လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, February 23, 2012

လက်ကိုက်ခွေး

လက်ကိုက်ခွေး 





Honey ကို ကျုပ်မွေးတုန်းက နှစ်လသမီး..။ သူငယ်ချင်းတစ်ယောက်က ပြောတာနဲ့
ဝယ်ဖြစ်လိုက်တဲ့ St.Bernard အမျိုးအစားခွေးမလေး..။ အုန်းခွံေ၇ာင်မှာ..
လည်ပတ် အဖြူဖောက်ပြီး အမွေးရှည်မျိုးဖြစ်ပါတယ်..။ သမီး တစ်ယောက်လို
ချစ်ရတဲ့ သမီးငယ်လို့ ပြောရင်လည်း ရမယ်ထင်တာပဲ..။ ခွေးကြီးမျိုးဆိုတော့
Honey တစ်နှစ်သမီးမှာ (မတ်တတ်) ရပ်ရင် လူတစ်ရပ်ကျော်အောင်ထိ ထွားလာခဲ့ပါတယ်..။

ကျူပ်ရုံ့းပြန် ၀တ္တရားမပျက်စောင့်တယ်..။ ခြံထဲဆင်းရင် ရောက်တဲ့နေရာကနေ သခင်ဆီပြေးလာတယ်..။
ကစားရင် လက်ကို ငုံတတ်တယ်..။ တခါတလေ ကျုပ် အ၇က်နည်းနည်းအ၀င်များပြီးမူးလို့ ခပ်ပျာပျာဆီးကြိုရင်
Honey ကို ကန်တတ်တယ်..။ Honey အကန်ခံပြီး မြေပေါ်မှာ ၀ပ်နေတတ်ပါတယ်..။ တစ်ခါက သစ်ခွပင်ကို
ကိုက်ပီး ကစားလို့ စိတ်ဆိုးဆိုးနဲ့ ကျုပ် Honeyကို လိုက်ရိုက်ဖူးတယ်..။တော်တော်နာသွားပုံပဲ..။ ပြေးရင်းခြံထောင့်ကို
ရောက်တဲ့ အထိဆိုပါတော့.. ချောင်ပိတ်မိသွားပီဆိုတာ ကျုပ်သတိမထားမိလိုက်ဘူး..။

ပြေးမရတဲ့ Honey ကို ကျုပ် လေးငါးချက် ထပ်ရိုက်ဖြစ်ပြန်တယ်..။ (၀ုန်း)ဆို ကျုပ်လက်
Honey ပါးစပ်ထဲ ရောက်သွားတယ်..။ သွားပြီလို့ ထင်လိုက်ပြီး တုန်လှုပ်မှုပါ တစ်ပါးတည်း
အသိမှာ ကပ်ပါလာပါတယ်..။.Honey ကျုပ်ကို အဆုံးထိမကိုက်လိုက်ပါဘူး..။ ငုံရုံလေးပါ..။
အန္တရာယ်ကို ဟန့်တားတဲ့ သဘောပဲ..။

ကျုပ်အသိတရားတစ်ခု ချက်ချင်းရလိုက်တယ်.. ။Honey တကယ်ကိုက်ရင် ကျုပ်အသက်ပါပျောက်သွားနိုင်တယ်..။
ကိုယ် အန္တရာယ်ရှိနေတာတောင် အစာကျွေးတဲ့ သခင်လက်ကို မကိုက်ဘဲ .. Honey က ငုံရုံလေးငုံခဲ့ပါတယ်..။

ကျေးဇူးတရားဆိုတာရယ်..။ သံယောဇဉ် ဆိုတာရယ်ကို Honey မပြောတတ်ပါဘူး..။ အရေးကြုံတဲ့အခါ ပြသွားတာပါ..။
************************************************************************************
ကြိုက်ပါတယ် ပုံပြင်ကောင်းလေးတစ်ပုဒ်လိုပါဘဲ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...