လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Monday, June 16, 2014

မေတ္တာ ဂရုဏာ ၀ိုင်းပါ ၀န်းပါ ကူညီပါ



ချစ်လှစွာသော မိတ်ဆွေ သူငယ်ချင်းအပေါင်းကို
နှိုးဆော် တိုက်တွန်းလို့

အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ
ကိုယ်အား ငွေအား တတ်နိုင်သမျှ

ကျွန်တော်နှင့်အတူ ပါဝင်လှူဒါန်းလိုပါက
နေပြည်တော်ရှိ သူငယ်ချင်းများကို မောင်းတီးလိုက်ပါတယ်
ဆက်သွယ်ရန် - 09-420728760

အနာဂတ်ကြယ်ပွင့်လေးများပညာရေး ဖောင်ဒေးရှင်အဖွဲ့မှ
၂၀၁၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ပြုလုပ်မည့်

မှော်ဘီမြောင်းတကာ ကျေးရွာရှိ ပုညကာရီ ဘုန်းတော်ကြီးကျောင်းတွင်
မိဘမဲ့ ကလေးသူငယ်များအား
ပညာသင် ထောက်ပံ့ကြေး ပေးအပ်လှူဒါန်းခြင်းနှင့် အခြားသော ကျောင်းသုံး စာရေး ကိရီယာများ ထောက်ပံ့ပေးခြင်းများကို ပြုလုပ်မည် ဖြစ်ပါသောကြောင့်
ဝိုင်းပါ ၀န်းပါ ကူညီပါဆိုသည့် မွန်မြတ်သော စိတ်နဲ့အညီ


အတူလက်တွေ ယှဉ်တွဲလို့
မိမိတတ်စွမ်းသလောက် ကုသိုလ်ပွားများဖို့ ဖိတ်ခေါ်တိုက်တွန်းလိုက်ပါတယ်..။

အနာဂတ်ကြယ်ပွင့်လေးများရဲ့ လှုပ်ရှားမှု report လေးပါ
ဒေါင်းလော့လုပ်၍ ကြည့်နိုင်ပါသည်..။

မှတ်ချက် /- ပါဝင်လှူဒါန်းလိုပါက ကျွန်ပ်အား မေးမြန်းစုံစမ်းနိုင်ပါသည်..။

လေးစားလျက် (အန်လ်)

အောက်က လင့်စ်ကို နှိပ်၍ ဒေါင်းလော့ လုပ်နိုင်ပါသည် .. ။

http://api.ning.com:80/files/0U8UQjwDEm*jRYX7sYhlM7daRPWEE-*y84Fv6Tzui*4d5ozotzmDwzobJEkW5BLXpmsuAwv4eRCs2gJ9oVraI1K3IHGFmkzX/futureStarsreport.pdf

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...