လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, November 29, 2013

ပြန်မပြောနဲ့ ပြောရင် သေဒဏ်ပဲ

◄ ပြန်မပြောနဲ့ ပြောရင် သေဒဏ်ပဲ ►

တော်တော်ကို ဆိုးပါတယ်..
စဉ်းစားတွေးခေါ်တတ်ဖို့ ... လမ်းမပြဘဲ .. ။

2 + 2= 5 တဲ့

မနေ့က အင်တာနက်ပေါ်မှာ ကလေးတွေကို စာသင်တာကို ..
ကြည့်လိုက်ရလို့ပါ ...

မဟုတ်ဘူး ဆရာ 2 + 2= 4 ပါ ..

ငါပြောသလိုလုပ်ကွ. ..

ပုံစံခွက်ကြီးထဲကို အနာဂတ် လူငယ်တွေကို ရိုက်ထည့်နေကြတယ်..

2 + 2= 5 ပဲလုပ် ..

အမှားတွေများလာတော့ အမှန်တွေဖြစ်ပြီး ..
အမှန်လေးတစ်ခုကတော့ ... သူ့အလိုလို ပျောက်ကွယ် သွားရတယ်..

ကြောက်ရပါပေ၏

2 + 2= 5 ကွ ... ငါး ကွ. . .ငါးကွ ..
2 + 2= 4 မဟုတ်ဘူး ..

ငါပြောသလိုလုပ် ..
မင်းတို့လုပ်ရမှာ ဟုတ်ပါတယ် မှန်ပါတယ် ထောက်ခံပါတယ်... ဒါပဲငါပြောမယ် ... .။

အောက်ပါလင့်စ်လေးကို နှိပ်၍ ကြည့်ပါအုန်းဗျာ.. ပုံစံခွက်ထဲကို ထည့်နေတာ .. ။

https://www.facebook.com/photo.php?v=615255905180011

လေးစားလျက် (အန်လ်)
2+2=5
--------
နမူနာပေးဖို့ သက်သက် ရိုက်ကူးထားတဲ့ Video File လေးက အရမ်းကို ထိမိလွန်းပါတယ်။ ပြန်သုံးသပ်မိပါတယ်။ တွေးတောမိပါတယ်။ Brain Wash လုပ်ခံထားရတဲ့ ကျောင်းသားငယ်လေးတွေ နဲ့ ကျွန်တော့်တို့ရော ဘာထူးလဲ?

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...