လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Monday, December 17, 2012

ကဲ......မိန်းမကိုစချင်ဦး

စုစုပေါင်းမိသားစုဝင် လေးယောက်ရှိတာပေါ့။ ကိုဝင်းမောင်ရဲ့ အကျင့်ကစကားကို အမြဲ စစ နောက်နောက်ပြောတတ်တယ်။ ဒါကို မမြင့်မြင့်ကလည်း မကြိုက်ဘူး။ ဒါပေမယ့် ကိုဝင်းမောင်ကလည်း ဘယ်တော့မှ မပြင်ဘူး အမြဲ အစအနောက်သန်နေတယ်။ တစ်ရက်ကျတော့ မမြင့်မြင့်တို့ရုံးက အစီအစဉ်နဲ့ မမြင့်မြင့်ကို ဂျပန်နိုင်ငံမှာ ပညာတော်သင်သွားဖို့ အကြောင်းရှိလာတော့ မိသားစုတွေ ခဏခွဲဖို့ဖြစ်လာရော။ မမြင့်မြင့် ဂျပန်ကိုသွားတဲ့နေ့ကျတော့ ရုံးကလူကြီးတွေရော ယောက်ျားဖြစ်သူ ကိုဝင်းမောင် ပါ လေဆိပ်ကိုလိုက်ပို့ကြတယ်။ လေယာဉ်တက်ခါနီးတော့ မမြင့်မြင့်က စိတ်ထဲမကောင်းလှတဲ့ အသံလေးနဲ့ ကိုဝင်းမောင်ကို

“ယောက်ျားရေ ကျွန်မတော့ သွားတော့မယ် ဘာမှာဦးမလဲ” လို့မေးတော့။ ကိုဝင်းမောင်က “ဘာမှတော့ ထူးထူးထွေထွေ မမှာတော့ပါဘူးကွာ၊ မင်းပြန်လာရင်သာ ငါ့အတွက် ဂျပန်မချောချောလေးတစ်ယောက်လောက်သယ်ခဲ့” လို့ သူ့အကျင့် အတိုင်း စစ နောက်နောက်ပြန်ပြောလိုက်တယ်။

အစကတည်းကမှ မိသားစုနဲ့ခွဲရမှာမို့ စိတ်မကောင်းဖြစ်နေတဲ့ မမြင့်မြင့်က ယောက်ျားဖြစ်သူရဲ့ စနောက်တဲ့စကားကြောင့် စိတ်တိုသွားပါတယ်။ ရုံးက လူကြီးတွေရှေ့မှာဆိုတော့ ပိုပြီး ဒေါသဖြစ်ရတာပေါ့။

ဗိုက်ခေါက်ထူ အ၀လွန်သူတွေအတွက် ဆေးနည်း

ကိုးကားမျှ ပြန်လည် ရိုးသားစွာ တင်ပြလိုက်ပါသည် လေးစာလျက် (လမင်း)

မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ...သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာ ရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..
ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...

ဖေါ်စပ်နည်း
သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပန်းကန်လုံးထဲကို အရည်ညှစ်ပါ... အကြမ်းပန်းကန်လုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး... မွှေပေးပါ...

○○ အိမ်သား တာဝန်-◘◘

အိမ်တံခါးများ
ပိတ်ထားသောအခါ...။
အတွင်းမှာ မှောင်မိုက်လို့
လှောင်အိုက်နေမှာ...။
အပြင်လေ ၀င်မလာ
မမြင်ပါ အလင်းဓာတ်..။
အိမ်သားတွေ မကျန်းမာလို့
အိမ်ထဲမှာ သာယာခြင်းလည်း

ကင်းမဲ့နေတတ်....။

အိမ်တံခါးများ
ဖွင့်ထားသောအခါ..။
ချစ်မက်စရာ နေခြည်အလင်းနဲ့
နှစ်သက်စရာ လေပြေညင်းလည်း
ချဉ်းနင်းဝင်လာ...။
သို့ပေမယ့် (ခြင်) (ယင်)ပါ
ဝင်လာမှာ မှန်မလွဲ...။

ခြင်ရန်ကို ကာကွယ်ဖို့ရာနဲ့
ယင်ဒဏ်ကို ကာကွယ်ဖို့မှာတော့ ..
ဒို့ တာဝန်ပဲ....။ ။

ပြန်လည်မျှဝေသည် လေးစားလျက် (လမင်း)

ဂျင်းသည် ဆီးချိုရောဂါကို ကာကွယ်

ကိုးကားသမျှကို ရိုးသားစွာ တင်ပြလိုက်သည်.. ကျန်းမာေ၇းသုတ


ဂျင်းသည် ဆီးချိုရောဂါကို ကာကွယ်
AUNG KHAMKYAW

ဂျင်း (ချင်း) သည် ဆီးချိုရောဂါကို ကာကွယ်နိုင်ကြောင်း ဆေးပညာရှင်များ က လေ့လာ တွေ့ရှိထားသည်။

နာတာရှည် ဆီးချိုရောဂါဖြစ်နေသူများလည်း ဂျင်းစိမ်းပြုတ်ရည် ပုံမှန် သောက်သုံးပါက ရောဂါပျောက်ကင်းကြောင်း စမ်းသပ်အောင်မြင် ထားသည်။ ဂျင်းသည် ခန္ဓာကိုယ်တွင်း သကြားဓာတ်၊ ဂလူးကို့စ် ဓာတ်ကို ထိန်းချုပ်ပေးပြီး အလိုအပိုမရှိအောင် စီမံခန့်ခွဲပေးသည်။

ထို့ကြောင့် ဂျင်းသည် ဆီးချိုရောဂါကာကွယ်ရန် အကောင်းဆုံး ဆေးဝါးများ ထဲမှ တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။
---
Photo: ကိုးကားသမျှကို ရိုးသားစွာ တင်ပြလိုက်သည်.. ကျန်းမာေ၇းသုတ ဂျင်းသည် ဆီးချိုရောဂါကို ကာကွယ် AUNG KHAMKYAW ဂျင်း (ချင်း) သည် ဆီးချိုရောဂါကို ကာကွယ်နိုင်ကြောင်း ဆေးပညာရှင်များ က လေ့လာ တွေ့ရှိထားသည်။ နာတာရှည် ဆီးချိုရောဂါဖြစ်နေသူများလည်း ဂျင်းစိမ်းပြုတ်ရည် ပုံမှန် သောက်သုံးပါက ရောဂါပျောက်ကင်းကြောင်း စမ်းသပ်အောင်မြင် ထားသည်။ ဂျင်းသည် ခန္ဓာကိုယ်တွင်း သကြားဓာတ်၊ ဂလူးကို့စ် ဓာတ်ကို ထိန်းချုပ်ပေးပြီး အလိုအပိုမရှိအောင် စီမံခန့်ခွဲပေးသည်။ ထို့ကြောင့် ဂျင်းသည် ဆီးချိုရောဂါကာကွယ်ရန် အကောင်းဆုံး ဆေးဝါးများ ထဲမှ တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။ ---

online story လေးတစ်ပုဒ်

တစ်ခါတုန်းက Online story လေးတစ်ခုမှာပေါ့ !!
ကောင်လေးနဲ့ကောင်မလေးက အရမ်းကိုချစ်ကြသတဲ့
( တစ်ယောက်နဲ့တစ်ယောက် အပြင်မှာလုံးဝမမြင်ဖူးကြပဲနဲ့ပေါ့ )

ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်တွေခိုင်မာလာတဲ့အချိန်ကျမှ အကြောင်းအရင်းတစ်ခုခုက သူတို့ကို ဝေးသွားစေဖို့ဖြစ်လာခဲ့တယ်။
သူတို့နှစ်ယောက်က ဘယ်လိုမှ ပေါင်းစပ်ဖို့မဖြစ်နိုင်မှန်း ကောင်လေးရော ကောင်မလေးရော ကြိုသိခဲ့ကြတယ် ။

သူ့ကိုဆက်ချစ်နေရင်အချိန်တွေကြာလာတဲ့အခါ ကောင်မလေးခံစားရမှာစိုးတဲ့စိတ်နဲ့
ကောင်လေးက ကောင်မလေးနာကျင်နိုင်မယ့် စကားလုံးတွေ သုံးပြီးကောင်မလေးကို ထားခဲ့လိုက်တယ် ။ ကောင်မလေးကလည်း ကောင်လေးက သူမကို တကယ်ချစ်မှန်းသိပါတယ် ။ ဒီလို စကားလုံးတွေက သူမကို နာကျင်စေဖို့ထက် သူမ ကောင်လေးကို ပိုပြီး သနားသွားခဲ့တယ် ။ ဒါပေမယ့် ကောင်လေးအလိုကျ သူမကလည်း ကောင်လေးအနားကနေ အလိုက်တသိရှောင်ဖယ်ပေးခဲ့တယ် ။

ဒီလိုနဲ့ .. ..
သူတို့နှစ်ယောက် အချိန်အတော်ကြာ အဆက်အသွယ်တွေပြတ်ခဲ့တယ် ။
( ဒါပေမယ့် တစ်ယောက်ကိုတစ်ယောက် မေ့မရနိုင်သေးတာတော့ အမှန်ပေါ့ )

သမီးရည်စား (ဟာသ)

ကိုယ်လေမင်းဆီကိုဖုန်းဆက်ရင် ရင်တွေအရမ်းခုန်တာပဲ
(အဘိုးကြီးနဲ့ တိုးမှာစိုးလို့)

ကိုယ်လေမင်းနာမည်လေးကိုခေါ်ခါနီးရင် ရင်တွေအရမ်းခုန်တာပဲ
(နာမည်မှားခေါ်မိမှာစိုးလို့)

ကိုယ်လေမင်းလက်လေးကို ကိုင်ထားရမှ လုံခြုံတယ်လို့ ခံစားရတယ်
(လက်အားနေရင် အိပ်ကပ်တွေလျှောက်နှိုက်တော့မယ်... အိပ်ထဲမှာ
ရုပ်ရှင်လက်မှတ်အဟောင်းတွေရှိတယ်)

ကိုယ်လေမင်းနှုတ်ခမ်းတွေ လှုပ်လှုပ်ရွရွ ဖြစ်လာရင် ရင်တွေအရမ်းခုန်တာပဲ
(တွေ့သမျှမုန့်သည် လျှောက်ခေါ်တော့မယ်)

ဖလပ်စောင်းလင့်တွေကို .. Download လုပ်နည်းလေးပါ.. မသိသေးသောသူများအတွက်. (အသုံးဝင်မယ်ထင်ပါတယ်)

ဟိုင်း.. .

တတ်သည့် ပညာမနေသာ ဆိုရမလား .. အခက်အခဲဆိုတာ လူတိုင်း ကြုံမြဲပါဘဲ...
မကုန်တန်း ပညာတွေကို ... တတ်သည့်သူတွေလည်း တတ် ..
မသိသေးသူတွေလည်း .. မသိသေးတာ.. မဆန်းပါဘူးဗျာ..
သူငယ်ချင်းတို့လည်း ကြားဘူးမှာပါ (ပညာဟုသည် အိုသည်မရှိ) အဲ့ထဲမှာ ကျွန်တော်လည်း မသိသေးတာတွေ တော်တော်များပါတယ်..

အခု ပို့စ်လေးကလည်း ဘယ်လောက်မှ မခက်ပါဘူးလို့လဲ ထင်ပါတယ်.. အလွယ်တကူ နည်းလေးတွေရအောင်လို့ သိသမျှလေးကို ..
ရေတတ် မရေးတတ် နားလည်အောင်တော့ ဖော်ပြလိုက်ပါတယ်..

ကဲကဲ ..
အခုက နည်းပညာရပ်လေးတစ်ခုကတော့ .. ဖလပ်စောင်းစ် သီချင်းတွေကို ..ကွန်ပျူတာနဲ့ဘဲ အလွယ်တကူ.
ဒေါင်းလော့ယူနိုင်တဲ့ နည်းလေးတစ်ခုပါ..
သူငယ်ချင်းတို့လည်း ဖတ်ရင်း တစ်ခါတည်း လိုက်လုပ်ကြည့်စေချင်ပါတယ်...နော်.. မသိသေးသူတွေအတွက်ပါ...
အောက်က ဟာသလင့် .. လေးကို နှိပ်လိုက်ပါ..
http://api.ning.com/files/QHUyJkGNi5J8L7dmblLvyPVrkgKEZaIDjRiR53*C2...
___နှိပ်ပြီးရင် .. google window အသစ်မှာ မျှားအ၀ါလေးနဲ့ ပြထားပါတယ်.. ဒီလိုပေါ်တာကိုတော့.. လူတိုင်းသိပါတယ်..

တစ်ကွက် ( ကာတွန်း) ..

ကိုးကားဖတ်ရှု့ သမျှ ရိုးသားစွာ.. ပြန်လည် မျှဝေလိုက်ပါသည်..။ လေးစားလျက် (လမင်း)




ရိုးသား ကြိုးစား .. .ရည်ရွယ်ချက်ကြီးကြီးထား ပါ..

ရိုးရိုးသားသား ကြိုးစားပါ..
ဒါပင်မဲ့.. (အ)ရင်တော့ အောက်ကျမယ်..
(န)ရင်တော့ နောက်ကျမယ်..
အရှေ့ဆက်မယ်ဆို .. နောက်က ..တွန်းအားကို ရှာပါ..
အဖြစ်မလုပ်ပါနဲ့ ..အလုပ်ဖြစ်အောင်လုပ်ပါ..
အဖြစ်လုပ်ရင်တော့ အလုပ်ဖြစ်မှာမဟုတ်ဘူး ..
အခွင့်ရေးရတုန်းလည်း တန်ဖိုးထားပါ.. ကောင်းအောင်လုပ်ပါ..
အခွင့်ရေးများများမယူပါနဲ့.. .အခွင့်အလမ်းတွေ ပိတ်သွားတတ်တယ်..
သေချာပြောပါ သေချာလုပ်ပါ...
တောင်သွားလိုက် မြောက်သွားလိုက်
ဘ၀မျိုးကို ကြိုက်တတ်ရင် ..
ဟိုမေ၇ာက် ဒီမရောက်ဖြစ်ပြီး...
ပန်းတိုင် ပျောက်နေမယ်..
ရည်ရွယ်ချက် ကြီးကြီးထားပါ

မူပိုင် (လမင်း)

♠♠..အိပ်မောကျနေတဲ့.... ငါ့ညများ.. ♠♠

ဝိုးတိုးဝါးတာ.. ညများစွာက...
ငါ့ကို. .စစ်မှန်တဲ့ ..မနက်ဖြန်ကို ခေါ်ဆောင်မသွားဘူး..

လမ်းတွေက ပျောက်...
မှောင်မိုက်တဲ့ညမှာ.. အသက်လုနီးပါ.. ပြေးလွှာနေရတာ..

နေရောင်ခြည်ရဲ့ ထိတွေမှုတွေနဲ့..
နွေးထွေးမှုတွေ.. ကင်းမဲ့တဲ့ ..အမှောင်မှာ ငါလမ်းတွေပျောက်နေတယ်..

ဒါအိမ်မက်လား.. ငါဆိုတာရော ရှိသေးလား .. သို့မဟုတ် ( )
အလားတူ. .. ကျန်တဲ့သူတွေရော..
သွားလာလှုပ်ရှားနေလား .. .

ငါ့ ခေါ်သံတွေနဲ့ .. ငါ့ အော်သံတွေ... ပဲ..
ငါ ပြန်ပြန်ကြားနေရတယ်.. ဘာသဘောတွေနဲ့ ..ရောနှောထားတဲ့ ကံကြမ္မာစိုး.ရဲ့
ဖုံးလွှမ်းမှုအောက်ကို ကျရောက်နေတာဘဲ..

ကမ္ဘာသစ်တစ်ခုရှိအုန်းမယ်ဆို.. ငါ .. ငါ... ငါ... ငါ...
နိုးထချင်ပါတယ်.. နံနက်ဖြန်များ..
 
မူပိုင် (လမင်း)

ထာဝရ ဘ၀ခရီးသည်...

ဘ၀ထဲက ခရီးသွားတစ်ယောက်ပါပဲ...
လုံးပန်းနေရတဲ့.... သူတွေကြီးပဲ..
လောက ဒဏ်ကို အရှုံးမပေးချင်တဲ့..
စိတ်ဓာတ်တွေနဲ့ ..မျှော်လင့်ချက် ပန်းတိုင်ကို .. ကိုယ်စီအရောက်လျှောက်လှမ်းကြသူတွေ...

ကံကြမ္မာ အလှည့်အပြောင်းတွေနဲ့. .
မုန်တိုင်းလည်း ထံရပါသေးတယ်..
တကယ်သိလာတဲ့ အချိန်မှာ..
ဘ၀ကို ချစ်မြတ်နိုးလာတယ်..
လက်ရှိဘ၀ကို ပိုအားကြတယ်..

အရှေ့ကိုလျှောက်လှမ်းဖို့ .. အနောက်ကိုကြည့်ပြီး
တွန်းအားစိတ်တွေ မွေးတယ်..
ဘ၀ကို ချစ်တော့
အချိန်တွေကိုလည်း ချစ်လာတယ်..
တကယ်တော့ ဘ၀ဆိုတာ အချိန်တွေပေါ်မှာ..
အမှီသဟဲ ပြုနေထိုင်နေတာကို ..

မရှိမကောင်း ရှိမကောင်းဆိုတဲ့.. (ဘယ်အရာမဆို ရှိတုန်းလေး တန်ဖိုးထားတတ်ပါ)

မရှိမကောင်း ရှိမကောင်းဆိုတဲ့...
ဆိုရိုးစကားတွေက .. မှန်တယ်ဗျ..
ထာဝရကြီး သိမ်းထားနိုင်တဲ့ ပစ္စည်းဆိုတာ မရှိပါဘူး ..
လူငယ်တစ်ယောက်ဖြစ်တော့လဲ...
ခေတ်ပေါ်နေတဲ့ လူတိုင်းခါးကြားမှ ထိုးကာထားတဲ့...
စိတ်ဝင်စရာအသံတွေနဲ့ .ပုံစံမျိုးစုံကို ... ရန်ခုန်ခဲ့တာတော့ အမှန်..
မတန် တန်လဲမသိပါဘူး ...
ဖုန်းတစ်လုံးတော့ ၀ယ်ခဲ့ပြီးပြီ အခု...

ဝယ်ပြီး တစ်ရက်.. သေသေသပ်သပ် နဲ့ ...
ချရင်တောင် အသံမကြားဘူး..
ဝယ်ပြီးနှစ်ရက်... ဂရုတစိုက်နဲ့.. ပြုစုသေးတယ်..
ဝယ်ပြီး သုံးရက်... သိပ်မကြာပါဘူး.. ၀ယ်ပြီး သုံးလကျော်..
ကျွန်တော့် ဖုန်းလဲ .. အလုပ်က တခေါ်ခေါ်နဲ့..
အိမ်ပြန်နားချိန်မှာတောင်... နောက်ဆန်မတင်ဘူး ဖြစ်နေတယ်..

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...