လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Monday, June 16, 2014

NO SMOKING

[ No Smoking ]
Photo: [ No Smoking ] 

သင့်သူငယ်ချင်းတွေထဲ ဆေးလိပ်သောက်သုံးသူများရှိရင် ဒီသတိပေးစာလေးဝေမျှပေးလိုက်ပါ ။ 

ဆေးလိပ်သောက်ခြင်းကြောင့် Buerger ဘားဂါးလို့ခေါ်တဲ့ သွေးကြောပိတ်ဆို့တဲ့ရောဂါတစ်မျိုးဖြစ်ပြီး ခြေထောက်ဖြတ်ပစ်ရနိုင်ပါတယ် ။ 

ဒါ့အပြင် ဆေးလိပ်ထဲမှာ ပါတဲ့အဆိပ်တွေကြောင့် ပါးစပ် ကင်ဆာ အာခံတွင်းကင်ဆာ လည်မြိုကင်ဆာမှအစ အဆုတ်ကင်ဆာအထိ ဖြစ်စေနိုင်ပါတယ် ။ 

အမျိုးသမီးတွေမှာလည်း ကိုယ်ဝန်ရနိုင်ခြေနည်းပြီး အကယ်၍ မွေးလာခဲ့ရင်လည်းဆေးလိပ်မှာပါတဲ့ ဓါတုပစ္စည်းတွေကြောင့် မွေးရာပါချို့ယွင်းချက်တွေပါလာနိုင်ပါတယ် ။ 

မိမိ တစ်ဦးတည်းသာ ရောဂါခံစားယုံမျှမက မိမိချစ်ခင်ရသော ဘေးမှ မိတ်ဆွေသူငယ်ချင်း မိသားစုများကိုပါ ဆေးလိပ်ငွေ့ရှုစေသလိုဖြစ်တဲ့အတွက် 
ကျွန်တော်တို့အားလုံး ယခုကစ ဆေးလိပ်ဖြတ်ကြပါစို့လား ။ 

Let's try to stop smoking !!!

သက်တန့်ချို

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...