လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Monday, December 17, 2012

မရှိမကောင်း ရှိမကောင်းဆိုတဲ့.. (ဘယ်အရာမဆို ရှိတုန်းလေး တန်ဖိုးထားတတ်ပါ)

မရှိမကောင်း ရှိမကောင်းဆိုတဲ့...
ဆိုရိုးစကားတွေက .. မှန်တယ်ဗျ..
ထာဝရကြီး သိမ်းထားနိုင်တဲ့ ပစ္စည်းဆိုတာ မရှိပါဘူး ..
လူငယ်တစ်ယောက်ဖြစ်တော့လဲ...
ခေတ်ပေါ်နေတဲ့ လူတိုင်းခါးကြားမှ ထိုးကာထားတဲ့...
စိတ်ဝင်စရာအသံတွေနဲ့ .ပုံစံမျိုးစုံကို ... ရန်ခုန်ခဲ့တာတော့ အမှန်..
မတန် တန်လဲမသိပါဘူး ...
ဖုန်းတစ်လုံးတော့ ၀ယ်ခဲ့ပြီးပြီ အခု...

ဝယ်ပြီး တစ်ရက်.. သေသေသပ်သပ် နဲ့ ...
ချရင်တောင် အသံမကြားဘူး..
ဝယ်ပြီးနှစ်ရက်... ဂရုတစိုက်နဲ့.. ပြုစုသေးတယ်..
ဝယ်ပြီး သုံးရက်... သိပ်မကြာပါဘူး.. ၀ယ်ပြီး သုံးလကျော်..
ကျွန်တော့် ဖုန်းလဲ .. အလုပ်က တခေါ်ခေါ်နဲ့..
အိမ်ပြန်နားချိန်မှာတောင်... နောက်ဆန်မတင်ဘူး ဖြစ်နေတယ်..


ဘယ်အရာမှ မမြဲတာ သင်္ခါရပေါ့..
အစဉ်ထာဝရလဲ ..မရှိပါဘူး ...
ဒါပင်မဲ့ ..ရှိတဲ့အချိန်ထက် မရှိတဲ့အချိန်မှာ..
တန်ဘိုးဆိုတာ သိလာတယ်.. (မည်သည့်အရာမဆို)
ခဏ ခဏလဲ.... လွတ်ကျပါတယ်..
ဂွပ်.. ဂွပ်နဲ့.. အချိန်ကြာတော့ မယုယတတ်တော့ဘူး. .
အပျော်တွေ လွန်ခဲ့တဲ့ ညတွေအတွက်
ဖုန်းတောင် အလွယ်တကူ ပေါင်လိုက်တယ်..
အခုတော့ ဖုန်းခဏ ပိတ်ခိုင်းထားပါတယ်.. ပေါင်ထားလို့ပါ.
မရှိတော့ .. သတိယတယ်. တန်ဖိုးပိုထားတတ်တယ်...
ပုထုဇဉ်မို့လို့ ခံစားရ ဧကန်.. ပင်..

မရှိမကောင်း ရှိမကောင်း
(မူပိုင် /.လမင်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...