ့ ..လူတွေဆီ ပြေးလိုက်ပါဦးမယ်..။

မှတ်ချက် / (ပိုက်ပိုက်ပျက်၍ ချေးငှားချိန် / ယုံကြည်တဲ့သူများလို့ ချေးတဲ့သူများတာ .. ချေးတဲ့သူများလို့ အကြွေးတွေများသွားတာ .... ခိခိခိခိခိခိ ယုံကြည်တဲ့သူမရှိရင် .... ချေးမဲ့လူလဲမရှိဘူး .... ချေးမဲ့လူမရှိရင် အကြွေးလဲ မများတော့ဘူး ..)

လေးစားလျက် (အန်လ်အယ်လ်အေ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...