@ ကန်တော့ပါသည် အို…အမိ @
ကျောင်းမနေရှာ ဖြတ်သန်းပါ၍
စာမတတ်သည့် ငါ့အမိသည်
သတိနှင့်သာ နေခဲ့၏
ကန်တော့ပါသည် အို…အမိ ။
လုပ်ကိုင်ပင်ပန်း ဒုက္ခလမ်း၌
မကျန်းမာသည့် ငါ့အမိသည်
သတ္တိနှင့်သာ နေခဲ့၏
ကန်တော့ပါသည် အို…အမိ ။
ငွေကြေးဥစ္စာ မချမ်းသာလည်း
ဝမ်းစာရှာ၏ ငါ့အမိသည်
ရောင်ရဲခြင်းနှင့် နေခဲ့၏
ကန်တော့ပါသည် အို…အမိ ။
ကွယ်လွန်ခဲ့ရာ ကြာခဲ့ပါလည်း
ရင်မှာလွမ်းမိ ငါ့အမိကို
သတိရလျှက် အောင်းမေ့လျှက်နှင့်
အိမ်မက်ထဲတွင် အမြဲမြင်သည်
ပြုံးရွှင်ပါလျှက် တွေ့ပါလျှက်ကြောင့်
မြမျက်ရည်ဖြင့်ပူဇော်သည်
ကန်တော့ပါသည် အို…အမိ ။
ပျဉ်းမနား မောင်နီသင်း
No comments:
Post a Comment